Wednesday, July 18, 2012
ဗိုလ်ချုပ် အောင်ဆန်း အထုပ္ပတ္တိ အကျဉ်း
ဗိုလ်ချုပ်အောင်းဆန်း လူရည်ချွန်စာအုပ်မှ မျိုးရိုးဇာတိနှင့် မွေးနေ့
၁၉၁၅ ခုနှစ် ဖေဖဝါရီလ ၁၃ ရက် စနေနေ့ နံနက် လင်းအားကြီး အချိန်တွင်
မကွေးခရိုင် နတ်မောက်မြို့၌ အဖ ဦးဖာ၊ အမိ ဒေါ်စု တို့မှ
အောင်းဆန်းကလေးကိုမွေးခဲ့သည်။။။။
အောင်ဆန်းကလေး၏ အဖိုးဦးမင်းရောင်သည် မြန်မာသက္ကရာဇ် ၁၂၄၇
ခုနှစ်သီပေါမင်းပါတော်မူသောအခါက နတ်မောက်မြို့ သူကြီးဖြစ်၏။
မြို့သူကြီးဦးမင်းရောင်သည် အင်္ဂလိပ်တို့မြန်မာပြည်ကိုသိမ်းပိုက်သောအခါ
"သူကျွန်မခံလိုသောစိတ်" ဖြင့် ရွှေလရောင်အမည်ခံကာ အင်္ဂလိပ်တို့အား
ပုန်ကန်တော်လှန်ခဲ့သူဖြစ်သည်။
အောင်ဆန်းလေး ငါးနှစ်သားအရွယ်မှာ မြန်မာပြည်၌
ပထမကျောင်းသားသပိတ်ကြီးပေါ်ပေါက်၍ ဝံသာနု (အမျိုးသား)
စိတ်ဓါတ်စတင်ထွန်းကာအခါဖြစ်သည်။။ ထိုစဉ်ကစ၍ အောင်းဆန်းသည် မိခင်
ဒေါ်စုထံမှ အဖိုးဦးမင်းရောင်၏ ကျွန်မခံလိုစိတ်၊ အမျိုးသားစိတ်ဓါတ်
လှုပ်ရှားမှု အခြေအနေ အကြောင်းတို့ကို ကြားသိခွင့်ရခဲ့၏။။။။
တက္ကသိုလ် ကျောင်းသားကိုအောင်ဆန်း
အောင်းဆန်း၏ဘဝကို အထင်းအရှားမှတ်တမ်းတင်ရမည့် အစိတ်အပိုင်းသည်
တက္ကသိုလ်ကျောင်းသားဘဝဖြစ်သည်။။
၁၉၃၂ ခုနှစ် ဇွန်လတွင် ကိုအောင်းဆန်းတက္ကသိုလ်ကျောင်းသားအဖြစ်
တက္ကသိုလ်သို့ရောက်လာခဲ့သည်။
သူ စတင်နေထိုင်ရာကျောင်းဆောင်ခန်းသည် ပဲခူးကျောင်းဆောင်အောက်ဆုံးထပ်ရှိ
အခန်းတခန်းဖြစ်သည်။။ (ကိုယ့်ညီအကိုများ သွားကြည့်ကြလော၊ ဟုတ်သော်ရှိ
မဟုတ်သော်ရှိပေါ့)
တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်းသည် အခြားသောကျောင်းသားများနည်းတူ
အဖေါ်အပေါင်းနှင့် ပျော်ပါး၍မနေတတ်။။ သစ်သစ်လွင်လွင်
တောက်တောက်ပပလည်းမဝတ်။ ထိခေတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ဂုဏ်ပကာသန
မျိုးကို သူမဆင်ယင်။ သူဖတ်ချင်သောစာအုပ်ကိုသာ တကုပ်ကုပ်ဖတ်၍ အခါမလပ်
လေးနက်စွာတွေးတောနေထိုင်ခဲ့၏။။ တခါတရံမူ သူ့နှုတ်ဖျားမှ မြန်မာပြည်
"နိုင်ငံရေးဖြင့် အကျိုးနဲပါပြီး" ဟု ရေရွတ်နေတတ်၏။။။။
ထိုအချိန်က မြန်မာပြည်နိုင်ငံရေးအခြေအနေမှာ အိန္ဒိယပြည်နှင့် ခွဲရေး
တွဲရေးပြဿနာပေါ်ပေါက်နေ၏။
ထိုပြင် တကမ္ဘာလုံးစီးပွားရေးညံ့ဖျင်းမှုကြောင့်
မြန်မာပြည်စီးပွားရေးအခြေအနေလည်း ကျပ်တည်း၍
တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အဖို့ ပညာသင်ရေးပင်
အခက်အခေဲတွေ့ကြုံနေရသော အခါဖြစ်လေသည်။။
ကိုအောင်ဆန်းသည် ယင်းသို့ ပြည်ထဲရေးနှင့်ဝမ်းရေး
အရှုပ်အထွေးများအကြားမှာပင်နီုင်ငံရေး
စိတ်ဝင်စားမှုပိုမိုကြီးမားလာခဲ့ရသည်။
ထိုအတောအတွင်း မှာပင် ကိုအောင်ဆန်း၏တက္ကသိုလ်သက်တမ်းနှစ်နှစ်ကုန်၍
ဥပစာတန်းအောင်မြင်ခဲ့သည်။ ထိုအခါ ပထမနှစ် ဝိဇ္ဇာတန်းသား ကိုအောင်ဆန်းသည်
တက္ကသိုလ်ကျောင်းသား သမဂ္ဂအမူဆောင်လူကြီး ရွေးကောက်ပွဲ၌
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံလေသည်။။ သို့သော် ကိုအောင်ဆန်း
အနိုင်မရခဲ့ပေ။။။။
ကိုအောင်းဆန်း ဝိဇ္ဇာအထက်တန်းကျောင်းသားဖြစ်သောနှစ်တွင် ဒုတိယအကြိမ်
ဝင်ရောက်အရွေးခံပြန်၍ တက္ကသိုလ်ကျောင်းသား အမူဆောင်ဖြစ်လာသည်။။
(ဗိုလ်ချုပ်လိုလူတောင် တစ်ခါတည်း အောင်ပွဲရသည်မဟုတ် ညီငယ် ညီးမငယ်များ
စိတ်ဓါတ်ဘယ်တော့မှ မပျက်လေနှင့် ထပ်တလဲလဲ အားထုပ်ပါလော)
ထိုနှစ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုနု (ယခု ဝန်ကြီးချုပ်ဦးနု) ဖြစ်သည်။။
ကိုအောင်ဆန်းသည် သမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော အိုးဝေ စာစောင်စာတည်းအဖြစ်ဆောင်ရွက်သည်။
အိုးဝေစာစောင်၌ တက္ကသိုလ်အာဏာပိုင်အရာရှိပိုင်းမှ
ကိုယ်ကျင့်တရားဖေါက်ဖျက်နေသူတဦးအကြောင်း ဆောင်းပါးတစောင်နှင့်ပတ်သက်၍
တက္ကသိုလ် ကျောင်းအုပ်ကြီးက ကိုအောင်ဆန်းကို အရေးယူလေသည်။ ဥက္ကဋ္ဌ
ကိုနုအားလည်း နိုင်ငံရေး မလုပ်ရဟု တားမြစ်၏။ ထို့နောက် သမဂ္ဂဥက္ကဋ္ဌ
ကိုနုနင့် အိုးဝေးစာတည်း ကိုအောင်ဆန်းတို့အား ကျောင်းမှ ထုပ်လိုက်လေသည်။။
ထိုအခါ ကျောင်းသားတို့ကလည်း သပိတ်လက်နက်ကိုစွဲကိုင်၍ အာဏာပိုင်တို့အား
ပြန်လည်ကန့်ကွက်ကြရာ ၁၉၃၆ ခုနှစ်တွင် ကျောင်းသားသပိတ်ကြီး
ပေါ်ပေါက်လာခဲ့လေသည်။။။။
နိုင်ငံရေးလောကသို့ကူးပြောင်းခြင်း
၁၉၃၆ခု ကျောင်းသားသပိတ်မှစ၍ ကိုအောင်ဆန်း၏အမည်သည်
ထင်းရှားလာ၏၊ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သို့
အိန္ဒိယနိုင်ငံရေးခေါင်းဆောင် (ယခုအခါ အိန္ဒိယပြည်ဝန်ကြီးချုပ်)
ပဏ္ဍစ်နေရူးရောက်လာခဲ့ရာ မိမိတို့နိုင်ငံအသီးသီး
လွတ်လပ်ရေးရရှိမှုပြဿနာများကို ဆွေးနွေးခဲ့ကြ၏။။
၁၉၃၈ ခုနှစ်တွင် ကိုအောင်းသည် ဝိဇ္ဇာတန်းအောင်ပြီး ဥပစာတန်းသားအဖြစ်
တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌရာထူးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂရာထူး နှစ်ရပ်လုံးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက်
များမကြာမီမှာပင် ကျောင်းမှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့လေသည်။
ထိုအခါမှစ၍ ကိုအောင်ဆန်းလည်း တက္ကသိုလ်ကျောင်းသားဘဝမှ သခင်အောင်ဆန်းဘဝသို့
ရောက်လာခဲ့လေတော့သတည်း။။။
သခင်အောင်ဆန်း
သခင်အောင်းဆန်းဘဝနှင့် အိန္ဒိယပြည် ရမ်းဂါးကွန်ဂရစ်
အစည်းအဝေးသို့လည်းတက်ရောက်ခဲ့၏။ ၁၉၃၉ ခုနှစ်တွင်
သူနှင့်လုပ်ဖေါ်ကိုင်ဘက်များကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးသောအချိန်တွင်
သခင်အောင်းဆန်း သည် တိမ်းရှောင်နေခဲ့၏။။ ၁၉၄၀ ခုနှစ် ဇါန်လ ၂၉ ရက်နေ့တွင်
ဇလွန်မြို.၌ တရားဟောပြောရာ ရာဇဝတ်တရားသူကြီးက သခင်အောင်ဆန်းကို ဖမ်းရန်
အမိန့်ထုတ်ပြီး ဖမ်းဆီးမိလျင် ဆုငွေ ၅ိ ပေးမည်ဟု ကြော်ငြာခဲ့၏။။ ထိုအခါ
ကျောင်းသားများနှင့် ပြည်သူလူထုကပါ သခင်အောင်ဆန်း၏ ဂုဏ်ကို
စော်ကားရာရောက်သည်ဟု ကန့်ကွက်သဖြင့် ဆုငွေ ၅ိ နှင့်တကွ အမှုကိုပါ
ပိတ်လိက်ရ၏။။ ထိုအချိန်၌ သခင်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းမှ
တိမ်းရှောင်နေရင်း နိုင်ငံလွတ်လပ်ရေးကို ကြံဆနေခဲ့၏။။ ၁၉၄၀ ခုနှစ်
သြဂုတ်လတွင် သခင်းအောင်ဆန်းသည် လျိုဝှက်ရုပ်ဖျက်ကာ ဂျပန်ပြည်သို့
ထွက်ပြေးခဲ့၏။ ဂျပန်ပြည် တွင် ဂျပန်စစ်ဗိုလ်ကာနယ် ဆူဇူကီး နှင့်
တွေဆုံဆက်သွယ်ပြီး မြန်မာပြည်မှ အခြားရဲဘော်များကိုပါ တိတ်တဆိတ်
ပြည်ပသို့ ခိုးထုတ်ကာ တိုကျိုမြို.၌ "ရဲဘော်သုံးကျိတ်"
စတင်ဖွဲ့စည်းလိုက်၏။။
ဗိုလ်တေဇ
ထို့နောက် သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့သည် ဟိုက်နန်းကျွန်း၌
စစ်ပညာများ သင်ကြားပြီး ယိုးဒယားသို့လာခဲ့ကြ၏။ ယိုးဒယား၌ ဗမာ့လွတ်လပ်ရေး
တပ်မတော်ကိုဖွဲ့စည်းကာ မြန်မာပြည်တွင်းသို့ မဲဆောက်မှတစ်ကြောင်း
မြစ်တာမှတစ်ကြောင်း ကော့သောင်မှတစ်ကြောင်း စစ်သုံးကြောင်းဖြန့်ကာ
ချီတက်လာခဲ့၏။ ထိုဗမာ့လွတ်လပ်ရေး တပ်မတော်၌ သခင်အောင်ဆန်းသည်
ဗိုလ်တေဇအမည်ခံကာ စစ်ဦးစီးချုပ်တာဝန်ယူခဲ့၏။။
တော်လှန်ရေးနေ့
ဂျပန်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်တေဇအမည်ခံ
ဗိုလ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော် ကြိးကို ဖျက်သိမ်း၍
ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် အမည်မှည့်ခေါ်စေ၏။ ၁၉၄၃ ခုနှစ် သြဂုတ်လ တစ်ရက်
နေ့တွင် ဂျပန်တို့က မြန်မာပြည်အား အယောင်ဆောင်လွတ်လပ်ရေး ပေး၍
ဒေါတ်တာဘမော်ဦးစီးသော အစိုးရအဖွဲ့၌ ဗိုလ်အောင်ဆန်းကို စစ်ဝန်ကြီး
ရာထူးပေး၏။။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဖို့မှာမူ မြန်မာပြည်ကို
လုံးဝမသိမ်းရမီကပင် ဂျပန်တို့၏ ဆိုးရွာယုတ်မာမူများကို
စက်ဆုပ်ရွှံ့ရှာသဖြင့် ဂျပန်တို့အား ပြန်လည်းတော်လှန်ရန် အခွင့်ကောင်းကို
စောင့်လင့်နေခဲ့၏။ ဂျပန်တို့၏ ဖိနှိပ်မှု
ရက်စက်မူများကြီးမာလာသည့်အလျောက် တော်လှန်ရေးစိတ်ဓါတ်များလည်း
ပြင်းထန်လာရာ၁၉၄၅ ခု မတ်လ ၂၇ ရက်နေတွင် ဗိုလ်ချုပ်သည်
သူ၏တပ်မတော်သားအားလုံးအား ဂျပန်တို့ကို တော်လှန်ရန်
အမိန့်ခုတ်လိုက်လေသည်။ ထိုအခါမှစ၍ ဂျပန်တော်လှန်ရေး ကြီးအစပြုခဲ့လေသည်။။။
ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်တို့အား တော်လှန်ပြီးသည့်နောက် မြန်မာပြည်ကို အင်္ဂလိပ်တို့
ပြန်လည်သိမ်းပိုက်ကြ၏ ထိုအခါ ဗိုလ်ချုပ်သည် ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြိးကိုတည်ထောင်ကာ အင်္ဂလိပ်အစိုးရထံမှ
မြန်မာနိုင်ငံလုံးဝ လွတ်လပ်ရေးကို တောင်းဆိုလေတော့သည်။။။
ဗိုလ်ချုပ်သည် ပထမဦးဆုံး ဖဆပလ ဥက္ကဋ္ဌကြီးအဖြစ် လွတ်လပ်ရေးတောင်းဆိုရာတွင်
အင်္ဂလိပ်တို့ကလည်း အမျိုးမျိုးအဖုံဖုံ ပရိယာယ်ကိုသုံး၍ နေကြ၏။။
ထိုအချိန်က အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ဖဆပလ အဖွဲ့ကြီးကို
အပေါ်ယံလိုလားဟန်ပြ၍ တကယ်တမ်း၌ ပစ်ပယ်ခဲ့သဖြင့် တိုင်ပြည်အုပ်ချုပ်ရေး
မနိုင်မနင်းဖြစ်ကာ ဘုရင်ခံအသစ် ဆာဟူးဗတ်ရန့်အား
ရာထူးလွဲပြောင်းပေးရလေသည်။။ ထိုအခါ ဘုရင်ခံ ဆာဟူးဗတ်ရန့်က ဖဆပလ
အားအစိုးရဖွဲ့စေ၏။။ ၁၉၄၆ ခုနစ်တွင် ဖဆပလ အဖွဲ့သည် အစိုးရဖြစ်လာ၏။
သို့သော်လည်း လွတ်လပ်သော အချုတ်အခြာအာဏာပိုင် အစိုးရအဖြစ် မရောက်သေးပေ။
ထို့ကြောင်ဗိုလ်ချုပ်ခေါင်းဆောင်သော ဖဆပလ အဖွဲ့က မြန်မာနိုင်ငံကို
အာဏာလွဲပြောင်းမပေးလျင် ရှေခြေတစ်လမ်းတိုး ဆောင်ရွက်မည်ဖြစ်ကြောင်း
ကြွေးကြော်လိုက်ရာ အင်္ဂလန် အစိုးရအဖွဲ၌ပင် ပြဿနာပေါ်ရလေတော့သည်။ ထို့နောက်
ဗိုလ်ချုပ်အပါအဝင် ကိုယ်စလှယ်ခြောက်ယောက်တို.ကို အင်္ဂလန်သို့ခေါ်၍
လွတ်လပ်ရေးပေးရန် ဆွေးနွေးရလေသည်။။။
ညီညွတ်ရေး ခေါင်းဆောင်ဗိုလ်ချုပ်
ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုဆောင်ရွက်ရာ၌ အင်္ဂလိပ်တို့၏ နယ်ချဲ့ပရိယာယ်ကို
အခါမလပ် သတိထားသည် အင်္ဂလိပ်သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးစေကာမှု
တောင်တန်းဒေသ လူမျိုးစုများကို ဆက်လက်သိမ်းပိုက်ထားလို၏ သို့အတွက်
ပြည်ထောင်စု စိတ်ဝမ်းကွဲရေးကို ပြုလုပ်ဆောင်ရွက်မည့်သဘောကို ဗိုလ်ချုပ်
ဆင်ခြင်မိသည် ထိုကြောင့် ဗိုလ်ချုပ်သည် တောင်တန်းဒေသများသို့
ကိုယ်တိုင်သွားရောက်ကာ ရှမ်း ကချင် ကရင် ကယား ချင်းတိုနှင့်
ညီညွတ်ရေးရရှိရန် ဆောင်ရွက်ခဲ့၏။
ယင်းသို့ ပြည်ထောင်စု ညီညွတ်ရေးအတွက် ၁၉၄၇ ခု နှစ် ဖေဖော်ဝါရီလ ၁၂
ရက်နေ့တွင် ရှမ်းပြည်၌ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပင်လုံကွန်ဖရင့်
ကြီးခေါ်ဆိုကာ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအခါမှစ၍ ပြည်ထောင်စုနေ့ဟူ၍
ပေါ်ပေါက်ခဲ့ပေသည်။
လွတ်လပ်ရေး အဓိဋ္ဌာန်
ထို့နောက် ဗိုလ်ချုပ်သည် အင်္ဂလန်သို့သွား၍ အင်္ဂလန်အစိုးရနှင့်
လွတ်လပ်ရေးရရှိရန် ဆွေးနွေးခဲ့၏။ တစ်နှစ်အတွင် လွတ်လပ်ရေးရရမည် ဟူသော
ကြွေးကြော်သံဖြင့် တိုင်းပြည်ပြုလွတ်တော်ရွှေးကောက်ပွဲ၌ ဝင်ရောက်အရွှေးခံရာ
ဗိုလ်ချုပ်၏ ဖဆပလ အဖွဲ့သည် လူထုတစ်ရပ်လုံး၏ ထောက်ခံမူကို ရရှိခဲ့ပေသည်။
ဗိုလ်ချုပ်၏ အိမ်ထောင်စု
ဗိုလ်ချုပ်သည် ၁၉၄၂ ခုနှစ်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက်
သ္မီးနှစ်ယောက်ဖွားမြင်ခဲ့၏။
သို့သော် အငယ်ဆုံးသ္မီးထွေးမှာ ဗိုလ်ချုပ်လွတ်လပ်ရေး ကြိုးပမ်းနေဆဲ့မှာပင်
ကွယ်လွန်ဆုံးပါးခဲ့ရှာ၏။
ထိုကြောင့် ဗိုလ်ချုပ်ကွယ်လွန်သောအခါ သားနှစ်ယောက်နှင့် သမီးတယောက်
ကျန်ရစ်ခဲ့လေသည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်
၁၉၄၇ ခုနစ် နှစ်ဝက်ကျိုးသောအချိန်တွင် ဗိုလ်ချုပ်ကြိုးပမ်းသော လွတ်လပ်ရေး
အောင်ပန်းကို ရလုဆဲ အခြေအနေသို့ ဆိုက်ရောက်လာ၏။ ဗိုလ်ချုပ်အောင်ဆန်းသည်
ရအံ့ဆဲလွတ်လပ်ရေး ကြီးအတွက် အားတက်ခါ မြန်မာနိုင်ငံကြီးရှေရေးကို
သူ၏ဝန်ကြီးအဖွဲ့နှင့် အခါမလပ် တိုင်းပင်ဆွေးနွေး စီစဉ်ခဲ့ပေသည်။
ယင်းသို့ ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ သခင်မြ မန်းဘခိုင်
မိုင်းပွန်စော်ဘွား ဦးဘချို ဦးဘဝင်း မစ္စတာရာဇတ် တို့သည်
တိုင်းပြည်အကျိုးကို သယ်ပိုးနေစဉ်မာ ၁၉၄၇ ခုနစ် ဇူလှိုင်လ ၁၉ ရက်နေ့တွင်
လူသတ်သမားတို့၏ လက်ချက်ဖြင့် အနိစ္စ ရောက်ခဲ့ကြရလေသတည်း။။
(ကိုအောင်းဆန်းမွေးနေအမှတ်တရ)
ဟိုရှေးယခင် (ခုနှစ်မသိ) သတ္တမတန်းမြန်မာစာ မှ ကူယူဖေါ်ပြပါသည်။။
**ရှင်အာယု SSA (မန်းသီတဂူ)**
x
From-သုည
Subscribe to:
Post Comments (Atom)
No comments:
Post a Comment