Saturday, March 31, 2012

ကျန်းမာရေး ဆိုင်ရာ အတို အထွာများ

ဗီတာမင်ဒီ သည် ရင်သား ကင်ဆာ ထိန်းချုပ်ရေး ကို အကူအညီပေး
လေ့လာချက် တစ်ရပ်အရ ဗီတာမင် ဒီ ပမာဏ နည်းပါးစွာ ရှိနေသော ရင်သားကင်ဆာ ဝေဒနာရှင် များသည် သေဖို့ ပိုမိုနည်းစပ် ကြောင်းနှင့် ဗီတာမင်ဒီ လုံလောက်စွာ ရရှိထားသော ဝေဒနာရှင် များထက် မရရှိသော ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပိုမို ပြန့်ပွားနိုင်ကြောင်း တွေ့ရှိချက်ကို အခြေပြု၍ ဖော်ထုတ် ခဲ့ကြသည်။ သက်သေခံ တွေ့ရှိချက်များ ကို ထည့်သွင်း ဖော်ပြရလျှင် နေရောင်ခြည် ဗီတာမင်သည် ကင်ဆာ ရောဂါကို တိုက်ဖျက် နိုင်သည့် အကျိုး ကျေးဇူးရှိကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ပထမဆုံး အကြိမ် ထို လေ့လာမှု တွင် ပါဝင်သော အမျိုးသမီး ၂၄ ရာခိုင်နှုန်း ၏ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပျံ့နှံ့ရန် အလားအလာ မှာ လာမည့် ၁၀ နှစ်အတွင်း နှစ်ကြိမ်ပိုမို နီးစပ်ပြီး ၇၃ ရာခိုင်နှုန်း သော ဝေဒနာရှင် များမှာ ထိုရောဂါဖြင့် သေရန် ပိုမိုနီး စပ်ကြောင်း တွေ့ရှိခဲ့ ကြသည်။ တိုရန်တိုရှိ မောင့်ဆီနိုင်း ဆေးရုံမှ ဒေါက်တာ ပါမီလာ ဂေါ်ဒွင်က ထိုတွေ့ရှိချက် များအရ အတော်လေး ကြီးကြီးမားမား ကွာခြားချက် တွေ ရှိနေကြောင်း ၊ ယင်းသည် ပထမဆုံး အကြိမ် ဗီတာမင်ဒီ နှင့် စပ်လျဉ်း၍ ရင်သားကင်ဆာ အလား အလာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ပြောကြား ခဲ့သည်။

ဗီတာမင်ဒီ သည် ရင်သား ကင်ဆာ ထိန်းချုပ်ရေး ကို အကူအညီပေး
လေ့လာချက် တစ်ရပ်အရ ဗီတာမင် ဒီ ပမာဏ နည်းပါးစွာ ရှိနေသော ရင်သားကင်ဆာ ဝေဒနာရှင် များသည် သေဖို့ ပိုမိုနည်းစပ် ကြောင်းနှင့် ဗီတာမင်ဒီ လုံလောက်စွာ ရရှိထားသော ဝေဒနာရှင် များထက် မရရှိသော ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပိုမို ပြန့်ပွားနိုင်ကြောင်း တွေ့ရှိချက်ကို အခြေပြု၍ ဖော်ထုတ် ခဲ့ကြသည်။ သက်သေခံ တွေ့ရှိချက်များ ကို ထည့်သွင်း ဖော်ပြရလျှင် နေရောင်ခြည် ဗီတာမင်သည် ကင်ဆာ ရောဂါကို တိုက်ဖျက် နိုင်သည့် အကျိုး ကျေးဇူးရှိကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ပထမဆုံး အကြိမ် ထို လေ့လာမှု တွင် ပါဝင်သော အမျိုးသမီး ၂၄ ရာခိုင်နှုန်း ၏ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပျံ့နှံ့ရန် အလားအလာ မှာ လာမည့် ၁၀ နှစ်အတွင်း နှစ်ကြိမ်ပိုမို နီးစပ်ပြီး ၇၃ ရာခိုင်နှုန်း သော ဝေဒနာရှင် များမှာ ထိုရောဂါဖြင့် သေရန် ပိုမိုနီး စပ်ကြောင်း တွေ့ရှိခဲ့ ကြသည်။ တိုရန်တိုရှိ မောင့်ဆီနိုင်း ဆေးရုံမှ ဒေါက်တာ ပါမီလာ ဂေါ်ဒွင်က ထိုတွေ့ရှိချက် များအရ အတော်လေး ကြီးကြီးမားမား ကွာခြားချက် တွေ ရှိနေကြောင်း ၊ ယင်းသည် ပထမဆုံး အကြိမ် ဗီတာမင်ဒီ နှင့် စပ်လျဉ်း၍ ရင်သားကင်ဆာ အလား အလာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ပြောကြား ခဲ့သည်။

အရပ်ရှည်စေဖို့ လိုအပ်သော အားဖြည့်ဓါတ်များ
အရပ်ရှည်စေဖို့ ခန္ဓာကိုယ် ထွားကျိုင်းသန်မာစေဖို့ရာ အတွက် အာဟာရဟာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ် ။
အရပ်ရှည်စေဖို့ ရာ အတွက် အသားဓါတ် ၊ အိုင်အိုဒင်း ၊ ကယ်လ်စီယမ် ၊ ဖော့စ်ဖရပ်စ် နဲ့ သံဓါတ်ပါ တဲ့ အာဟာရ တွေ ကောင်းစွာ မှီဝဲ သင့်ပါတယ် ။
အရပ်ရှည်စေသာ အသားဓါတ်
အသားဓါတ်ကို ငါး ၊ ဥ အမျိုးမျိုး ၊ နို့ ၊ အသား ၊ ဒိန်ခဲ ၊ အခြောက်အခြမ်း ပြုလုပ်ထားတဲ့ ပဲ အမျိုးမျိုး ၊ မြေပဲ ၊ ပဲကြီးစေ့ ၊ ပဲတီစိမ်း နဲ့ သီဟိုဠ်စေ့ စတာတွေက နေအဓိက ရရှိပါတယ် ။
အရပ်ရှည်စေသော အိုင်အိုဒင်းဓါတ်
အိုင်ဒိုဒင်း ဓါတ်ကို ခရမ်းချဉ်သီး ၊ အစိမ်းရောင်ပဲ ၊ ငါးနဲ့အိုင်အိုဒင်း ဆား စတာတွေက နေ ရရှိနိုင်ပြီး အိုင်အိုဒင်း ဟာ သိုင်းရွိုက် ဂလင်းကို သန်မာစေကာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးရာမှာ အထောက်အပံ့ ပေးပါတယ် ။
အရပ်ရှည်စေသော ကယ်လ်စီယမ်ဓါတ်
ကယ်လ်စီယမ် ဓါတ်ချို့တဲ့ရင် အရိုးတွေ ကြီးထွားမှုကို အားနည်းချို့တဲ့စေပါတယ် ။ ကယ်လ်စီယမ်ကို အစားအစာတွေကနေ အလုံအလောက် မရရင် တခြား အားဖြည့်ဆေးတွေကနေ ရယူနိုင်ပါတယ် ။ ကယ်လ်စီယမ် ဟာ နို့ ၊ ဒိန်ခဲ နဲ့ ပန်းဂေါ်ဖီ ကနေ အဓိက ရနိုင်ပြီး အရိုးအဆစ်သန်မာ ရေးအတွက် အများကြီး အရေးပါပါတယ် ။
အရပ်ရှည်စေသော ဖော့စ်ဖရပ်စ်
ဖော့်စ်ဖရပ်စ် ကို ဂျုံ ၊ နို့ ၊ အသား ၊ ပဲ များနဲ့ အသီးအနှံတွေ ကနေအဓိက ရနိုင်ပြီး အရိုးအဆစ် ဖွံ့ဖြိုး ကြီးထွား ရေးအတွက် လိုအပ်ပါတယ် ။
အရပ်ရှည်စေသော သံဓါတ်
သံဓါတ်ကို အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေ ၊ ဥအမျိုးမျိုး ၊ အာလူးနဲ့ အသားတွေကနေ အဓိက ရရှိနိုင်ပါတယ် ။ ပဲ အမျိုးမျိုး ကို လှော်တဲ့အခါ သံ နဲ့ လုပ်ထားတဲ့ ဒယ်အိုး ထဲမှာ ထည့်လှော်ပြီး စားသုံးပေးရင်လည်း ခန္ဓာကိုယ် အတွက် သံဓါတ် အထောက် အပံ့ပေးနိုင်ပါတယ် ။
တခါတရံသာ ဆေးလိပ်သောက် တာဟာလည်း ကျန်းမာရေး ကို ထိခိုက်နိုင်
သင်ဟာ ဆေးလိပ်စွဲ နေသူ မဟုတ်ဘဲ တခါတရံ လောက်သာ ဆေးလိပ် သောက်တတ်လို့ ကျန်းမာရေး ကို မထိခိုက်ဘူးလို့ မထင်လိုက်ပါနဲ့ ။
လေ့လာမှု အသစ်တွေ အရ တခါတရံ ဆေးလိပ်သောက်တာ ဟာလည်း   နှလုံးရောဂါ ဖြစ်စေနိုင်တဲ့   သွေးကြော လုပ်ဆောင်ချက်တွေ ပျက်စီးစေနိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ် ။
သုတေသန ပြုသူတွေက ကျန်းမာရေး ကောင်းတဲ့ တက္ကသိုလ် ကျောင်းသား ၁၈ ဦးကို လေ့လာခဲ့ ပါတယ်။ ထိုသူတွေ ထဲမှာ တစ်ဝက်ခန့် ဟာ ဆေးလိပ် မသောက်သူ တွေဖြစ်ပြီး ကျန်တစ်ဝက်ဟာ တစ်ခါတစ်ရံ ဆေးလိပ်သောက်ပြီး တစ်ပတ်ကို တစ်ဘူး ထက်နည်း
သောက်ကာ ဆေးစစ်မှု မလုပ်ခင် ၂ ရက် အလိုမှာ ဆေးလိပ် မသောက်ထား သူတွေ ဖြစ်ပါတယ်။ တခါတရံ ဆေးလိပ်သောက်သူ တွေရဲ့ သွေးကြောတွေ ဟာ ဆေးလိပ် မသောက်သူ တွေထက် ၃၆ ရာခိုင်နှုန်း လျော့ပြီး သွေးစီးဆင်းမှု ပြောင်းလဲတာကို တွေ့ရှိခဲ့ပါတယ် ။ တခါတရံ
ဆေးလိပ်သောက်သူ တွေကို ဆေးလိပ် ၂ လိပ်စီ သောက်ခိုင်းပြီး ပြန်စစ်ကြည့်ရာ ဆေးလိပ် မသောက်သူတွေ ထက် သွေးစီးဆင်းမှု နောက်ထပ် ၂၄ ရာခိုင်နှုန်း ပိုလျော့သွား ကိုတွေ့ရှိ ခဲ့ပါတယ်။
ဒါကြောင့် တခါတရံ ဆေးလိပ် သောက်တာဟာလည်း နှလုံးသွေးကြော ကိုထိခိုက် နိုင်တယ်လို့ သုတေသီ တွေက ကောက်ချက်ချပါတယ် ။
ကိုယ်ဝန်ဆောင် ကာလ ခေါင်းကိုက် သက်သာစေရန်
- အိပ်ရေး၀၀ အိပ်ပါ။ အချိန်တော်တော် များများကို သက်သောင့်သက်သာ ရှိနေပါစေ ။
- ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာ နှင့် မုန့်ပဲ သရေစာ များကို ပုံမှန်စားသောက်ပါ။ သွေးတွင်း သကြားဓါတ် နည်းပါက ခေါင်းကိုက်ရောဂါ ဖြစ်စေတတ်သည်။
- အရည်များများ သောက်ပေးပါ။
- ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ပေးပါ။
- ခေါင်းကိုက် ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးရန် အထောက်အကူ ပြုသည့် အနေဖြင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ပါ။
- ကိုယ်နေအဟန် အတားကို စနစ်တကျ ရှိပါစေ။
- ကဖင်းဓာတ် စားသုံးမှုကို စိစစ်ပါ။ သို့သော် ကဖင်း ဓါတ်အားလုံးကို စားသောက်ခြင်းမှ ရုတ်ချည်း မရပ်ပါနှင့် ။ ကဖင်းဓါတ် စားသောက်ခြင်း
သည် ခေါင်းကိုက် ရောဂါ ပျောက်ကင်းမှု အကြောင်းရင်းလည်း ဖြစ်စေ တတ်ပါသည် ။
သင့်နှလုံးကို စောင့်ရှောက်ပါ
နှလုံးကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ပါက ဘ၀ တလျှောက်လုံး အကြိမ်ပေါင်း ၂.၅ သန်း ခန့် နှလုံးခုန် ပါလိမ့်မယ်။ သင့်နှလုံး ကျန်းမာ ဖို့ရာ အတွက် အောက်ပါ ဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးပါ ။
မီးဖိုချောင်ထဲမှာ
- သံလွင်ဆီ ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် ၊ ကောက်နှံ တစ်ခုလုံး ၊ အခွံမာသီး ၊ အသီးအနှံ ၊ ငါး ၊ ၀ိုင်နီ နဲ့ ခရမ်းခဉ်သီး တွေ ပါဝင်တဲ့ မြေထဲ ပင်လယ် အစားအစာတွေ ကိုစားပါ ။
- ခရိုမီယမ် ပါဝင်တဲ့ မာတီ ဗီတာမင် ဆေးပြား တစ်ပြား မှီဝဲပါ။
- အိုမီဂါ သရီး ဖက်တီး အက်ဆစ် ပါဝင်တဲ့ ဆယ်လ် မွန်ငါး ချက်စားပါ ။
အားကစာခန်းမ ( Gym ) မှာ
- နေ့စဉ် အနည်းဆုံး ၁၀ မိနစ် အားကစား ပြုလုပ်ပါ ။ ၃၀ - ၆၀ မိနစ် အထိ တိုးပြီး အားကစား လုပ်နိုင်အောင် ကြိုးစားပါ။
- နှလုံးသွေး လည်ပတ်မှု လုပ်ငန်းကောင်း မွန်အောင် ပြင်းထန်တဲ့ လှုပ်ရှားမှု တွေကို အချိန်တိုတိုပဲ ပြုလုပ်ပါ။
- ခန္ဓာကိုယ် ထုထည် အညွှန်းကိန်း ( BMI ) ကို ၁၈.၅ နဲပ ၂၄.၉ ကြား ပဲ ထိန်းသိမ်းထားပါ ။ ခါးအတိုင်း အတာ ၃၅ လက်မ အောက်ရှိ ပါစေ ။
ဆေးခန်းမှာ
- သွေးတွင်း ကိုလက်စထရော ပမာဏကို စစ်ဆေးပါ ။
- CRP စမ်းသပ် စစ်ဆေးမှု ခံယူပါ။
- အက်စ်ပရင် ( Asprin ) မှီဝဲသင့် ၊ မသင့် ဆရာဝန်ကို မေးပါ။
နှလုံးရောဂါ ကာကွယ်ရန်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရ တွေစားသုံးပြီး လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သင့်နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာအောင် လုပ်ပါ။ သင်ဆေးလိပ် သောက်တတ်ရင် ဒီနှစ်မှာပဲ ဆေးလိပ်ဖြတ်တောက် လိုက်ပါတော့။ သင်ဟာ ကိုယ်အလေးချိန် ရှိသင့်တာ ထက် ပိုများနေပြီး ၊ အ၀လွန် သူဖြစ်ရင် ပေါင် အနည်းငယ် လောက် ချလိုက်ရင်တောင် သင့်နှလုံး အပေါ်မှာ ၀န်ထုပ်ဝန်ပိုး လျော့စေနိုင်ပြီး သွေးပေါင်ချိန် ၊ သွေးတွင်း သကြားဓာတ် နဲ့ သွေးကြောတွေရဲ့ လုပ်ဆောင်မှု ကို ပိုကောင်းစေပါတယ်။

Dr Khaing ရဲ့ မျော်လင့်ချက်၂၀၁၂သို့အမှတ်တရ ထဲကနေ ပြန်မျှဝေပေးတာဗျား ခွင့်လွတ်ကြပါ

 


ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(
၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(
၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(
၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(
၎) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(
၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(
၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(
၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။

(
၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ်အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

Ref: Good Health
မေမွန်ကျော်

No comments:

Post a Comment