ကော့မှူး၊အဖျောက်ကျေးရွာမှ ဒေသခံများက မဖွံ့သေးသော ကိစ္စရပ်များကို လုပ်ဆောင်ပေးမည့် ပါတီကိုသာ မဲထည့်
“ကျွန်တော်တို့ မြို့နယ်တွေက ဆင်းရဲတဲ့မြို့နယ်ဆိုတော့ အဓိကက အလုပ်လက်မဲ့တွေ အလု...ပ်ရရှိရေးပေါ့ ဒါမှ အလုပ်လက်မဲ့တွေ စားဝတ်နေရေး အဆင်ပြေမယ် ဖွံ့ဖြိုးလာမယ် ၊ ပညာရေး ကျန်းမာရေး တွေ တိုးတက်လာမယ်။ ကျွန်တော်တို့မြို့နယ်ကို ဖွံ့ဖြိုးအောင် လုပ်ပေးမဲ့ ပါတီကိုတော့ မဲထည့်ဖို့ ဆုံးဖြတ်ထားပါတယ် “ ဟုကော့မှူးမြို့နယ် အဖျောက်ကျေးရွာမှ ဦးလှငွေက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် အဖျောက်ကျေးရွာမှ ဒေသခံအချို့သည် အလုပ်လက်မဲ့ဖြစ်နေသူ ၊ ပညာမတတ်သူများ အစရှိသော မဖွံ့သေးသော ကိစ္စရပ်များကို လုပ်ဆောင်ပေးမည့် ပါတီကိုသာ မဲထည့်ရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။
ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့ 
၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။
via - New Myanmar Foundation
အားလုံးချစ်တဲ့ အမေ နိုင်သွားပါပြီလို့ ..
အဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပြီ။
နိုင်ငံတကာ သတင်းများ တွင် တစ်နှစ် အတွင်း တစ်မဟုတ် ချင်း ကျော်ကြား
လာသည့် နေရာ နှစ်ခု
၁. ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ကိုယ်စားပြု နယ် ဖြစ်သည့် ကော့
မှုး မြို့  နယ် ၀ါးသိင်္ခ ကျေးရွာ ( အောင်မြေ)
၂. ကဒါဖီ မသာ ပေါ်သည့် နေရာ( ရှုံး မြေ)
မင်္ဂလာပါအမေ။
Facebook-စာမျက်နှာ -
No comments:
Post a Comment