တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ဇွန်လ ၇ရက်က နံနက်က ထွက်ပြီးဖြစ်ရာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် ဘာသာစုံဂုဏ်ထူးထွက်သူ ယခင်နှစ်ထက်ပိုမိုခဲ့ပြီး ရန်ကုန်တိုင်းတွင် နှစ်ဆပိုမိုခဲ့သည်ဟု အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က မဇ္ဈိမကို ပြောသည်။
"ဒီနှစ် All D(ဘာသာစုံဂုဏ်ထူး)ကတော့ နှစ်ဆတက်လာတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ၁ဒသမ ၇၄ ရာခိုင်နှုန်း တက်လာတယ်"ဟု ဒေါ်ဆွေဆွေလဲ့က ပြောသည်။
ရန်ကုန်တိုင်းတွင် ယခင်နှစ်က ဘာသာစုံဂုဏ်ထူးပါသူ ၁၉၇ဦးသာ ရှိသော်လည်း ယခုနှစ်တွင် ၄၁၇ဦး ထွက်ရှိခြင်း ဖြစ်သည်။ ငါးဘာသာဂုဏ်ထူးရှင်မှာ ၇ဝ၁ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၂၈၈ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၂၂၉ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၅၈၈ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၉၁၁ဦး ရှိသည်ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မန္တလေးတိုင်းတွင်မူ ဂုဏ်ထူးရရှိသူဦးရေ တက်လာသော်လည်း အောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် ငါးရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မန္တလေးတိုင်း ပညာရေးမှူးက ပြောသည်။
အောင်ချက်ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းတွင် ၃၆ဒသမဝ၇ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၂၄ဒသမ ၄ဝရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၄၇ဒသမ ၁၃ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄၄ဒသမ ၈၆ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင် ၃၁ဒသမ ဝ၁ရာခိုင်နှုန်း တို့ဖြစ်သည်။
မန္တလေးတိုင်းအတွင်း ဘာသာစုံဂုဏ်ထူးအများဆုံးထွက်သည့် မြို့နယ်မှာ ချမ်းအေးသာစံမြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၃၅)ဦး၊ ငါးဘာသာဂုဏ်ထူး(၈၆)ဦးထွက်ပေါ်ခဲ့ပြီး တစ်တိုင်းလုံးတွင် ဂုဏ်ထူးရရှိသူဦးရေမှာ (၆၁၄၅)ဦး တိတိ ရှိသည့်အနက် ရူပဗေဒဘာသာရပ်တွင် အများဆုံး ဂုဏ်ထူးရရှိခဲ့ရာ (၇၂၇)ဦးရှိသည်။
---မဇ္ဈိမ---
Sunday, June 8, 2014
Saturday, May 24, 2014
ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် စတင်ကျင်းပ
ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် စတင်ကျင်းပ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ မေလ ၂၂ ရက်နေ့က ပထမဆုံး အကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် Tai Youth Forum ကျင်းပစဉ်
Photo: Kyaw Myo Min/RFA
ရှမ်းလူငယ် တစ်ရာကျော် တက်ရောက်နေတဲ့ ပထမဆုံး အကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ် Tai Youth Forum ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာ သီရိရပ်ကွက်က ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။
ရှမ်းလူငယ်ဖိုရမ် ကျင်းပတဲ့ ရည်ရွယ်ချက်ကို ရှမ်းလူငယ်တစ်ဦးဖြစ်တဲ့ ကိုစိုင်းကျော်ဦးက ဒီနေ့အခမ်းအနားမှာ အခုလို ပြောပါတယ်။
"ကျနော်တို့ ရှမ်းလူငယ် စွမ်းရည်မြှင့်တင်ရေးနှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသားရေး လုပ်ငန်းကို စည်းလုံးညီညွှတ်စွာ ဆောင်ရွက်တတ်ရန်၊ လူကြီးတွေရဲ့ တာဝန်တွေကို ကျနော်တို့ လူငယ်မှ မျှဝေခံစားတတ်ရန် ဖြစ်ပါတယ်"
၃ရက်ကြာ ကျင်းပမယ့် ရှမ်းလူငယ်ဖိုရမ်မှာ ပညာရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ အကြောင်းအရာတွေကို တက်ရောက်လာတဲ့ လူငယ်တွေက ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ရှမ်းစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ၊ ၀ိုင်းမော်မြို့နယ်က ၀ါးရှောင်ဆရာတော်တို့က အမှာစကားပြောကြားခဲ့ပါတယ်။
RFA

Subscribe to:
Posts (Atom)