Saturday, March 31, 2012

ထိုင်းရောက်မြန်မာက ထိုင်းရောက်မြန်မာကို

ထိုင်းရောက်မြန်မာက ထိုင်းရောက်မြန်မာကို
တွန်းလှည်း
ပစ္စည်းနည်းနည်း သယ်ဖို့ ဆင်ပလောငှား ရင် ၂၀၀ ဘတ်ပေးရမယ်။ အနီးနားက တွန်းလှည်းရှာပြီး ကိုယ်တိုင်အငှားလုပ်လိုက်တော့တယ်။ လမ်းထိပ်ကိုရောက်တော့ နောက်က ဟွန်းတီးသံ (တီ…..တီ……..တီ…..) ဆက်တိုက်ထွက်လာတယ်။ဘေးကပ်ပေးပါတယ်။ (ရေမြောင်းအပေါက်ကြီး ကရှိနေတော့ ကပ်မရတော့ဘူး……) လို့ ကြားအောင် အသံကုန်အော်မိတယ်။ဟွန်းတီးတဲ့ ကားက အခဲမကြေဆိုတဲ့သဘောနဲ့ ရှေ့ကိုကျော်တက်ကာ ပိတ်ရပ်လိုက်ပြီး ကားပေါ်က တုတ်တစ်ချောင်း ကိုင် ဆင်းလာပြီး လှည်းတွန်းသူကို ရှမ်းသံမာမာနဲ့ဆဲဆိုပြီးရိုက်တော့တယ်။လူတွေအော်ဟစ်တောင်းပန်ဆွဲငင်ကြမှ  ရပ်တော့တယ်။ ခေါင်းလည်းကွဲ လက်လည်းကျိုး ကျောမှာလည်းဒဏ်ရာတွေနဲ့ မိန်းမကြီးတစ်ယောက်က ရိုက်တဲ့ သူ မိဘတွေနဲ့ သူသိတယ်တဲ့အဖေရောအမေပါ မြန်မာ သူကိုယ်တိုင်ကလည်း မြန်မာမှာ မွေးပြီးထိုင်းမှာကြီးတဲ့ ရှမ်းစိတ်ပေါက်တဲ့ဟာတဲ့
 
ဆွဲကြိုး
ပန်းထိမ်ဆရာမိန်းမချောချောလေး ရွှေဆွဲကြိုးကြီး လှလှဆွဲပြီး နေစဉ်လိုလိုချန်ပီယံရုံဘက်က သူ့သူငယ်ချင်းဆီကို အလည်သွားနေတယ် ဒီနေ့လည်း ဘီးကလေးတစ်စီးနဲ့သွားပြန်ပြီ သူ့နောက်က ဆယ်ဘီးကားတစ်စီး ကပ်လာနေတေလမ်းကလည်းကျဉ်းကျဉ်း ဆက်မစီးရဲတော့ဘဲ လမ်းဘေးကပ်ရပ်ကာ ဘီးပေါ်ကအလျင်အမြန် ဆင်းလိုက်တော့တယ် ကားကြီးက အဝေးကို ရောက်သွားပေမယ့် ဒီအတိုင်းပဲ ဘီးကို ဆက်တွန်းနေမိတယ် လူတစ်ယောက်ထွက်လာတယ် ဒီလူကို ဒီနေရာမှာ နေ့တိုင်းတွေ့နေကျ ဈေးဆိုင်နားအိမ်က မြန်မာလူမျိုး ကြောက်စရာမလို အနီးကိုရောက်လာတယ် နှုတ်ဆက်မလိုလို တစ်စုံတစ်ခု ပြောမလိုလိုနဲ့ လက်တကမ်းလောက်အရောက်မှာ ဆွဲကြိုးကိုဖြတ်ပြီး အသင့်ရပ်ထားတဲ့ ဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်သွားပါသည်။လာကြပါဦးရှင် တို့ရယ် ကျမဆွဲကြိုးကို ဖြတ်ပြေးသွားလို့ပါလို့ အသံကုန်အော်ပေမယ့် ဘယ်သူမှ ပေါ်မလာ လူပြတ်တဲ့နေရာ လူပြတ်တဲ့အချိန် ဘယ်လိုလုပ်ရမလဲ အိမ်ကိုဖုန်းဆက်လိုက်တယ်။ ပန်းထိမ်ဆရာ ဆိုင်ကယ်တစီးနဲ့ ရောက်လာတယ်။ အခြားတစ်ဦးလည်းပါလာသေးတယ်။ ကြိုးဖြတ်ပြေးတဲ့ သူနောက်ကို လိုက်သွားကြတယ်။ ကြာမှလိုက်သွားကြရတော့ ဘယ်မှီပါ့မလဲ။ ဒီအတိုင်းပဲ ပြန်လာကြရတယ်။ (ဆွဲကြိုးက တစ်ကျပ်ခွဲသား) ကာလပေါက်ဈေးနဲ့ မသေး။ အိမ်ရောက်ရောက်ခြင်း ဆွဲကြိုးဖြတ်ပေးသူရဲ့ အမည် လိပ်စာတို့ကို လေ့လာပြီး တိုင်ကြားလိုက်တယ်။ မျက်မြင်သက်သေမရှိလေတော့ ဘာမှ လုပ်မရ။ ဖြတ်သူက ဒီအကွက်မြင်လို့ ပိုင်ပိုင်ကြီး လှုပ်ရှားလိုက်ပုံပဲ။
 
ကုန်တိုက်
မဲဆောက်မြို့ လူစည်ကားတဲ့နေရာ လှပခန့်ညားတဲ့ ကုန်တိုက်ကြီးထဲ ချောမောလှပတဲ့ မြန်မာအရောင်းစာရေးမလေးတွေ တာဝန်ကိုယ်စီနဲ့ အလုပ်ရှပ်နေကြတယ်။ မရောင်မလည်နဲ့ ရောက်ခါစ ဆရာအသစ်နှစ်ဦး ဟိုကြည့် ဒီကြည့်နဲ့ ကုန်တိုက်ကြီးရဲ့ ခေတ်မှီခန့်ညားပုံကို ကြည့်မ၀ ရှုမ၀ကြ။ စာရေးမတွေရဲ့အလှနဲ့ ခန့်ညားတဲ့ကုန်တိုက်ကြီးနဲ့ လိုက်ဖတ်တယ်လို့ မှတ်ချက်ချနေကြတယ်။ ၀ယ်ပြီးတဲ့ပစ္စည်းတွေကို ကောင်တာစာရေးမစီမှာ ကြသလောက်ရှင်းလိုက်တယ်။ ကျောင်းကိုရောက်တော့မှ ဘောင်ချာကိုသတိရပြီး၊ စစ်ဆေးကြည့်လိုက်တော့ ပစ္စည်းတစ်ခုချင်းစာရင်းကတော့ ဖြစ်နိုင်လောက်တယ်။ (Total) မှာ ၁၂၀ ဘတ် ကွာနေတယ်။ ဘာပစ္စည်းမှမ၀ယ်ပဲနဲ့ ငွေ ၁၂၀ ဘတ် အသလွတ်ထည့်ထားသလိုဖြစ်နေတယ်။ ၀ယ်နေကြလူတွေက ပြောတယ်။ ဒီကုန်တိုက်က ကလေးမတွေဟာ ဒီလိုပဲတဲ့။ ဆရာလေးတို့လို ရောက်ခါစ မလည်မ၀ယ်တွေကို ပိုပြီးရိုက်တတ်တယ်တဲ့။
 
လူပွဲစား
မဲဆောက်ရောက်တာလောက်နဲ့ မရောင့်ရဲကြ၊ ဘန်ကောက်သွားပြီး အလုပ်လုပ်ချင်ကြ သေးတယ်။ ပိုက်ဆံမတတ်နိုင် တောလမ်းက မှောင်ခိုပဲ သွားရတော့မယ်။ - ယောက် ရအောင်စု ဆိုလို့ - ယောက်စုလိုက်တယ်။ ၁၆ ရက်နေ့ ပို့မယ်ပြောလို့ သွားကြည့်တော့ ၂၁ ရက်နေ့ ပြန်ချိန်းတယ်။ ၂၁ ရက်ဆို ကျိန်းသေတယ်တဲ့။ အဖွဲ့သားအားလုံး ပျော်မဆုံး မော်မဆုံး လုပ်စရာ၊ ၀ယ်စရာ၊ ပြင်ဆင်စရာတွေကို ကမန်းကတန်းဝယ်ကြ၊ ပြင်ကြ၊ နှုတ်ဆက်ကြ၊ ပျော်ရတာလေးကိုက မိုးအေးအေးထဲမှာ အရသာတမျိုး ဘန်ကောက်ရောက်မှပဲ သူတို့ဘ၀လေးတွေ ပြေလည်ကြမယ်ထင်တယ်လေ။ ကားကလေးက စအို၊ ၃၅၊ ၄၂၊ ၄၈ တို့ကို ကျော်ဖြတ်ပြီး လူသူမနီးတဲ့တောင်ပေါ်လမ်းတနေရာအရောက်မှာ ပျော်ခဲ့တာတွေအားလုံး မိုးရေအေးအေးအဖြစ်က သွေးပူပူအသွင်သို့ ပြောင်းလဲဆီးသွားရပါပြီ။ အဖွဲ့သားအားလုံးကို လောဘရမ္မက်ဆိုး ဆူပွတ်နေကြသူတွေရဲ့ ပစ်ခတ်ခြင်းကို ခံလိုက်ရပါသည်။ ဒီသတင်းဆိုးဟာ ထိုင်းနိုင်ငံအတွင်း အပြင်တွေကို တမုဟုတ်ခြင်း ပျံ့နှံ့သွားပါပြီ။ သတ်ဖြတ်သူတွေကို စီစစ်လိုက်တော့ မြန်မာနိုင်ငံက ထိုင်းနိုင်ငံကိုရောက် ထိုင်းနိုင်ငံမှာမွေး၊ ထိုင်းမှာကြီးပြင်းကြရတဲ့ မြန်မာတိုင်းရင်းသားအစစ်တွေပါပဲ။
 
အောက်စက်တစ်လုံး
အောက်စက်က ရုပ်ထွက်ကောင်းတယ်။ အသံက လုံးပြီး မကြည်ဖြစ်နေတာ နှစ်ရက်ရှိပြီ။ လမ်းထိပ်ထွက်တော့ တီဗွီပြင်ဆရာနဲ့ သွားတိုးတယ်။ ကြည့်ပေးဖို့ ခေါ်လာတယ်။ စမ်းသပ်ကြည့်တယ်။ အိုင်စီ နှစ်လုံး ကျွမ်းသွားတယ်ဆိုပဲ။ တခြားဟာတွေလည်း လဲရဦးမယ်။ ပစ္စည်းဝယ်ဖို့ ဘတ် ၃၀၀ ပေးရမယ် ဆိုတော့ ကိုယ့်လူမျိုးအချင်းချင်း မဟုတ်တာပြောမှာမဟုတ် လွယ်လွယ်ပေးလိုက်မိတယ်။ နှစ်ရက်လောက်စောင့် သူ့အိမ်မှာပြင်မယ်ဆိုပြီး ယူသွားတာ  ရက်ကြာမှ ပြန်ပေါ်လာတယ်။ အပေါ်ဆက်နဲ့ ထည့်ပြီး စမ်းသပ်ပြတယ်။ အသံမလုံးတော့ဘူး။ ကောင်းနေတယ်။ နောက်ထပ်ပြင်ခဆိုပြီး ၁၀၀ ဘတ်တောင်းတော့ ကောင်းနေပြီးပဲဆိုပြီး။ ပေးလိုက်ပြန်တယ်။ တစ်ညပဲ ကောင်းကောင်းကြည့်လိုက်ရတယ်။ အသံလုံးဝမထွက်တော့ဘူး။ ကလေးတွေနဲ့ မိန်းမ စိတ်ချမ်းသာရင်ပြီးရောဆိုပြီး အကုန်ခံလိုက်တာပါလို့ သူငယ်ချင်းကို ပြောပြမိတယ်။ သူငယ်ချင်းကမင်းကွာ ကိုဥာဏ်ဆိုင်မှာ ၅၅၀ ဘတ်ဆိုရင် အသစ်ပါကင် တစ်နှစ်အာမခံတောင်ရသေးတယ်။ အခုပြင်ခက အောက်စက်တစ်လုံးဖိုးကုန်နေပြီး။ ပြင်လို့လဲ ကောင်းလာတာမဟုတ်ဘူးဆိုရင် အရပ်တကာတို့ရယ် နားထောင်လို့ ကောင်းကြသေးရဲ့လားတဲ့၊
 
ပီမိုင်နေ့က ပွဲ
နာမည်ကြီးစက်ရုံတစ်ရုံမှာ ပီမိုင်နေ့အတွက် စက်ရုံက ကလေးမတွေ အကတိုက်ဖို့ အောက်စက်ကောင်းကောင်းမရှိ အစ်ကိုဝမ်းခွဲအောက်စက်ကိုငှားပြီး တိုက်ကြတာ အဆင်ပြေတယ်။ တစ်ပတ်လောက်ကြာနေပြီ၊ အားနာဖို့ကောင်းနေတယ်။ ပြန်ပေးရမယ်။ ဒီညနေ လာမယ်လို့ အကြောင်းကြားထားတယ်။ စောင့်နေတာ မိုးချုပ်ပြီ၊ အခုထိ ပေါ်မလာသေး အစောင့်ယမ်းတွေက အခုချိန်မျိုးမှာ မူးပြီး ရမ်းကားချင်တိုင်း ရမ်းကားကြတယ်။ အကိုတို့အလုပ် ကလည်း မိုးချုပ်မှ အားတယ်ဆိုတော့ ဒုက္ခပဲ ဟိုမှာ ယမ်းတွေ လူတစ်ယောက်ကို ၀ိုင်းပြီးရိုက်နေ ကြတယ်။ တစ်ယောက်က ထွက်ပြေးသွားပြီး၊ ကျန်လူကို ၀ိုင်းပြီးရိုက်နေကြတယ်။ လဲသွားပြီ၊ အသက်မရှိတော့ဘူး ထင်တယ်။ အပြေးနဲ့သွားကြည့်တော့ သူ့မောင်ဝမ်းခွဲဖြစ်နေတယ်။ကယ်ကြပါဦးရှင်၊ ကယ်ကြပါဦး…” အသံကြားရာကို လိုက်လာတော့ စက်ရုံထဲကို အ၀င်မြန်လိုက် လို့ အသက်ဘေးပါ လွတ်သွားတယ်။ စက်ရုံထဲက လူတွေနဲ့ ပြန်ပြီးသွားကြည့်ကြတော့ အလောင်း ကိုလည်း မတွေ့တော့ဘူး။ ယမ်းတွေလည်း မရှိကြတော့ဘူး။ အလုပ်သမားတွေက သတ်တဲ့ယမ်း ကို ထုတ်ပေးဖို့ အလောင်းကိုပေးဖို့ တောင်းဆိုကြတယ်။ မပေးတော့ အလုပ်သမား တွေက ဆန္ဒပြကြတော့တယ်။ စက်ရုံကို မီးရှို့၊ သူဌေးကားကို ဖျက်ဆီးကြတဲ့အထိ ဖြစ်ကုန်တယ်။ ဒီကိစ္စနဲ့ မြန်မာအလုပ်သမား ရာပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရတယ်။ ဒီကိစ္စရဲ့ အဓိကတရားခံ ယမ်းဟာ မြန်မာပြည်ဖွားဆိုတာကို နောက်မှ ကောင်းကောင်းကြီး သိကြရတယ်။
 
ကန်ထရိုက်
ကျော်ထင်လုပ်ရင် သူဌေးလဲ ကြိုက်၊ သူ့အတွက်လည်း ကျန်အောင်လုပ်တတ်တယ်။ နောက်လူ အတွက် မစဉ်းစား အခုလည်း အလျား ၆၀x အနံ ၂၆”  အဆောက်အအုံမှာ သူများတွေဆောက် ရင် ခန်းပဲ ရမယ်။ သူထွက်လုပ်လိုက်တော့ ၁၂ ခန်း သူဌေးအတွက်ရော ကိုယ့်အတွက်ပါ အကြိုးမမြတ်ဘူးလား။ သူ့လုပ်ပုံက အဆောက်အအုံက ကျယ် လမ်းယူပြီး အိမ်ကို ဒေါင့်ဖြတ် လိုက်တယ်။ တဖက်က ခန်း၊ နှစ်ဖက်မှာ ၁၁” x ၁၀အရွယ် အခန်း ၁၂ ခန်း တစ်ခန်းစီရဲ့ ဧရိယာ ၁၁၀” Ft² ရဲ့ အထဲမှာ ” x ” = ၂၅ Ft² အိမ်သာရေချိုးခန်းတစ်ခုရဲ့ နေရာကိုဖယ် လိုက်ရင် ကန်တဲ့ ၈၅”Ft² မှာ မိသားတစ်စု အချုပ်ခန်းမှာလို အိမ်သာကို ခေါင်းအုံးပြီး အိပ်နေ ကြရတယ်။ ပြတင်းပေါက်သေးသေး တစ်ခု။ ရှေ့က ၀င်ပေါက်တစ်ခုသာ ရှိတယ်။ အချုပ်ခန်းထက် ဆိုးနေတယ်။ ကျန်းမာရေး၊ လူမှုရေး၊ ဥာဏ်ရည်ဘယ်လောက်ဆုံးရှုံးသလဲ။ တကယ်အတည့် အကြလုပ်ရင် ဒီအိမ်မျိုး ဆောက်ခွင့်မရှိဆိုတာ ကျော်ထင်သိပါလေစ၊ အမိုးက နိမ့်လေတော့ အလင်းရောင်ကောင်းကောင်းမရ လေ၀င်လေထွက် ကောင်းကောင်းမရှိ အသက်ရှုမ၀ နွေဖက် ဆိုရင် ဦးသုမင်္ဂလ စကားနဲ့ပြောရရင် ဒယ်အိုးနဲ့တူနေတယ်။ မြန်မာတွေနေဖို့ မြန်မာတွေကို ငှားစားဖို့ အခုလို တမင်လုပ်တယ်လို့ ပြောချင်တယ်။
မောင်ကျော်ဖိုး

No comments:

Post a Comment