Tuesday, July 31, 2012

သီပေါ ဘုရင် ၏ အရိုး အို ကို ပြန်လည် သယ်ဆောင် ပေး ရန် လွှတ်တော် တွင်တောင်းဆို

Photo: အိန္ဒိယ နိုင်ငံ ရတနာဂီရိ ရှိ မြန်မာ ကုန်းဘောင်မင်းဆက် ၏ နောက်ဆုံးဘုရင်
ဖြစ်သည့် သီပေါ ဘုရင် ၏ အရိုး အို ကို ပြန်လည် သယ်ဆောင် ပေး ရန် 
လွှတ်တော် တွင်တောင်းဆို
Freedom News Group (Burma)
မှတဆင့်တင်ပြသည်။

Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)


ဆောင်းပါးရှင် - ပြည်တွင်းမှ စစ်ဘက်နီးစပ်သူများ
ဒီနေ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရားကို နမူနာယူကြဖို့ လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူး သတင်းဆောင်းပါးတွေ အဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာ ထွားခဲ့စဉ်က ကက(ကြည်း)ကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့”“ငြိမ်းချမ်းရေးအဖွဲ့တွေ များလာတိုင်း အထင်ကြီးစရာမရှိဘူး” လို့ မှာကြားခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီလို မှာကြားထားတဲ့ကြားထဲက တိုင်းမှူး တွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေး တို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိ ရပါတယ်။ မပခ တိုင်းမှူး ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ် စောလွင်ဆိုရင် ကေအိုင်အေနှင့် ဆက်ဆံရေးမကောင်းလို့ ကကလှမ်း Report နှင့် ဌာနလက်ကိုင်မရှိ ၀န်ကြီးအဖြစ် လွှင့်သွားခဲ့ဘူးပါတယ်။

ရမခတိုင်း သို့ စစ်သံမှူးများနဲ့ နိုင်ငံတကာက သံတမန်များ သွားရောက် လည်ပတ်တဲ့ ခရီးစဉ် တစ်ခုမှာ ကက (လှမ်း) က ကက(ကြည်း) ရဲ့ အရှိန်အ၀ါကို အသုံးပြုပြီး တိုင်းမှူးအား ခိုင်းလိုက်တာကြောင့် ဗိုလ်မောင်အေး မသိလိုက်ရတာမို့ ဒေါသူပုန် ထခဲ့ပါတယ်။ ဗိုလ်သန်းရွှေက သူတို့နှစ်ယောက် မတည့်တာကို အကြောဖြေခိုင်းတဲ့အနေနဲ့ သင်္ကြန် အခါတော်ရက် ကျတိုင်း ဗိုလ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေး ရေပက်ခံ မဏ္ဍပ်သို့ ဗိုလ်မောင်အေးအား သွားခိုင်းပါတယ်။ နှစ်တစ်နှစ်ရဲ့ သင်္ကြန်ကာလမှာ ဒေါက်တာဒေါ်တင်ဝင်းရွှေက အမျက်တော်ပြေ အဓိပ္ပာယ် စာသားပါတဲ့ သီချင်းကို အေ၀မ်းစိုးမြင့် တီးဝိုင်းနှင့် သီဆိုပြီး မြန်မာ့ရုပ်မြင်သံကြားတွင် ပြတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ကျောက်တော်ဘုရားကြီး တည်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်အပေါ် ဗိုလ်သန်းရွှေက ဘ၀င်မကျ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးတို့တွင် လှုပ်ရှားဆောင်ရွက်မှုတို့ အပေါ် ဒေါ်ကြိုင်ကြိုင်အား နေရာမပေးတဲ့အတွက် အမျက်တော် ရှတာကိုခံရပါတယ်။ ရွှေတိဂုံဘုရားရင်ပြင် အထက်ပစ္စယံ ပတ္တမြား မျက်ရှင် ဘုရားကြီးပေါ်သို့ ရွှေတိဂုံဘုရား ထီးမတင်ခင် ဗိုလ်ခင်ညွှန့် မနက်တိုင်း သွားရောက် ပုတီးစိတ် ဘုရားဝတ်ပြုတာကို ဗိုလ်သန်းရွှေက သဘောမကျကြောင်း သိရှိရပါတယ်။ အမျိုးသားညီလာခံ စတင်ကျင်းပစဉ် အချိန်ကာလက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မယ်ပြောပြီးမှ ပြန်လည်ရုတ်သိမ်းခိုင်းတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့် သဘောထား ကွဲလွဲခဲ့တယ်လို့ သိရှိရပါတယ်။
အခုအချိန် မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ လှောင်အိမ် ထဲက ငှက်ငယ်လေး သဖွယ် အကျယ်ချူပ် စံမြန်း နေရတာ ဟာဖြင့် တရား ကျစရာ ကောင်းလှပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ နအဖ အဖွဲ့အတွင်း တန်ခိုးအာဏာ အထက်ဆုံးလို့ ပြည်တွင်းက သတ်မှတ် ခဲ့ကြပါတယ်။ သူ့လက်သူ့ခြေနဲ့ ၁၉၈၈ မှ ၂၀၀၃ ခုနှစ်ထိ နေရာပေး ခံရသူ ဖြစ်ပါတယ်။ ဦးနေ၀င်းရဲ့  မြေး ဇွဲနေ၀င်းတို့ ကိစ္စနဲ့ စပ်လျဉ်းပြီး အာဏာရှင် ဗိုလ်သန်းရွှေက စတင် အညှိုးထား ခဲ့ရာမှ ဗိုလ်ခင်ညွှန့် “နေ၀င်” မှု စတင်ခဲ့ပါတယ်။ ပုဂံရှိ ဘုရားတဆူကို ဗိုလ်ခင်ညွှန့် ဦးစီးလုပ်တဲ့ ဘုရားကြီး ထီးတင်ပွဲမှာ ဘုရားထီး တည့်တည့် အနောက်ဘက်က တိုက်ဆိုင်စွာဖြင့် “နေ၀င်” သွားသည့် နိမိတ်ဆိုးများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒေသဖွံ့ဖြိုးရေး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင် တခွင်မှာ စစ်ဆေးနေခိုက် ဗိုလ်ခင်ညွှန့်ဟာ သူသွားရမဲ့ လျာထားတဲ့ လမ်းကြောင်း အတိုင်း မသွားဘဲ ဘုန်းကံနိမ့်စေမဲ့ တန်းအောက်တွေ ရှိတဲ့ လမ်းကြောင်းကို ဖြတ်သွားမိတဲ့ ရှေ့ပြေးနိမိတ်ဆိုးများအဖြစ် တွေ့နေရပါတယ်။ ဗိုလ်ခင်ညွှန့်က ဘုန်းကြီး (၉) ပါး ဆွမ်းကပ်ချင်လို့ ခွင့်တောင်းချိန်မှာ ဗိုလ်သန်းရွှေက ယတြာချေမှာ စိုးရိမ်လို့ (၉)ပါး အစား (၃) ပါးသာ ခွင့်ပြုခဲ့ပါတယ်။
သွားရောက်ခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးက ဆွမ်းကပ်ခံရချိန်မှာ အချိုပွဲ ချိုတဲ့စွာ ကပ်နေရတဲ့ ဗိုလ်ခင်ညွှန့်ကို မြင်ရလို့ သင်္ခါရ တရားကျလှကြောင်း၊ မင်းမှုထမ်း ကမ်းနားသစ်ပင် ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ခင်ညွှန့် ဆံပင်တွေဟာ ယခင်က အရောင်ဆိုးထားပြီး ယခုအခါ မဆိုးနိုင်ဘဲ တခေါင်းလုံး ဖြူဖွေးနေတဲ့အပြင် နေ့စဉ် တရားထိုင်နေရတဲ့ သူ့ဘ၀၊ ရဲတပ်ရင်းမှ စောင့်ကြပ်မှုနဲ့ အချုပ်ခံနေရတဲ့ ဘ၀ထဲမှာ မမြင်ရက်နိုင်စရာ၊ မကြည့်ရက်နိုင်စရာ သိမ်ငယ် နွမ်းပါးနေလို့ စုတ်တသတ်သတ်နဲ့ တရားကျလှစရာ ကောင်းကြောင်း၊ ဗိုလ်ခင်ညွှန့် လွှတ်ဖို့ရန် လောလောဆယ် မဖြစ်နိုင်သေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ခင်ညွှန့် ပေါင်းသွားမှာကို မလိုလားကြောင်း၊ ဗိုလ်ခင်ညွှန့် မူလအိမ်တွင် ရှိနေခဲ့စဉ်က ပြင်ပနှင့် အဆက်အသွယ်ရှိတယ်လို့ စစ်အာဏာရှင်တွေက သံသယ၀င်လာကာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ညမှာပင် ရဲချုပ်နဲ့ အကျဉ်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းတို့အား ချက်ချင်း နေရာပြောင်းရွှေ့ ခိုင်းပြီး ပိုမိုတင်းကြပ်တဲ့ အကျယ်ချုပ် ဘ၀သို့ စံမြန်းခဲ့ရတဲ့ ဖြစ်စဉ်ကို သံဝေဂတရား ကျလှပါကြောင်း၊ ပြည်တွင်းက စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့  ဆောင်းပါးပေးပို့လာပါတယ်။
 စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်
Myanmar news now. Thit Htoo Lwin မှတဆင့်ဖေါ်ပြသည်

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်

AungTheinLin-campaign
 
25
 
4
 
မဲပေးပါ

တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို  အလုပ်
အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ  အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ 
က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင် အချို့  အကြီး
အကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က FNG ကို ပြော
သည်။
“ပြဿနာ ဖြစ်ပြီး မှာ လေ USDA ၀ဘ်ဆိုတ် မှာ ဦးအောင်သိန်းလင်း နဲ့  ပတ်သက် ပြီး အရေးယူ
စုံစမ်း မယ် ဆို တဲ့ သတင်း ကို ဦးဌေးဦး ကိုယ် တိုင် ထည့် ခိုင်း တာ ၊ သူကတော့ ဦးအောင်သိန်းလင်း
ဘက် က် ခပ် ပါပါ ပဲ” ဟု အဆိုပါ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က ပြောသည်။
ဦးအောင်သိန်း လင်း တရုတ် သတင်းစာ မှာ ပြောသွား တဲ့ ကိစ္စ ဟာ ကြံ့ခိုင်ရေး ပါတီ ကို ပါ
ပြည်သူ က မုန်းတီး စက်ဆုတ် သွား စေနိုင် တယ် လို့  ရန်ကုန် မြို့  က ကြံ့ခိုင်ရေး ပါတီ ၀င် ပြည်
ထောင်စု လွှတ်တော် အမတ် အဖြစ် ရွေးကောက် ခံ့ ရသူ တစ်ဦး က ပြောသည်။
ဦးအောင်သိန်းလင်း ကို စစ်ဆေး အရေး ယူ ပြီး ပါတီ စည်းကမ်း နှင့်အညီ  နှုတ် ထွက် စာတင်
ရန် ဖိအား ပေး မှု များ ကို ပါတီ ၀င် က ပင် ဦးဆောင် ပြု လုပ် နေသည် ဟု သိရသည်။
ဦးအောင်သိန်းလင်း ရွေးကောက် ခံရသည့် တောင်ဥက္ကလာ မဲဆန္ဒ နယ် ဉ် လည်း ဆန္ဒမဲပေး
ခဲ့ သည့် ပြည်သူ များ က ပြန်လည် ရုပ်သိမ်းသည့် ဆန္ဒမဲ ပေး မှု ကို သြဂုတ် လ အတွင်း ပြု
လုပ် သွား မည် ဟု FNG မှ သိရှိ ရသည်။
Update
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ဗဟို  အလုပ် အမှုဆောင် ဦးအောင်သိန်းလင်း၏လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်
ရုပ်သိမ်းရေး လက်မှတ် ကောက်ခံ မှု ကို ယနေ့  တောင်ဥက္ကလာ မြို့ တွင်
စတင် နေရာ နေ့ လည် ၁ နာရီ တွင် လက်မှတ် ၃၀၀ ကျော် ရရှိခဲ့ သည်
ဟု သိရသည်။
လက်မှတ် ထိုး ကြသူများ တွင် ကြံ့  ခိုင်ရေး ပါတီ ၀င်များ ၊ အစိုးရ ၀န်ထမ်
များ လည်း ပါရှိသည် ဟု လက်မှတ် စုဆောင်း ကောက်ခံ သူ တစ်ဦး က
ပြောသည်။

နောက်ဆုံး ရရှိသည့် သတင်း အရ လက်မှတ် ၁၀၀၀ ကျော်ရရှိ သွား ပြီဖြစ်
ပါသည်။
ပြဿနာ ဖြစ်ပွား ပြီး နောက် ကြံ့ခိုင် ရေး ပါတီ ၏ အင်တာနက် သတင်းစာမျက်နှာ တွင်
ဖော်ပြ ထား သည့် ဦးအောင်သိန်းလင်း အား စစ်ဆေး အရေး ယူမည့် သတင်း
FNG Facebook စာမျက်နှာမှ တဆင့်ဖေါ်ပြသည်။

Sunday, July 29, 2012

အနောက်ဘက် တံတိုင်းသို့ လှမ်းကြည့် ခြင်း (၁)

အနောက်ဘက် တံတိုင်းသို့ လှမ်းကြည့် ခြင်း (၁)

526260_10151663772287588_901670879_n
by ငိမ်းအေးအိမ်  တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသော တန်းတူ
အခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသား အခွင့်အရေးများကို  လွှတ်တော်မှ
လေ့လာသုံးသပ်ပြီး၊ ဥပဒေပြုမည်ဆိုပါက တိုင်းရင်းသားများ၏ နှစ်ပေါင်းများစွာပဋိက္ခများ အမြန်ဆုံးပြေလည်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်ထောင်
စုငြိမ်းချမ်းရေးဗဟိုကော်မီတီ အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်ကို တိုက်တွန်း
လိုက်သည်။
(The Voice, Mondat,July 16-22,2012,P23,L1-3)
တိုစကားအတွက် နိုင်ငံတော်သမ္မတကြီးအား များစွာ ကျေးဇူးတင်မိသည်။ “တိုင်းရင်းသားများ” “အသက်တမျှအရေးကြီးသော” “တန်းတူအခွင့်အရေး” ဆိုသောစကားလုံးများ ကျွန်တော့်အာရုံတွင် ၀ဲလှည့်နေ တော့၏။ နှစ်ပေါင်းများစွာကတည်းက နိုင်ငံအတွက် အသက်သွေးတမျှလိုအပ်နေသော၊
တာဝန်ယူခဲ့သူ အဆက်ဆက် ထုတ်ဖေါ်ပြောကြားပြီး အမှန်တကယ်ဆောင်ရွက်ပေးခဲ့သင့်သော
အရာများဖြစ်သည်။ ယနေ့ ထိုစကားများကြားရပြီ။မကြာမြင့်မီထိုဆီသို့သွားသော ခြေလှမ်းများ
မြင်ခွင့်ရတော့မည်ဟု မျှော်လင့်သည်။ ရောက်အောင်လျှောက်ကြလျှင် လာမည့်နေ့သစ်များတွင် နေခြည်နွေး၍ လေပြည်အေးလိမ့်မည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသား (၁၃၅)မျိုးနှင့်ဖွဲ့စည်းထားသည်ဟု မှတ်တမ်းမှတ်ရာများက ဆိုသော် လည်း နိုင်ငံသားများအနေဖြင့် မကြားဘူးသည့်လူမျိုးအမည်မှာ အများစုဖြစ်မည်ထင်သည်။ မည်သို့ပင်ဆိုစေ၊ မည်မျှပင် လူဦးရေနည်းပါးသည်ဖြစ်စေ (ဥပမာ၊ ၂၀၀၄ခုနှစ်စာရင်းဇယားများအရ ကချင်ပြည်နယ်မြောက်ဖျား တွင် အခြေချသော “ထရုံ”လူမျိုးဦးရေ (၆)ဦး(ခြောက်ဦး)သာရှိတော့ပြီး မျိုးဆက်ထပ်မပွားနိုင်သည့်အခြအနေမျိုးဖြစ်သည်။ ယခုအချိန်တွင် ထိုမျိုးနွယ်စုများ မျိုးသုဉ်းသွားမသွား မပြောနိုင်)အားလုံးသော တိုင်းရင်းသားတိုင်းသည် တန်းတူ အခွင့်အရေး ရကြရမည်၊ရခွင့်ရှိကြသည်သာဖြစ်၏။ ဗမာတိုင်းရင်းသားနှင့် ကျန်လူမျိုးတိုင်းရင်းသားများအကြား မယုံကြည်မှုများ၊ သံသယများနှင့်နေထိုင်လာခဲ့ကြရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ထို “အဟ” “အပြဲ”ကို သမ္မတကြီး၏ လမ်းညွှန်စကားနှင့် လုပ်ဆောင်ချက်များက ကောင်းမွန်စွာ ရင်ကြားစေ့ပေးနိုင်မည်၊ နိုင်ငံ၏ နာတာရှည်ဒဏ်ရာကြီးကိုလည်း အနာကျက်စေနိုင်မည်ဟု ယုံကြည်လိုပါသည်။
ထိုသို့ကိုယ့်ပြည်တွင်းရှိ တိုင်းရင်းသားအရေးကို ပြေလည်အောင်ဆောင်ရွက်ဖို့၊ သေနတ်သံတွေ စဲဖို့၊ စစ်ဒဏ်ခံ ကိုယ့်ညီအစ်ကိုမောင်နှမများ အမိုးအကာရှိရာ၊ လုပ်ငန်းဆောင်တာရှိရာသို့ လုံခြုံစွာ ပြန်ရောက် စေဖို့၊ မျှတသော အလုပ်အကိုင်အခွင့်အလမ်းများရရှိကြစေဖို့၊ ကိုယ့်မြေကိုယ့်ယာအရေးကို ကိုယ်တိုင်စီမံနိုင် ကြစေဖို့ အစွမ်းကုန် လုံးပမ်း ကြရမည့် အချိန်/အခြေအနေမျိုးတွင် “ရိုဟင်ဂျာ”အမည်ဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု(ethnic) ဖြစ်သည် ဟုဆိုကာ နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်လောင်လောင် ဘေးတီးပေး နေသောအဖြစ်မျိုးနှင့်လည်း ချိန်ကိုက် ကြုံတွေ့နေရပါသည်။ ကိုယ့်ပြည်ကိုယ့်အရေး၊ ကိုယ့်အလုပ်ကိုယ် ပြီးစီး အောင်မြင်အောင် မလုပ်နိုင်သေးမီတွင် သူတစ်ပါးအထုပ်ကို ခေါင်းပေါ် လာအတင်ခံရ သည့် အခြေအနေမျိုးနှင့် တူနေပါသည်။
ရိုဟင်ဂျာများနှင့် ဒေသခံရခိုင်တိုင်းရင်းသားတို့ကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခကို မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာအကြားက ဘာသာရေး ပြဿနာကြီးသဖွယ် ပုံဖျက်နေကြသည်။ အီဂျစ်တွင်၊ ထိုင်းတွင်၊ အင်ဒို နီးရှားတွင် မြန်မာနိုင်ငံအပေါ် ဆန္ဒပြခဲ့ကြသည်။ ၂၀၁၀ခုနှစ် တရုတ်ငလျင်တွင် သေဆုံးသွားခဲ့ရသူများ အလောင်းပုံဘေးက ကယ်ဆယ်ကူညီပေးနေသော တိဗက်ဘုန်းတော်ကြီးများပုံအောက်တွင် ‘The Body of Musilms slaughted By Buddhist(Burma)”” ဟုအမည်တပ်လိုတပ်၊ ၂၀၀၄ခုနှစ် အောက်တိုဘာက ထိုင်းတွင်ဖြစ်ပွား ခဲ့သည့် မွတ်ဆလင်ဆန္ဒပြမှုသတင်းဓါတ်ပုံအောက်တွင် “More then 1000 people killed in Burma” ဟုပုံစာထိုး ကာ  အွန်လိုင်းမှ အစွမ်းကုန်ဖြန့်ဝေကြရန် လှုံ့ဆော်သွေးထိုးသူကသွေးထိုး၊ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟု ကုန်းအော် သူ အော်ဖြင့် ကျွန်တော်တို့နိုင်ငံတော်ကို စိတ်တိုင်းကျ အမဲဖျက်နေကြသည့်နှယ် ကြံစည်လုပ်ဆောင်နေကြသည်ဟု ခံစားရသည်။ 2012၊ ဇွန်၊ 17 ရက်က မလေးရှား(ကွာလာလမ်ပူ)တွင် ဆန္ဒပြနေသောတစ်ဦး၏လက်၌ ရခိုင်တွင် ရိုဟင်ဂျာများ အသတ်ခံနေရပြီဟု ပုံဖေါ်ကိုင်ဆောင်ထားသောပုံမှာ ဒုက္ခသည်များအား အင်ဒိုနီးရှား ကမ်းခြေစောင့်အဖွဲ့က ကယ်တင်လာစဉ်က သတင်းဓါတ်ပုံဖြစ်နေသည်။ အဖြစ်အပျက်၏ အချက်လက်မှန်များကို ရှာဖွေ နိုင်စွမ်းမရှိကြသော ဦးနှောက်နည်းသူ ၊ ဥာဏ်ရည်မမီသူ တွေများလား၊ နောက်ကွယ်က ကြိမ်တို့ခိုင်းစေနေသော အင်အားကြီးတစ်ခုခုကြောင့် မျက်စိမှိတ်လုပ်ဆောင် နေကြသူ များလားဟူသည်ကို ခွဲခြားရန်ခက်နေပါသည်။
အွန်လိုင်းအသုံးပြုသူပေါင်းများစွာက လွယ်လင့်တကူ မှီငြမ်းပြုစရာဟု သတ်မှတ်ထားသော wikipedia.org တွင်ပင်၊ ကျွန်တော် ပရင့်ထုတ်ကြည့်ချိန် 7/15/2012 5:02PM က There was intense sectarian clashes in June 2012. Over 2,000 people were killed in sectarian violence in the state in which most victims were Muslims.[9] During her visit to Myanmar Mrs. Cliton told Mr. Thein Sein the United State was concerned about the treatment of the Rohingya Muslim ethnic group, which has suffered killings at the hands of Buddhists.[10] လူနှစ်ထောင်ကျော်သေသည်။ အများစုက မွတ်ဆလင်တွေဖြစ်သည်ဟု မှတ်တမ်းတင်လိုလိုတင်၊ ဒေါ်ကလင်တန်ကြီးက ရိုဟင်ဂျာများကို ethnic group ဟု သုံးနှုံးကြောင်းပြောလိုပြောနှင့်ဖြစ်သည်။ ရခိုင်အကြောင်း သိချင်၍ ဖြစ်စေ၊ ထိုအဓိကရုဏ်းအကြောင်းသိလို ၍ဖြစ်စေ၊ တစ်စုံတစ်ယောက်က ၀ီကီကို ကိုးကားလိုက်သည်ဆိုပါစို့။ ထိုသူ့အမြင်တွင် အမှန်တွေနှင့် ကင်းစင် နေ/တိမ်းချော်နေလိမ့်မည်ဖြစ်သည်။
အလွန်လျှင်မြန်သော သတင်းမီဒီယာခေတ်တွင် အမှားတွေ အမှန်ဖြစ်ကြောင်း၊ အမှန်တွေ အမှားဖြစ် ကြောင်း ပုံဖျက်ဖို့ အလွန်လွယ်ကူနေပါသည်။ ကောလဟာလများ၊ ကြိုတင် တင်ကူးကြံစည်ထားသော စီမံချက် များ အောက်တွင် အဖြစ်မှန်တို့ တန်ဖိုး ယုတ်လျော့ ဆုံးပါးသွားမည်ကိုစိုးရိမ်နေရပါသည်။
ကျွန်တော့်တစ်ဦးတည်း၏ အမြင်ရဆိုလျှင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား/ တိုင်းရင်းသားမျိုးနွယ်စု ဟု မမှတ်ယူနိုင်ပါ။ နိုင်ငံသားဖြစ်မဖြစ်မူ တိုင်းပြည်က အတည်ပြုမည့် လိုက်နာကျင့်သုံးမည့် ဥပဒေများကသာ ဆုံးဖြတ်ပါလိမ့်မည်။ နိုင်ငံသားဖြစ်တိုင်းလည်း တိုင်းရင်းသားတော့ မဖြစ်နိုင်ပါ။ ၈ ရာစုလောက်က သဘောင်္ပျက် ရင်း ရောက်လာကြသော အာရပ်ကမ္ဘာက ကုန်သည်များဖြစ်သည်ဟူသည့် မရေရာသော နှုတ်ဆင့်ကမ်း “ပြောဇာတ်” မျှလောက်ဖြင့် မြန်မာ့မြေပေါ်က တိုင်းရင်းသားဟု ယူဆသတ်မှတ်ပေးရန် ခက်ခဲပါလိမ့်မည်။ မြန်မာ့အနောက်ကမ်းခြေက ရခိုင်တိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုတို့သည် ခန်းနားခိုင်ခန့်ကြီးကျယ်လွန်းလှသည်။ ထိုဒေသ၏တိုင်းရင်းသားမျိုးနွယ်စုစာရင်းတွင်၊ (၁)ရခိုင်လူမျိုး၊ (၂)ကမန်မျိုးနွယ်စု၊ (၃) ခမွီးမျိုးနွယ်စု၊ (၄) ဒိုင်းနက်မျိုးနွယ်စု၊ (၅)မရမာကြီး မျိုးနွယ်စု၊ (၆)မြို မျိုးနွယ်စု၊ (၇) သက်မျိုးနွယ်စုဟူ၍ အထင်အရှားရှိပြီး ဖြစ်၏။  ရိုဟင်ဂျာတို့အတွက် စာရင်းမ၀င် နေရာမရှိခဲ့ပါ။
ဤစိတ်အခံဖြင့် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
by FNG on July 29, 2012

လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်ြ

လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ
မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။

မြန်မာနိုင်ငံက အမျိုးသား တဦးချင်း သေနပ်ပစ်ပြိုင်ပွဲမှာ ကိုမောင်ကြူ ၊ တဦးချင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်နဲ့ မြှားပစ်ပြိုင်ပွဲမှာ ကိုနေမျိုးအောင်တို့ဟာ ယှဉ်ပြိုင်ပါတယ်။

မအေးအေးအောင်က ဂျူဒိုအားကစားနဲ့ သြဂုတ်လ ၂ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်သလို ကိုသက်ဇော်ဝင်းက သြဂုတ်လ ၄ ရက်နေ့မှာ မီတာ ၄၀၀ ပြေးခုန်ပစ် ပြိုင်ပွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လန်ဒန်ရောက် မြန်မာတွေကလည်း မနေ့ညက ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ကြည့်နေကြသလို face book လို tweeter လို အင်တာနက် ဆက်သွယ်ရေးတွေကနေ မြန်မာနိုင်ငံ
အသင်း အိုလံပစ်အားကစားကွင်းထဲ ဝင်လာတာကို စောင့်ပီး ကြည့်ရှု အားပေး တာတွေလည်း တွေ့ရပါတယ်။

ဒီလို လန်ဒန်မှာ ရောက်ရှိနေတုန်း အိုလံပစ်အားကစားပြိုင်ပွဲ နဲ့ ကြုံရတော့
မြန်မာနိုင်ငံသားတချို့က သွားရောက်ကြည့်ရူမယ်ဆိုပီး အားခဲနေကြ
ပါတယ်။ အဲဒီလူတွေထဲက သြဂုတ်လ ၅ ရက်နေ့က ဘတ်စကက်ဘောပြိုင်ပွဲ သွားကြည့်မယ့် မတူးမာက-

" အမသမီးက သူကျောင်းကနေ အိုလံပစ်အတွက် လက်မှတ်ရတယ်လေ။
ကျောင်းမှာ sport ထူးချွန်တဲ့သူတွေကို လက်မှတ်ပေးတယ်။ သူက ဘတ်စကက်ဘော ကစားတာများတယ်ဆိုတော့ ဘတ်စကတ်ဘော လက်မှတ်ရထားပါတယ်။ ၅ ရက်နေ့ သြဂုတ်ပါ။ အမတို့ ဗမာအဖွဲ့ တက်ရောက်တာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ် ဂုဏ်ယူပါတယ်။ နောက်ပီး ဗမာလူမျိုးတွေအနေနဲ့ အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပီးဝမ်းသာမိမယ်လို့ ထင်ပါတယ်။"

အိုလံပစ် အားကစားကွင်းနားမှာ နေတဲ့ ကိုရာဇာကလည်း အိုလံပစ် အားကစားပြိုင်ပွဲမှာ အနည်းဆုံး ပွဲစဉ်တခုကို ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မယ်။ နောက် ရပ်ကွက်သူရပ်ကွက်သားတွေ အလုပ်အကိုင်
အသစ်တွေ ရရှိစေတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။

"ကျနော်တို့ရပ်ကွက်ထဲက ဗမာတွေ ဒီနားမှာ အလုပ်ရတယ်ခင်ဗျ။ အလုပ်ကတော့ temporary ပေါ့။ ခဏတဖြုတ် အိုလံပစ်ရဲ့ အရှိန်ကြောင့်
ဈေးရောင်းတဲ့ဆိုင်တွေမှာရတယ်။ တချို့ဆိုလည်း ဈေးရောင်းတဲ့ ဆိုင်တွေမှာရတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ဗမာအသိုင်းဝိုင်းကတော့ တော်တော်လေးကို ပျော်ကြတယ်ခင်ဗျ။

ကျနော် ကတော့ ဘောလုံးပွဲကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘရာဇီးနဲ့ ပွဲကို သွားကြည့်ဖို့ရာများတယ်ပေါ့နော်။ ဘရာဇီးနဲ့ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်ပါ။ အိုလံပစ်မှာ ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မှာက အဓိကပါ။"

မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားတွေ လာရောက် ယှဉ်ပြိုင်တဲ့
အတွက် ကျေနပ်အားရကြောင်း ကိုရာဇာက -

"ကျနော်ကတော့ ဗမာအားကစား အသင်း ဒီကို လာပီး ယှဉ်ပြိုင်တာကို အတော် သဘောကျတယ်ဗျ။ ကျနော်ကတော့ အနိုင်ရရှိသွားတာက အဓိကမဟုတ်ဘူး။ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာက အဓိကဘဲ ။ ကျနော်ကတော့ မြန်မာနိုင်ငံက အားကစားသမားတွေ နိုင်ငံတကာပွဲတွေမှာ များများဝင်ရောက်ယှဉ်ပြိုင်လေ အားကျလေဘဲ။ ဒါပေမယ့် ကျနော် သဘောပေါက်ပါတယ် ငွေရေးကြေးအခက်အခဲတွေလည်း ရင်ဆိုင်ရမယ် ဆိုတာ။ သို့သော်လည်း တိုင်းပြည်အတွက် တော်တော်လေးကို အတွေ့အကြုံတွေ ရနိုင်တယ်ပေါ့ အဲဒီအတွက် ဝမ်းသာတယ်ခင်ဗျ။"

Wednesday, July 18, 2012

ဗိုလ်ချုပ် အောင်ဆန်း အထုပ္ပတ္တိ အကျဉ်း

ဗိုလ်ချုပ်အောင်းဆန်း လူရည်ချွန်စာအုပ်မှ မျိုးရိုးဇာတိနှင့် မွေးနေ့ ၁၉၁၅ ခုနှစ် ဖေဖဝါရီလ ၁၃ ရက် စနေနေ့ နံနက် လင်းအားကြီး အချိန်တွင် မကွေးခရိုင် နတ်မောက်မြို့၌ အဖ ဦးဖာ၊ အမိ ဒေါ်စု တို့မှ အောင်းဆန်းကလေးကိုမွေးခဲ့သည်။။။။ အောင်ဆန်းကလေး၏ အဖိုးဦးမင်းရောင်သည် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်သီပေါမင်းပါတော်မူသောအခါက နတ်မောက်မြို့ သူကြီးဖြစ်၏။ မြို့သူကြီးဦးမင်းရောင်သည် အင်္ဂလိပ်တို့မြန်မာပြည်ကိုသိမ်းပိုက်သောအခါ "သူကျွန်မခံလိုသောစိတ်" ဖြင့် ရွှေလရောင်အမည်ခံကာ အင်္ဂလိပ်တို့အား ပုန်ကန်တော်လှန်ခဲ့သူဖြစ်သည်။ အောင်ဆန်းလေး ငါးနှစ်သားအရွယ်မှာ မြန်မာပြည်၌ ပထမကျောင်းသားသပိတ်ကြီးပေါ်ပေါက်၍ ဝံသာနု (အမျိုးသား) စိတ်ဓါတ်စတင်ထွန်းကာအခါဖြစ်သည်။။ ထိုစဉ်ကစ၍ အောင်းဆန်းသည် မိခင် ဒေါ်စုထံမှ အဖိုးဦးမင်းရောင်၏ ကျွန်မခံလိုစိတ်၊ အမျိုးသားစိတ်ဓါတ် လှုပ်ရှားမှု အခြေအနေ အကြောင်းတို့ကို ကြားသိခွင့်ရခဲ့၏။။။။ တက္ကသိုလ် ကျောင်းသားကိုအောင်ဆန်း အောင်းဆန်း၏ဘဝကို အထင်းအရှားမှတ်တမ်းတင်ရမည့် အစိတ်အပိုင်းသည် တက္ကသိုလ်ကျောင်းသားဘဝဖြစ်သည်။။ ၁၉၃၂ ခုနှစ် ဇွန်လတွင် ကိုအောင်းဆန်းတက္ကသိုလ်ကျောင်းသားအဖြစ် တက္ကသိုလ်သို့ရောက်လာခဲ့သည်။ သူ စတင်နေထိုင်ရာကျောင်းဆောင်ခန်းသည် ပဲခူးကျောင်းဆောင်အောက်ဆုံးထပ်ရှိ အခန်းတခန်းဖြစ်သည်။။ (ကိုယ့်ညီအကိုများ သွားကြည့်ကြလော၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့) တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်းသည် အခြားသောကျောင်းသားများနည်းတူ အဖေါ်အပေါင်းနှင့် ပျော်ပါး၍မနေတတ်။။ သစ်သစ်လွင်လွင် တောက်တောက်ပပလည်းမဝတ်။ ထိခေတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ဂုဏ်ပကာသန မျိုးကို သူမဆင်ယင်။ သူဖတ်ချင်သောစာအုပ်ကိုသာ တကုပ်ကုပ်ဖတ်၍ အခါမလပ် လေးနက်စွာတွေးတောနေထိုင်ခဲ့၏။။ တခါတရံမူ သူ့နှုတ်ဖျားမှ မြန်မာပြည် "နိုင်ငံရေးဖြင့် အကျိုးနဲပါပြီး" ဟု ရေရွတ်နေတတ်၏။။။။ ထိုအချိန်က မြန်မာပြည်နိုင်ငံရေးအခြေအနေမှာ အိန္ဒိယပြည်နှင့် ခွဲရေး တွဲရေးပြဿနာပေါ်ပေါက်နေ၏။ ထိုပြင် တကမ္ဘာလုံးစီးပွားရေးညံ့ဖျင်းမှုကြောင့် မြန်မာပြည်စီးပွားရေးအခြေအနေလည်း ကျပ်တည်း၍ တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အဖို့ ပညာသင်ရေးပင် အခက်အခေဲတွေ့ကြုံနေရသော အခါဖြစ်လေသည်။။ ကိုအောင်ဆန်းသည် ယင်းသို့ ပြည်ထဲရေးနှင့်ဝမ်းရေး အရှုပ်အထွေးများအကြားမှာပင်နီုင်ငံရေး စိတ်ဝင်စားမှုပိုမိုကြီးမားလာခဲ့ရသည်။ ထိုအတောအတွင်း မှာပင် ကိုအောင်ဆန်း၏တက္ကသိုလ်သက်တမ်းနှစ်နှစ်ကုန်၍ ဥပစာတန်းအောင်မြင်ခဲ့သည်။ ထိုအခါ ပထမနှစ် ဝိဇ္ဇာတန်းသား ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသား သမဂ္ဂအမူဆောင်လူကြီး ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံလေသည်။။ သို့သော် ကိုအောင်ဆန်း အနိုင်မရခဲ့ပေ။။။။ ကိုအောင်းဆန်း ဝိဇ္ဇာအထက်တန်းကျောင်းသားဖြစ်သောနှစ်တွင် ဒုတိယအကြိမ် ဝင်ရောက်အရွေးခံပြန်၍ တက္ကသိုလ်ကျောင်းသား အမူဆောင်ဖြစ်လာသည်။။ (ဗိုလ်ချုပ်လိုလူတောင် တစ်ခါတည်း အောင်ပွဲရသည်မဟုတ် ညီငယ် ညီးမငယ်များ စိတ်ဓါတ်ဘယ်တော့မှ မပျက်လေနှင့် ထပ်တလဲလဲ အားထုပ်ပါလော) ထိုနှစ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုနု (ယခု ဝန်ကြီးချုပ်ဦးနု) ဖြစ်သည်။။ ကိုအောင်ဆန်းသည် သမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော အိုးဝေ စာစောင်စာတည်းအဖြစ်ဆောင်ရွက်သည်။ အိုးဝေစာစောင်၌ တက္ကသိုလ်အာဏာပိုင်အရာရှိပိုင်းမှ ကိုယ်ကျင့်တရားဖေါက်ဖျက်နေသူတဦးအကြောင်း ဆောင်းပါးတစောင်နှင့်ပတ်သက်၍ တက္ကသိုလ် ကျောင်းအုပ်ကြီးက ကိုအောင်ဆန်းကို အရေးယူလေသည်။ ဥက္ကဋ္ဌ ကိုနုအားလည်း နိုင်ငံရေး မလုပ်ရဟု တားမြစ်၏။ ထို့နောက် သမဂ္ဂဥက္ကဋ္ဌ ကိုနုနင့် အိုးဝေးစာတည်း ကိုအောင်ဆန်းတို့အား ကျောင်းမှ ထုပ်လိုက်လေသည်။။ ထိုအခါ ကျောင်းသားတို့ကလည်း သပိတ်လက်နက်ကိုစွဲကိုင်၍ အာဏာပိုင်တို့အား ပြန်လည်ကန့်ကွက်ကြရာ ၁၉၃၆ ခုနှစ်တွင် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့လေသည်။။။။ နိုင်ငံရေးလောကသို့ကူးပြောင်းခြင်း ၁၉၃၆ခု ကျောင်းသားသပိတ်မှစ၍ ကိုအောင်ဆန်း၏အမည်သည် ထင်းရှားလာ၏၊ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သို့ အိန္ဒိယနိုင်ငံရေးခေါင်းဆောင် (ယခုအခါ အိန္ဒိယပြည်ဝန်ကြီးချုပ်) ပဏ္ဍစ်နေရူးရောက်လာခဲ့ရာ မိမိတို့နိုင်ငံအသီးသီး လွတ်လပ်ရေးရရှိမှုပြဿနာများကို ဆွေးနွေးခဲ့ကြ၏။။ ၁၉၃၈ ခုနှစ်တွင် ကိုအောင်းသည် ဝိဇ္ဇာတန်းအောင်ပြီး ဥပစာတန်းသားအဖြစ် တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌရာထူးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရာထူး နှစ်ရပ်လုံးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် များမကြာမီမှာပင် ကျောင်းမှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့လေသည်။ ထိုအခါမှစ၍ ကိုအောင်ဆန်းလည်း တက္ကသိုလ်ကျောင်းသားဘဝမှ သခင်အောင်ဆန်းဘဝသို့ ရောက်လာခဲ့လေတော့သတည်း။။။ သခင်အောင်ဆန်း သခင်အောင်းဆန်းဘဝနှင့် အိန္ဒိယပြည် ရမ်းဂါးကွန်ဂရစ် အစည်းအဝေးသို့လည်းတက်ရောက်ခဲ့၏။ ၁၉၃၉ ခုနှစ်တွင် သူနှင့်လုပ်ဖေါ်ကိုင်ဘက်များကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးသောအချိန်တွင် သခင်အောင်းဆန်း သည် တိမ်းရှောင်နေခဲ့၏။။ ၁၉၄၀ ခုနှစ် ဇါန်လ ၂၉ ရက်နေ့တွင် ဇလွန်မြို.၌ တရားဟောပြောရာ ရာဇဝတ်တရားသူကြီးက သခင်အောင်ဆန်းကို ဖမ်းရန် အမိန့်ထုတ်ပြီး ဖမ်းဆီးမိလျင် ဆုငွေ ၅ိ ပေးမည်ဟု ကြော်ငြာခဲ့၏။။ ထိုအခါ ကျောင်းသားများနှင့် ပြည်သူလူထုကပါ သခင်အောင်ဆန်း၏ ဂုဏ်ကို စော်ကားရာရောက်သည်ဟု ကန့်ကွက်သဖြင့် ဆုငွေ ၅ိ နှင့်တကွ အမှုကိုပါ ပိတ်လိက်ရ၏။။ ထိုအချိန်၌ သခင်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းမှ တိမ်းရှောင်နေရင်း နိုင်ငံလွတ်လပ်ရေးကို ကြံဆနေခဲ့၏။။ ၁၉၄၀ ခုနှစ် သြဂုတ်လတွင် သခင်းအောင်ဆန်းသည် လျိုဝှက်ရုပ်ဖျက်ကာ ဂျပန်ပြည်သို့ ထွက်ပြေးခဲ့၏။ ဂျပန်ပြည် တွင် ဂျပန်စစ်ဗိုလ်ကာနယ် ဆူဇူကီး နှင့် တွေဆုံဆက်သွယ်ပြီး မြန်မာပြည်မှ အခြားရဲဘော်များကိုပါ တိတ်တဆိတ် ပြည်ပသို့ ခိုးထုတ်ကာ တိုကျိုမြို.၌ "ရဲဘော်သုံးကျိတ်" စတင်ဖွဲ့စည်းလိုက်၏။။ ဗိုလ်တေဇ ထို့နောက် သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့သည် ဟိုက်နန်းကျွန်း၌ စစ်ပညာများ သင်ကြားပြီး ယိုးဒယားသို့လာခဲ့ကြ၏။ ယိုးဒယား၌ ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းကာ မြန်မာပြည်တွင်းသို့ မဲဆောက်မှတစ်ကြောင်း မြစ်တာမှတစ်ကြောင်း ကော့သောင်မှတစ်ကြောင်း စစ်သုံးကြောင်းဖြန့်ကာ ချီတက်လာခဲ့၏။ ထိုဗမာ့လွတ်လပ်ရေး တပ်မတော်၌ သခင်အောင်ဆန်းသည် ဗိုလ်တေဇအမည်ခံကာ စစ်ဦးစီးချုပ်တာဝန်ယူခဲ့၏။။ တော်လှန်ရေးနေ့ ဂျပန်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်တေဇအမည်ခံ ဗိုလ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော် ကြိးကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် အမည်မှည့်ခေါ်စေ၏။ ၁၉၄၃ ခုနှစ် သြဂုတ်လ တစ်ရက် နေ့တွင် ဂျပန်တို့က မြန်မာပြည်အား အယောင်ဆောင်လွတ်လပ်ရေး ပေး၍ ဒေါတ်တာဘမော်ဦးစီးသော အစိုးရအဖွဲ့၌ ဗိုလ်အောင်ဆန်းကို စစ်ဝန်ကြီး ရာထူးပေး၏။။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဖို့မှာမူ မြန်မာပြည်ကို လုံးဝမသိမ်းရမီကပင် ဂျပန်တို့၏ ဆိုးရွာယုတ်မာမူများကို စက်ဆုပ်ရွှံ့ရှာသဖြင့် ဂျပန်တို့အား ပြန်လည်းတော်လှန်ရန် အခွင့်ကောင်းကို စောင့်လင့်နေခဲ့၏။ ဂျပန်တို့၏ ဖိနှိပ်မှု ရက်စက်မူများကြီးမာလာသည့်အလျောက် တော်လှန်ရေးစိတ်ဓါတ်များလည်း ပြင်းထန်လာရာ၁၉၄၅ ခု မတ်လ ၂၇ ရက်နေတွင် ဗိုလ်ချုပ်သည် သူ၏တပ်မတော်သားအားလုံးအား ဂျပန်တို့ကို တော်လှန်ရန် အမိန့်ခုတ်လိုက်လေသည်။ ထိုအခါမှစ၍ ဂျပန်တော်လှန်ရေး ကြီးအစပြုခဲ့လေသည်။။။ ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တို့အား တော်လှန်ပြီးသည့်နောက် မြန်မာပြည်ကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ကြ၏ ထိုအခါ ဗိုလ်ချုပ်သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြိးကိုတည်ထောင်ကာ အင်္ဂလိပ်အစိုးရထံမှ မြန်မာနိုင်ငံလုံးဝ လွတ်လပ်ရေးကို တောင်းဆိုလေတော့သည်။။။ ဗိုလ်ချုပ်သည် ပထမဦးဆုံး ဖဆပလ ဥက္ကဋ္ဌကြီးအဖြစ် လွတ်လပ်ရေးတောင်းဆိုရာတွင် အင်္ဂလိပ်တို့ကလည်း အမျိုးမျိုးအဖုံဖုံ ပရိယာယ်ကိုသုံး၍ နေကြ၏။။ ထိုအချိန်က အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ဖဆပလ အဖွဲ့ကြီးကို အပေါ်ယံလိုလားဟန်ပြ၍ တကယ်တမ်း၌ ပစ်ပယ်ခဲ့သဖြင့် တိုင်ပြည်အုပ်ချုပ်ရေး မနိုင်မနင်းဖြစ်ကာ ဘုရင်ခံအသစ် ဆာဟူးဗတ်ရန့်အား ရာထူးလွဲပြောင်းပေးရလေသည်။။ ထိုအခါ ဘုရင်ခံ ဆာဟူးဗတ်ရန့်က ဖဆပလ အားအစိုးရဖွဲ့စေ၏။။ ၁၉၄၆ ခုနစ်တွင် ဖဆပလ အဖွဲ့သည် အစိုးရဖြစ်လာ၏။ သို့သော်လည်း လွတ်လပ်သော အချုတ်အခြာအာဏာပိုင် အစိုးရအဖြစ် မရောက်သေးပေ။ ထို့ကြောင်ဗိုလ်ချုပ်ခေါင်းဆောင်သော ဖဆပလ အဖွဲ့က မြန်မာနိုင်ငံကို အာဏာလွဲပြောင်းမပေးလျင် ရှေခြေတစ်လမ်းတိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ကြွေးကြော်လိုက်ရာ အင်္ဂလန် အစိုးရအဖွဲ၌ပင် ပြဿနာပေါ်ရလေတော့သည်။ ထို့နောက် ဗိုလ်ချုပ်အပါအဝင် ကိုယ်စလှယ်ခြောက်ယောက်တို.ကို အင်္ဂလန်သို့ခေါ်၍ လွတ်လပ်ရေးပေးရန် ဆွေးနွေးရလေသည်။။။ ညီညွတ်ရေး ခေါင်းဆောင်ဗိုလ်ချုပ် ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုဆောင်ရွက်ရာ၌ အင်္ဂလိပ်တို့၏ နယ်ချဲ့ပရိယာယ်ကို အခါမလပ် သတိထားသည် အင်္ဂလိပ်သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးစေကာမှု တောင်တန်းဒေသ လူမျိုးစုများကို ဆက်လက်သိမ်းပိုက်ထားလို၏ သို့အတွက် ပြည်ထောင်စု စိတ်ဝမ်းကွဲရေးကို ပြုလုပ်ဆောင်ရွက်မည့်သဘောကို ဗိုလ်ချုပ် ဆင်ခြင်မိသည် ထိုကြောင့် ဗိုလ်ချုပ်သည် တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ ရှမ်း ကချင် ကရင် ကယား ချင်းတိုနှင့် ညီညွတ်ရေးရရှိရန် ဆောင်ရွက်ခဲ့၏။ ယင်းသို့ ပြည်ထောင်စု ညီညွတ်ရေးအတွက် ၁၉၄၇ ခု နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်၌ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပင်လုံကွန်ဖရင့် ကြီးခေါ်ဆိုကာ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအခါမှစ၍ ပြည်ထောင်စုနေ့ဟူ၍ ပေါ်ပေါက်ခဲ့ပေသည်။ လွတ်လပ်ရေး အဓိဋ္ဌာန် ထို့နောက် ဗိုလ်ချုပ်သည် အင်္ဂလန်သို့သွား၍ အင်္ဂလန်အစိုးရနှင့် လွတ်လပ်ရေးရရှိရန် ဆွေးနွေးခဲ့၏။ တစ်နှစ်အတွင် လွတ်လပ်ရေးရရမည် ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြည်ပြုလွတ်တော်ရွှေးကောက်ပွဲ၌ ဝင်ရောက်အရွှေးခံရာ ဗိုလ်ချုပ်၏ ဖဆပလ အဖွဲ့သည် လူထုတစ်ရပ်လုံး၏ ထောက်ခံမူကို ရရှိခဲ့ပေသည်။ ဗိုလ်ချုပ်၏ အိမ်ထောင်စု ဗိုလ်ချုပ်သည် ၁၉၄၂ ခုနှစ်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက် သ္မီးနှစ်ယောက်ဖွားမြင်ခဲ့၏။ သို့သော် အငယ်ဆုံးသ္မီးထွေးမှာ ဗိုလ်ချုပ်လွတ်လပ်ရေး ကြိုးပမ်းနေဆဲ့မှာပင် ကွယ်လွန်ဆုံးပါးခဲ့ရှာ၏။ ထိုကြောင့် ဗိုလ်ချုပ်ကွယ်လွန်သောအခါ သားနှစ်ယောက်နှင့် သမီးတယောက် ကျန်ရစ်ခဲ့လေသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက် ၁၉၄၇ ခုနစ် နှစ်ဝက်ကျိုးသောအချိန်တွင် ဗိုလ်ချုပ်ကြိုးပမ်းသော လွတ်လပ်ရေး အောင်ပန်းကို ရလုဆဲ အခြေအနေသို့ ဆိုက်ရောက်လာ၏။ ဗိုလ်ချုပ်အောင်ဆန်းသည် ရအံ့ဆဲလွတ်လပ်ရေး ကြီးအတွက် အားတက်ခါ မြန်မာနိုင်ငံကြီးရှေရေးကို သူ၏ဝန်ကြီးအဖွဲ့နှင့် အခါမလပ် တိုင်းပင်ဆွေးနွေး စီစဉ်ခဲ့ပေသည်။ ယင်းသို့ ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ သခင်မြ မန်းဘခိုင် မိုင်းပွန်စော်ဘွား ဦးဘချို ဦးဘဝင်း မစ္စတာရာဇတ် တို့သည် တိုင်းပြည်အကျိုးကို သယ်ပိုးနေစဉ်မာ ၁၉၄၇ ခုနစ် ဇူလှိုင်လ ၁၉ ရက်နေ့တွင် လူသတ်သမားတို့၏ လက်ချက်ဖြင့် အနိစ္စ ရောက်ခဲ့ကြရလေသတည်း။။ (ကိုအောင်းဆန်းမွေးနေအမှတ်တရ) ဟိုရှေးယခင် (ခုနှစ်မသိ) သတ္တမတန်းမြန်မာစာ မှ ကူယူဖေါ်ပြပါသည်။။ **ရှင်အာယု SSA (မန်းသီတဂူ)** x From-သုည
အာဇာနည် နေ့  အခမ်း အနား တွင် ရန်ကုန် မြို့  တာဝါလိန်း လမ်း ရှိ ဗိုလ် ချုပ် အောင်ဆန်းပြ တိုက် ကို အများ ပြည်သူ ကြည့် ရှု နိုင်ရန် အတွက် ဖွင့် လှစ် ထား ရှိ မည်။