Saturday, August 25, 2012

မိုးရွာသွန်းမှုကြောင့် ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခကို ဆိုးရွားစွာခံစားခဲ့ရ

မိုးတစ်ကြိမ် ရွာသွန်းသည်နှင့် ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခကို ဆိုးရွားစွာခံစားခဲ့ရ

ရန်ကုန်မြို့တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးတစ်ကြိမ် ရွာသွန်းသည်နှင့် ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများမှာ ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခတို့ကို ဆိုးရွားစွာ ခံစားခဲ့ကြ ရသည်။

ထိုသို့ ဆိုးရွားစွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်းမများပေါ်တွင် ခရီးသည်တင် မော်တော်ယာဉ်ကြီးများ သွားလာ၍ မရလောက် အောင်ရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းနှင့် ရေကြီးမှုဖြစ်စဉ် ဖြစ်ပွားချိန်သည် အများပြည်သူ ရုံးဆင်းချိန်နှင့် အလုပ်ပြန်ချိန်များတွင် ဖြစ်ခြင်း တို့ကြောင့်ဖြစ်သည်။


တာမွေမြို့နယ် အောင်ချမ်းသာ အိမ်ယာတွင် နေထိုင်သူတစ်ဦးက "အရင်နှစ်တွေက မိုးများရင် ရေကြီး တက်ပေမယ့် အခုလောက်ထိတော့ မဖြစ်ဖူးပါဘူး။ အခုလိုမျိုးဘာကြောင့် ဖြစ်ရတာလဲ မသိပါဘူး။ မိုးကများ တယ် ဆိုပေမယ့် ဒီလောက်ထိ ရေလျှံတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ရေမြောင်းစနစ်တွေ ကောင်းမယ်ဆိုရင် ဒီလောက်ကြီး မဆိုးနိုင်ပါဘူး။ ဘက်စ်ကားတွေကိုလည်း ရေများနေလို့သွားလို့ မရဘူး ပြောတာတောင် သွားကြတော့ စက်ပျက်ပြီး လူတွေ ၀ိုင်းတွန်းနေကြရတာ ခဏခဏမြင်နေရတယ်" ဟု ပြောပြခဲ့ပါသည်။

အဆိုပါ အောင်ချမ်းသာအိမ်ယာ ရှေ့တွင် လေးပေ၀န်းကျင် နေလျှံမှုဖြစ်ပေါ်နေသော ကြောင့်မော် တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်ခြင်း မရှိသဖြင့် ရွှေဂုံတိုင်လမ်းမကြီး တစ်လျောက်၊ ဦးချစ်မောင်လမ်း မကြီးတစ်လျှောက်နှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် လမ်းများတွင် ဆိုးရွားစွာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။

ထို့ပြင်ရေကြီးမှုကြောင့် မော်တော်ယာဉ် အချို့စက်ချို့ယွင်းမှုမျာျးနှင့် ယာဉ်မောင်းသူအချို့ကလမ်း စည်းကမ်း ဖောက်ဖျက်ပြီး ယာဉ်ကြောပြောင်းပြန် မောင်းနှင်မှုများကြောင့်လည်း ယခုကဲ့သို ပိုမိုယာဉ်ကြောပိတ် ဆို့မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည် ဟုသိရသည်။

မြို့တွင်းမြို့နယ်များရှိကား မှတ်တိုင်များတွင်လည်း အလုပ်မှ ပြန်မည့်သူအချို့မှာ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် လမ်းလျောက် ပြန်ခဲ့ကြရပြီး အင်းစိန်၊ ဘုရင့်နောင်၊ လှိုင်သာယာ စသဖြင် မြို့တွင်းနှင့် ဝေးကွာသော နေရာများတွင် နေထိုင်သူများမှာမူ ဘတ်စ်ကားများအား အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။

"အိမ်ပြန်ရတာ ဒီနေ့လောက် ခက်တာ မကြုံဖူးဘူး။ ကားကကြပ်တာ တစ်မျိုးလမ်းပိတ်နေတာ တစ်မျိုး၊ တော်တော် စိတ်ညစ်ပါတယ်။ ကားကြောပိတ်တာ အခြေအနေတော်တော်ဆိုးတယ်။ ရန်ကင်းဈေးကွေ့ကနေ ကားစပိတ်တာ တာမွေအ၀ိုင်းထိပ်ထိ တစ်နာရီကျော်ကြာတယ်" ဟု တောင်ဥက္ကလာမြို့နယ်မှ တာမွေမြို့နယ်သို့ ဘတ်စ်ကားစီး၍ ပြန်လာသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောပါသည်။ 
 ygnflood2
ရန်ကုန်မြို့ ဦးချစ်မောင်လမ်းမတွင် ယာဉ်ကြောများ ဆိုးရွားစွာ ပိတ်ဆို့နေမှုကို သြဂုတ်လ ၂၄ရက် ညနေပိုင်က တွေ့ရစဉ်           

အချို့မြို့နယ်များတွင် မိုးသည်း ထန်စွာရွာခြင်းကြောင့် နေအိမ်အတွင်းရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။  

ကြည်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင်လည်း ၎င်းမြို့နယ်နှစ်ခုအကြားရှိ ရန်ကုန်မြစ်သို့ ထွက်ပေါက်ဖြစ်သော ရေမြောင်းကြီးအား Asia World ကုမ္ပဏီမှကွန်ကရစ်များဖြင့် ဖုံးအုပ်ထားခြင်းများ ပြု  လုပ်ခဲ့ခြင်းတို့ကြောင့် နေအိမ်များအတွင်း ရေ၀င်ရောက်မှုများဖြစ်ပွားခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများက အဆိုပါ ရေမြောင်းအား ပြန်လည်ဖွင့်ပေးရန် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသည်။    

ထိုသို့ ဆန္ဒဖော်ထုတ်မှုကြောင့် ကမ်းနားလမ်းတွင် ကုန်သေတ္တာ ယာဉ်များတန်းစီ ပိတ်ဆို့မှုဖြစ် ပေါ်ခဲ့ပြီး ညနေ ငါးနာရီဝန်းကျင်မှ ညဆယ်နာရီဝန်းကျင် အချိန်ထိ အဆိုပါ ကမ်းနားလမ်းအား အသုံးပြုနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် အထက် ကြည့်မြင်တိုင်လမ်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။              

လက်ရှိယာဉ်ကြော ပိတ်ဆိုမှုဒဏ်ကို ငွေကြေးတတ်နိုင်သည့် ကိုယ်ပိုင်ကား စီးသူများ ထက်လက်လုပ် လက်စားများ၊ အစိုးရ၀န်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်း အများစုတို့မှာ ပိုမိုခံစားခဲ့ကြရပြီး ယာဉ်ကြော ပိတ်ဆို့မှု ဒဏ်အပြင် ဘက်စ်ကားပေါ်တွင် ခရီးသည် ကြပ်ညပ်သည့်ဒဏ်၊ ခရီးသည် တင်ယာဉ်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းဒုက္ခ တို့ကိုခံစားခဲ့ရသည်။          

ထို့ပြင် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားရခြင်း၏ အခြားအကြောင်းအရင်းများမှာ လမ်းကို အပြည့်အ၀ အသုံးမပြုနိုင်ခြင်း၊ လမ်းအသုံးပြုသူများ၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနှင့် အရေးယူမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ သုံးသပ်ပြောကြားခဲ့ကြသည်။ 
ygnflood3         

ယာဉ်ကြောများပိတ်ဆို့မှုကြေ
ာင့် လမ်းလျှောက်ပြန်နေကြသော ပြည်သူများကို သြဂုတ်လ ၂၄ရက် ညနေပိုင်းက တွေ့ရစဉ်
ယာဉ်ကြောပိတ်ဆို့ရခြင်း၏ အဓိကအကြောင်းအရင်းများတွင် ၁၉၆၈ခုနှစ်က ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသည့်ယာဉ် အစီးရေ ၃၄၀၀၀ခန့်သာ ရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ၁၆၈၆၂၆ စီးရှိခဲ့ကြောင်းနှင့် လက်ရှိ အချိန် တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၂၇၉၀၀၀ကျော်သို့ ရောက်ရှိလာပြီး ယာဉ်အစီးရေ ပိုမိုများပြားလာခြင်းတို့ကြောင့်လည်း ပါဝင်သည်။
 By__Eleven Media Group

Tuesday, August 21, 2012

ဧရ၀တီတိုင်း (၉၂) ရာခိုင်နှုန်းရေမြုပ်နေ




သန့်စင်ငြိမ်းချမ်း

ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ မြို့နယ် ရှိသည့်အနက် ၂၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ယမန်နေ့က သွားရောက်ခဲ့သည့် သာပေါင်းမြို့နယ် ကယ်ဆယ် ရေးခရီးစဉ်တွင် ပြောကြားသည်။

လွှတ်တော် ဥက္ကဋ္ဌ၏ ပြောဆိုချက်အရ ဧရာဝတီတိုင်း၏ ၉၂ ရာခိုင်နှုန်းမှာ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“သာပေါင်းမြို့ဆိုရင် မီးသတ်စခန်းရှိတဲ့ ကုန်းကွက်ကွက်ကလေးက လွဲလို့ တမြို့လုံး မြုပ်နေပါပြီ။ မီးသွေးတိုက်အုပ်စုက ရွာလေးငါးရွာဆိုရင် အိမ်ခေါင်တွေ အထိကို မြုပ်နေတာကို တွေ့ရပါတယ်
တော်တော်များများက အိမ်ခေါင်နားမှာ စင်လေးထိုးပြီး ၀မ်းလျားမှောက်နေ ရတဲ့ အခြေအနေတွေ ရှိပါတယ်” ဟု လွှတ်တော် ဥက္ကဋ္ဌက ၎င်းကယ်ဆယ်ရေးသွားစဉ် မြင်တွေ့ခဲ့ရသည့် အခြေအနေများအား ပြောပြ သည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြစသဖြင့် ခရိုင် ၆ ခုရှိသည့်အနက် လပွတ္တာခရိုင်ရှိ မြို့နယ် ၂ ခုမှ လွဲ၍ ကျန်ခရိုင်များအားလုံး ရေကြီးမှု ကြုံတွေ့နေသည်။

တိုင်းမြို့တော် ပုသိမ်တွင် ရပ်ကွက် ၁၅ ခု ရေမြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ၃၃ ခုတွင် ဒုက္ခသည်ပေါင်း ၇၅၅၉ ဦး ခိုလှုံနေကြောင်းနှင့် သာပေါင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၅၁ ခုရှိပြီး ဒုက္ခသည် ၁၂၀၀၀ ကျော် ခိုလှုံနေရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ စာရင်းအရ သိရသည်။

ထို့ပြင် ကန်ကြီးထောင့်၊ ဒါးက၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်း၊ ကျုံပျာ်စသည့် မြို့နယ် များတွင်လည်း ရေနစ်မြုပ်မှုကြောင့် သောင်းနှင့်ချီသော ဒုက္ခသည်များမှာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။

လူနေအိမ်များသာမက စာသင်ကျောင်းများလည်း ရေမြုပ်နေသည့်အတွက် ပုသိမ်၊ သာပေါင်း၊ ဒါးက၊ ကျောင်းကုန်းအပါအ၀င် မြို့နယ် အတော်များများတွင် ကျောင်းများ ယနေ့တိုင် ပိတ်ထားရသည်။
ယမန်နေ့က ရရှိထားသည့် သတင်းများအရ တိုင်းတစ်ခုလုံးတွင် လယ်ဧက ၂ သိန်း ၅ သောင်း ကျော် ရေနစ်မြုပ်နေကြောင်း ဦးဆန်းဆင့်က ပြောသည်။

“ကျနော်တို့ မနေ့ကအထိ ရတဲ့သတင်းအရဆိုရင် လယ်ဧက ၂ သိန်း ၅ သောင်းလောက် ရေနစ်မြုပ်နေပါပြီ။ စပါးပင်တွေ ဘယ်လောက်သေမယ်၊ ဘယ်လောက်ကျန်မယ်ဆိုတာတော့ ရေကျတဲ့ အခြေအနေအပေါ် မူတည်ပြီးမှပဲ ပြောနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးဆန်းဆင့်က ပြောသည်။

ရေနစ်မြုပ်နေသည့် စပါးများအနက် ဧက ၅ သောင်းခန့်မှာ ဆုံးရှုံးပျက်စီးသွားပြီဖြစ်ကြောင်း ဧရာဝတီတိုင်း ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ဧရာဝတီကို ပြောသည်။

“စိုက်ပျိုးထားတဲ့ အရင်းအနှီးက တဧကကို ၁ သိန်းလောက်ရှိတော့ ဧက ၅ သောင်းဆိုတော့ သိန်း ၅ သောင်းဖိုး ဆုံးရှုံးသွားတာပေါ့”ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆုံးရှုံးသွားသည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရန် တဧကလျှင် ၁ တင်းခွဲနှုန်းဖြင့် ဧက ၂၀၀၀၀ စာ မျိုးစပါး တင်း ၃၀၀၀၀ ကို ရေနစ်မြုပ်နေသည့် မြို့နယ်များမှ လယ်သမားများကို လှူဒါန်းပေးအပ်သွားမည်ဟု ဦးဝင်းမြင့်လှိုင်က ဆိုသည်။

သာပေါင်းမြို့နယ်တွင် ၂၀၀၄ ခုနှစ်က ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော်လည်း ယခုတကြိမ်မှာ အဆိုးဝါးဆုံး ဖြစ်ကြောင်း သာပေါင်းဒေသခံများက ပြောဆိုကြသည်။

“ဒီရေကြီးမှုက စံချိန်တင်လို့ ပြောလို့ရတယ်။ ၂၀၀၄ ခုနှစ်တုန်းက ရေကြီးပေမယ့် ဒီလောက် မဆိုးဘူး။ အိမ်ကို တစ်ခါလောက် အဆင့်မြှင့်နေလိုက်ရင် ရတယ်။ ခုက ၃ ခါလောက် ဆင့်နေရတယ်။

အဲဒါတောင် ရေတက်မြုပ်လို့ ဒုက္ခသည်စခန်း လာနေနေတာ”ဟု သာပေါင်းမြို့နယ် ထန်းစင်လှကျေးရွာမှ ရေဘေးဒုက္ခသည်တဦးက ပြောသည်။

ရေကြီးမှုကြောင့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌက အရေးပေါ် လွှတ်တော် အစည်းအဝေးကို သြဂုတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခေါ်ယူထားသည်။

တိုင်းအနှံ့အပြားတွင် ရေကြီးမှုများ ကြုံတွေ့နေသည့်အတွက် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ရန် ကျုံပျော်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက သြဂုတ်လ ၁၅ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ယခုအခါ တိုင်းအစိုးရအဖွဲ့နှင့်လွှတ်တော်က ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့က သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ရေဘေးဒုက္ခသည် ၂၀၀၀၀ ကျော်အတွက် ဆန်အိတ် ၁၃၀၊ ကယ်ဆယ်ရေးပစ္စည်း ၆ မျိုးတွဲ ၃၂၅ စုံနှင့် ခေါက်ဆွဲခြောက်ဖာ ၃၉ ဖာကို ယခုလ ၁၈ ရက်နေ့က သွားရောက် ထောက်ပံ့ခဲ့သည်။

ထို့ပြင် ယမန်နေ့ကလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့က ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း မြို့နယ်တို့တွင် ထမင်းထုပ် ၃၅၀၀၀ ဝေမျှခဲ့ပြီး လွှတ်တော် ဒု - ဥက္ကဋ္ဌ ဒေါက်တာ ထိန်ဝင်းအဖွဲ့က သာပေါင်း၊ ကန်ကြီးထောင့်မြို့နယ်တို့တွင် ထမင်းထုပ် ၂၅၀၀၀ ဝေမျှခဲ့သည်။

လက်ရှိတွင် ရေကြီးမှု နောက်ဆက်တွဲအဖြစ် တာတမံများ ကျိုးပေါက်ခဲ့ပါက ပြည်သူအများ သေကြေ ပျက်စီး မည်ဖြစ်သည့်အတွက် ကျိုးပေါက်မှု မရှိစေရန် ကြိုးစား ဆောင်ရွက် နေကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

“ရေကြီးမှုကို ကျနော်တို့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဖိုးကာ သီချင်းလို တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့် လုပ်မနေပါဘူး။ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးသွားပါ့မယ်”ဟု ဦးဆန်းဆင့်က သာပေါင်းဒေသ ခံများအား ပြောဆိုခဲ့သည်။


ဧရာဝတီ Blog

Wednesday, August 15, 2012

ဒုတိယ သမ္မတ အဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကျမ်း သစ္စာ ကျိန်ဆို


551886_404082312986742_617923320_n
၃ လ နီးပါး ကြာ လစ်လပ် နေသည့် ဒုတိယ သမ္မတ ရာထူး အတွက် ယနေ့  ပြည်ထောင်စု လွှတ်
တော် တွင် တပ်မ တော် သား ကိုယ်စားလှယ်များ က ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ရွေးချယ်ရာ ၎င်း က လွှတ်တော် နာယက ဦးခင်အောင်မြင့် က
တိုင် တည် ပေး သည့် ကျမ်း သစ္စာ ကို ကျိန် ဆို ပြီး နောက် ဒုတိယ သမ္မတ အဖြစ် ရောက်ရှိ သည်
ကို FNG မှ သတင်း ရရှိသည်။
ယခင် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက် အပါ အ၀င် ၁၉၉၈ ခုနှစ် နောက်ပိုင်း
စစ်အစိုးရ အာဏာရှိ စဉ် ကာလ အထိ ရေတပ် နှင့် လေတပ် မှ ထိပ်တန်း အရာရှိ များ သည် အစိုး
ရ အဖွဲ့  တွင်း ဉ်  ထိပ်တန်း ရာထူးများ ကို ပေး အပ် ခြင်း မရှိ ခဲ့ ကြချေ။
ကျမ်း သစ္စာ ကျိန် ဆို ပွဲ သို့  ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုး ကြီး မင်းအောင် လှိုင် တက်
ရောက် ခဲ့ ပြီး ၊ သမ္မတ ဦးသိန်းစိန် တက်ရောက် နိုင်ခဲ့ ခြင်း မရှိ ကြောင်း သိရသည်။
အသက် ၅၈ နှစ် အရွယ် ရှိ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် စစ်တက္ကသိုလ် အပတ် စဉ် ၁၆ မှ အောင်မြင်
ခဲ့ သူ ဖြစ် ပြီး တနင်္သာ ရီ ရေ တပ် စခန်း ၊ ဧရာဝတီ ရေ တပ် စခန်း တို့  တွင် တာဝန် ထမ်းဆောင်ခဲ့ သည်။
၎င်းသည်  ယခု စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသည့်  ဦးသာအေး နှင့် သင်
တန်း တစ်ပတ် စဉ် တွင် အတူ တက်ရောက် ခဲ့ သူ ဖြစ်သည်။
“”ဒုသမ္မတ(၂)အကြောင်းတစေ့တစောင်း”"  via Oo Yaung’s Social Network 
စစ်တက္ကသိုလ်အပါတ်စဉ်(၁၆)၊အောင်ဇေယျတပ်ခွဲဆင်းဖြစ်ပါတယ်။
တပ်မတော်(ရေ)တွင် ဒုဗိုလ် မှ ဗိုလ်ချုပ်ကြီးအထိတာဝန်ထမ်းဆောင်ခဲ့သည်။
ဇီးကုန်းသားတယောက်ဖြစ်ပြီး ၊ လူရည်ချွန် ၂ ထပ်ကွမ်းရရှိခဲ့ပါတယ်။
အမေရိကန်/အင်္ဂလန်တို့တွင် တပ်မတော်ဆိုင်ရာသင်တန်းများစွာတက်
ရောက်ခဲ့သူဖြစ်ပါတယ်။အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ) သင်တန်းတွင် မြန်မာ
တပြည်လုံး ပထမ ရရှိခဲ့ပါတယ်။နိုင်ငံတကာဆက်ဆံရေး ၊လူမှုပေါင်းသင်း
ဆက်ဆံရေးကောင်းမွန်သူတဦးလဲဖြစ်ပါတယ်။ အနုပညာ ဝါသနာပါသူ
တဦးဖြစ်ပြီး တပ်မတော်(ရေ) ဇာတ်ကားများတွင်ပါဝင်သရုပ်ဆောင်ဘူးပါတယ်။
ဦးဝင်းဦး သီဆိုသော တိမ်လွှာမို့မို့လွင် သီချင်းသီဆိုရာတွင် ဦးဝင်းဦး ကဲ့သို့ထပ်
တူသီဆိုနိုင်ပါတယ်။
 by FNG on August 15, 2012

Saturday, August 11, 2012

ဘင်္ဂလားဒေရှ် မှာ ပလီ ကို မိုးကြိုးပစ် ၁၃ ဦး သေဆုံး

ဘင်္ဂလား ဒေရှ် နိုင်ငံ အရှေ့ မြောက် ပိုင်း ရှိ ဝေးလံ ခေါင်းသီ သော ကျေး ရွာ တစ်ခု မှ ဗလီ တစ်
ခု အား မိုးကြိုး ပြစ် ရာ ၁၃ ဦးသေဆုံး သွား ပြီး ၊ ၂၀ ကျော် ဒဏ်ရာ ရရှိသည်။ 
မွတ်ဆလင် ဘာသာ ၀င် တို့  အထွတ် အမြတ် ထား ရာ ရာမာဒန် ဥပုတ် ကာ လ တွင် သောကြာ
နေ့  ဉ် ဆုတောင်းမှု ပြု လုပ် နေ စဉ် လျှပ် နွယ် ၊ လျှပ် ပန်း များ မိုးလုံး ပြည့် ဗျူဟာဆင် ပြီး နောက်
တွင် လူ လေး ဆယ် နီး ပါ စုဝေး ဆု တောင်း နေသည့် ဆွာရာဝတီ ရွာ မှ ဗလီ ကို ပြစ် ချလိုက် ခြင်း
ဖြစ်သည်။
ဘင်္ဂလားဒေရှ် နိုင်ငံ တွင် ယခု ရက် ပိုင်း အတွင်း မိုးသည်း ထန် စွာ ရွာ သွန်း  ပြီး ရေ ကြီး မြေပြိုမှု
များ ဖြစ်ရာ လူ ပေါင်း ရာ နှင့် ချီ သေဆုံး မှု များ ရှိခဲ့ သည်။
လှေ ကို သာ အား ထား ပြီး ခရီးသွား လာရသည့် ထိုရွာ တွင် ရာမဒန် ဥပုတ် ကာလ အတွက် မိုးကြိုး
ပြစ်ခံရသည့် ဗလီ ငယ် ကို ရွာ သား များ က တည် ဆောက် ထား ခြင်း ဖြစ်သည်။
 by FNG on August 11, 2012

Friday, August 10, 2012

ပြည်လုံးကျွတ်သန်းခေါင်စာရင်းရလဒ် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက် အလက်များ ကို ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၀န်ကြီး ဦးခင်ရီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ရေနံချောင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော် ထွန်း၏မေးခွန်းကို ထိုကဲ့သို့ ဖြေကြားခဲ့ ခြင်းဖြစ်သည်။
၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံ နိုင်ခြင်းမရှိခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ယခုနှစ်မှ စတင် ကောက်ယူမည်ဖြစ်ရာ သုံးနှစ်နှင့် ၁၀ လ ခန့် အချိန်ရရှိသည်။
ထိုသို့ကောက်ခံရာတွင် အဆင့် လေးဆင့်ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ခံ ခြင်း၊စာရင်းပြုစုခြင်း၊ လေ့လာဆန်းစစ် ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန်ခြင်း တို့ ပါဝင်မည်ဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရမည်ဖြစ်သောကြောင့် ၀န်ထမ်းများအား အဆင့်မြင့်သင်တန်းများ ပို့ချပေးခြင်း၊သန်းခေါင် စာရင်း အတွက်အသုံးပြုမည့် နည်းပညာရပ် များအတွက် လိုအပ်သောစက်ကိရိယာ များတပ်ဆင်ခြင်း၊ ကွန်ပျူတာနည်းပညာ ရပ်ပိုင်း ဆိုင်ရာများကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် ပြည်သူလူထုသို့ မေးမြန်း ကောက်ခံရမည့် မေးခွန်းများအတွက် အချက်အလက်များရရှိရန် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ ခြင်းများလည်း ပါဝင်မည်ဖြစ်သည်။
"သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် လွှတ်တော်လူမှုဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး မိမိတို့ ဌာနနဲ့ စတင်ပူး ပေါင်းဆောင်ရွက်နေ ပါတယ်"ဟု ဦးခင်ရီက ပြောသည်။
ထိုသို့ကောက်ခံပြီးသည့်နောက်ပိုင်း တွင် လူဦးရေးဆိုင်ရာ ပေါ်လစီများ ထွက်ပေါ်လာနိုင်ပြီး ကိန်းဂဏန်းများလည်း မှန်မှန်ကန်ကန် ရလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ အောက်တို ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လူဦး ရေစာရင်းမှာ ၆၀ ဒသမ ၃၈ သန်းဖြစ် ကြောင်း ဦးခင်ရီ က ပြီးခဲ့သည့် ဇန်န၀ါရီ လအတွင်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ တိုးနှုန်းမှာ ယခင် ၁၉၈၈ နောက်ပိုင်းက ၂ ဒသမ ၀၂ ရာခိုင်နှုန်းမှ ယခုနောက်ဆုံး နှစ်တွင် ၁ ဒသမ ၀၁ ရာခိုင်နှုန်းသို့ ကျဆင်း သွားကြောင်း ဦးခင်ရီက ပြောခဲ့သည်။
by-Myanmar time - http://www.myanmar.mmtimes.com/2012/naypyitaw/581/npt03.html

ဦးတည်ရာလမ်းကြောင်း ပျောက်သွားခြင်းတဲ့လား

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တစ်ခုကို ဖောက်ဖျက်မှုဖြင့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်နှစ်စောင်၏ ထုတ်ဝေ ခွင့်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်အပေါ် ပြည်တွင်း၊ ပြည်ပမီဒီယာဌာနများစွာနှင့် စာနယ် ဇင်းအဖွဲ့အစည်းအသီးသီးက အမျိုးမျိုး အဖုံဖုံ ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ အချို့က ပြန်ကြားရေးဝန်ကြီးဌာန၏ တရားလက်လွတ် အရေးယူမှုဟု ဆိုသည်။
အချို့က ဦးတည်ရာ လမ်းပျောက် သွားခြင်းဟု ဝေဖန်သည်။ အချို့က ခေတ်ပြောင်း စနစ်ပြောင်းနှင့်နိုင်ငံရေး အခင်းအကျင်းသစ်ကို နားလည်မှု မရှိဘဲ ၎င်းတို့၏ အခန်းကဏ္ဍ မှေးမှိန် သွားမည့်အရေးကိုသာပူပန်ဆောင်ရွက် ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။
အချို့က နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များနှင့်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု ကို နည်းမျိုးစုံဖြင့် ဟန့်တားခြင်းဟု ဆိုသည်။
အချို့က ဒီမိုကရေစီစနစ်ကို တကယ်သွားနေတယ်ဆိုတာကို ပြန် ကြားရေးဝန်ကြီးဌာနကော သိရဲ့လားဟု ပြက်ရယ်ပြုသည်။
အချို့က နိုင်ငံတကာ က စောင့်ကြည့် နေတဲ့ အပြုသဘောအမြင်တွေ၊ အဆိုး မြင်ရှုထောင့် တွေမှာ ပြန်ကြားရေးဝန်ကြီး ဌာန၏ လုပ်ရပ်က အဆိုးမြင်ရှုထောင့် တွေကို အနိုင်ပေးကြောင်း သက်သေပြ သလိုဖြစ်နေသည်ဟု တိုက်ခိုက်သည်။
အချို့က ထုတ်ဝေခွင့်များကို ရက်အကန့် အသတ်မရှိ ပိတ်ပင်ခြင်း ဖြစ်သည်ဟု မီးလောင်ရာလေပင့် ဆိုကြပြန်သည်။
လူ့ပတ်ဝန်းကျင်တစ်ခုအတွင်း အဖွဲ့အစည်းတစ်ခုသည် ကြီးမားသော လုပ်ငန်းကိုဖြစ်စေ၊ သေးငယ်သော လုပ်ငန်းကိုဖြစ်စေ အောင်မြင်ရန် အတွက် လုံ့လ၀ီရိယ ထုတ်ဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက် နှင့်တစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း၊ အပြန် အလှန် နားလည်မှုရရန် ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည် တို့ကို မဖြစ်မနေ လုပ်ဆောင်ကြရသည်။
ယခုအခြေအနေ၌ အထက်တွင် ရေးသားဖော်ပြခဲ့သကဲ့သို့ စွပ်စွဲ ဝေဖန်ပုတ်ခတ် ပြောကြားခဲ့မှုများမှာ ပြန်ကြားရေးဝန်ကြီးဌာနအဖို့ အထူး ပင်စိတ်မကောင်းစရာဖြစ်ခဲ့ရသည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေ လောကသားများသည် မည်သည့်အရာတွေကို အတိတ် က ဆောင်ရွက်ခဲ့ကြ ပါသနည်း။
တစ်နည်းအားဖြင့် ပြန် ကြားရေးဝန်ကြီးဌာနနှင့် စာပေလောက သားများ တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံ ဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှု ရရန် ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို မည်သို့ လုပ်ဆောင်ခဲ့ကြပါ သနည်း။
အကျဉ်းမျှပြန်လည် ဖော်ထုတ်တင်ပြလိုသည်။ နိုင်ငံရေး ပြောင်းလဲလာမှုအခြေအနေများအရ ၂၀၀၅ ခုနှစ် နှစ်ဆန်းတွင် ပြန်ကြားရေး ၀န်ကြီးဌာနသည် မြန်မာ့စာပေလောက တစ်ခုလုံးနှင့် ထိတွေ့ဆက်ဆံ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုပြုလုပ်ခဲ့ပါသည်။
ယင်းအချိန်မှစ၍ ပြန်ကြားရေးဝန်ကြီး ဌာနသည် မြန်မာစာပေလောကနှင့် လောကသား များ အကျိုးကို မြော်တွေး၍ အဘက်ဘက်မှ ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးခဲ့သည်။
ပြည်တွင်းပုဂ္ဂလိကသတင်း လောက၏ မှေးမှိန်နေသော ဩဇာ အာဏာကို ပြည်သူလူထုအတွင်း ပြန်လည်ထွန်းကား တောက်ပလာ စေရန် အတွက် ထုတ်ဝေသူ မှတ်ပုံတင်များစွာကို ခွင့်ပြုပေးခဲ့သည်။
တစ်ချိန်က သတင်းဂျာနယ် ၁၀ စောင်ခန့် သာရှိရာ မှ ၃၀၊ ၄၀ခန့် ထိ ဖွံ့ဖြိုးလာခဲ့သည်။ အလား တူပင် အခြားသော ဂျာနယ်၊ မဂ္ဂဇင်း နှင့် အထွေထွေ ထုတ်ဝေခွင့်ရာပေါင်းများစွာကိုလည်း ထုတ်ပေးခဲ့သည်။
နိုင်ငံတော်နှင့် ပတ်သက်သော သတင်းများ၊ ဆောင်းပါးများ ရေးသားနိုင်ရန်၊ ပြည်တွင်း၊ ပြည်ပဆိုင်ရာ သတင်းများကို ပြည်ပသတင်း ဌာနများ၏ သတင်းများအား ကိုးကားရေးသားနိုင်ရန်၊ နိုင်ငံ တကာသတင်းများကို တင်းကျပ်စွာ စိစစ်ပိတ်ပင်မှုမှ လျှော့ပေါ့နိုင်ရန်၊ သဘာဝ ဘေးအန္တရာယ် သတင်းများ ခွင့်ပြုပေးရန်၊ ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော ရေးသားချက်များကို ခွင့်ပြု ပေးရန်၊ လူမှုရေး နယ်ပယ်နှင့် ပတ်သက်၍ ဆင်းရဲသား ဘ၀သရုပ် ဖော်ရေးသားချက်၊ ဘာသာရေးနှင့် ဂမ္ဘီရဆိုင်ရာရေးသားချက်၊ ကမ္ဘာပြုမှု ဖြစ်စဉ်နှင့်ယဉ်ကျေးမှု ရေစီးကြောင်းအရ လျှော့ပေါ့ပေးနိုင်မည့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အချို့အချက်များ ခွင့်ပြုပေးရန်နှင့် အချို့ သော မလိုလားအပ်သည့် တားမြစ်ထားသော အချက်များအား လျှော့ပေါ့ ခွင့်ပြုရန် စသည် တို့ကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က စ၍ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့မှု များသည်လည်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆောင်သော စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနနှင့်စာပေ လောကသားများ တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှုယူ ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းတို့မှ ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် အရောက်တွင် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ စိစစ်ရေးဆိုင်ရာ မူဝါဒများသည် ယေဘုယျသဘောသာ ဆန်လွန်းသဖြင့် စာပေ လောကသားများအပေါ် လိုသလို ဆွဲယူ ကောက်ချက်ချ အရေးယူနိုင်သည် ဆိုသောအချက်အား လေ့လာဖော်ထုတ် ရန်နှင့် လိုအပ်သလို ပြုပြင်ဆောင်ရွက် ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနက မူတစ်ရပ်ချမှတ်ပေးခဲ့သည်။
ယင်းမူဝါဒ အရ အထူးသဖြင့် သတင်းလောကသား များသည် စိစစ်ရေးမူများအပေါ်တွင် နား လည်မှန်းဆဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက စိစစ်ထောက်ပြခြင်းဆိုသည်ထက် မိမိဘာသာတာဝန်ယူဆောင် ရွက်ကြသည့် အလေ့အထ ဖြစ်ထွန်းစေရန် အတွက်လည်းကောင်း စာပေအဖွဲ့အစည်းများ၊ သတင်းဂျာနယ် လောကသားများနှင့် ပူးပေါင်း၍ စိစစ် ရေး မူဝါဒဆိုင်ရာအသေးစိတ်အချက် များရေးဆွဲပြဋ္ဌာန်းစေခဲ့သည်။
ယင်း အသေးစိတ်အချက်များကို အခြေခံကာ အချို့သတင်း၊ ဆောင်းပါး၊၀တ္ထုစာမူများ အတွက် ဂျာနယ်များအနေနှင့် မိမိတာဝန် မိမိယူ ဆောင်ရွက်စေခြင်းကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူလူထုက အတည်ပြုခဲ့သည့် နောက်ပိုင်း ပြောင်းလဲလာတော့မည့် နိုင်ငံ၏ ဒီမိုကရေစီ အခင်း အကျင်းအား ကြိုတင်မျှော်မှန်းကာ နိုင်ငံရေးနှင့်ဆိုင်သော သမိုင်း ကြောင်း၊ သတင်းဆောင်းပါး၊ လတ်တလော နိုင်ငံရေး အခင်း အကျင်းအပေါ် ဝေဖန်သုံး သပ်သော သတင်းဆောင်းပါးများကို တဖြည်းဖြည်းချင်း ထည့်သွင်းဖော်ပြခွင့် ပြုခဲ့သည်။
ယင်းသို့ ထည့်သွင်းဖော်ပြရာ တွင်လည်း စာပေလောကသားများနှင့် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနတို့ အပြန် အလှန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲလာသော အခြေအနေများကို သဟဇာတဖြစ်စေခဲ့သည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်သူက ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီအစိုးရ ပေါ်ထွန်းလာခဲ့ရာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့်စာပေလောကသားတို့၏ ပူးပေါင်းဆောင်ရွက်နေသော အခြေအနေအရပ်ရပ်ကိုလည်း ထပ်မံပြုပြင် ပြောင်းလဲရန် လိုအပ်လာသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၀ ပြည့်နှစ် ကတည်းကပင် ယင်းအခြေ အနေအား ကြိုတင်မြော်တွေး၍သုံးသပ် ဆောင်ရွက်ခဲ့သည်။
ပုံနှိပ်ဥပဒေသစ် မပြဋ္ဌာန်းနိုင်မီ အတောအတွင်း ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေနှင့် စိစစ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို စပ်ကူး မပ်ကူး ကာလအချိန်နှင့် သဟဇာတဖြစ်စေရေးကို ပထမမူဝါဒအနေဖြင့်လည်း ကောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်နှင့် သဟဇာတ မဖြစ်နိုင်သဖြင့် ဥပဒေသစ်တစ်ခုရေးဆွဲပြဋ္ဌာန်း နိုင်ရေးကို ဒုတိယမူဝါဒအနေဖြင့်လည်းကောင်း ချမှတ်ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့်ပင်လျှင် ဒီမိုကရက်တစ် အစိုးရတာဝန်ယူပြီး နှစ်လအကြာ ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ပထမမူဝါဒ ဖြစ်သော ၁၉၆၂ ခုနှစ် ဥပဒေနှင့်အမိန့်ညွှန်ကြား ချက်များအား စပ်ကူးမပ်ကူးကာလနှင့် သဟဇာတဖြစ်စေရေး ပထမအဆင့် စိစစ်ရေး မူဝါဒ ပြောင်းလဲလျှော့ချခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့နောက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယ အဆင့်အားလည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တတိယအဆင့်အား လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ မေလတွင် စတုတ္ထအဆင့်အား လည်း ကောင်း အဆင့်ဆင့် ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့သည်။
ယခုအခါတွင် ပဉ္စမအဆင့်လျှော့ချ ပြောင်းလဲနိုင်ရေးအား စောင့်ကြည့် သုံးသပ်လျက်ရှိပြီး အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်ရေးကိုပါ လျာထား ဆောင်ရွက်နေသည်။ အလားတူပင် ဒုတိယမူဝါဒဖြစ်သည့် ဥပဒေသစ်မူကြမ်းရေးဆွဲရေးနှင့်ပတ် သက်၍လည်း ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၌ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့အား ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
အချိန် လေးလ ကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပါဝင်သော အစည်းအဝေး ခုနစ်ကြိမ်နှင့် မူကြမ်း ရေးဆွဲရေးအဖွဲ့ အစည်းအဝေး အကြိမ် ၂၀ ကျော် ကို ပြုလုပ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဇန်န ၀ါရီလ ၂၀ ရက် နေ့တွင် ပုံနှိပ် မီဒီယာ ဥပဒေ ပထမမူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့၍ အကြံပြု ပြန်ကြားချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ ဒုတိယ မူကြမ်းကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး အကြံပြုချက်များအား ဖြည့်စွက် ပြင်ဆင်ခြင်း၊ ၂၀၁၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် တတိယမူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့၍ အကြံပြု ချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ စတုတ္ထမူကြမ်းအား ဇွန်လ ၁၁ ရက် နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး ရှေ့နေချုပ်ရုံးနှင့် တွေ့ဆုံ ညှိနှိုင်းပြင်ဆင်ဖြည့်စွက်ခြင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ပဉ္စမမူကြမ်း အား ရှေ့နေချုပ်ရုံးသို့ ပေးပို့ ၍ တွေ့ဆုံဆွေးနွေးအကြံပြု ပြင်ဆင် ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ၎င်းမူကြမ်းကို နိုင်ငံ တော်သမ္မတရုံးသို့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံတော် သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်များကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည် လက်ခံရရှိ ခဲ့သည်။
ယင်းအကြံပြုချက် များအပေါ် ၀န်ကြီးဌာနက ပြင်ဆင်ဖြည့် စွက်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ အတွင်း ပြည်ထောင်စု ရှေ့နေချုပ် ရုံး သို့ ပေးပို့ သဘောထား ရယူခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဆွေး နွေးညှိနှိုင်း ခဲ့ပြီ ဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်ထဲတွင် နိုင်ငံတော်သမ္မတ ရုံးသို့ ပြန်လည်တင်ပြနိုင်ရန် ဆောင်ရွက် နေသကဲ့သို့ အတည်ပြုသည် နှင့် ဥပဒေ မူကြမ်းအား ယခုကျင်းပလျက်ရှိသည့် လွှတ်တော်သို့ပါ တင်ပြနိုင်ရန် လျာထား ဆောင်ရွက်နေသည်။
ထိုသို့သော အခြေအနေနှင့် အချိန် အခါမျိုးတွင် စိစစ်ရေးညွှန်ကြားချက် တစ်ခုအား ချိုးဖောက်မှုဖြင့် ဂျာနယ် နှစ်စောင်ကို ယာယီ ထုတ်ဝေခွင့်ရပ်ဆိုင်း အရေးယူခဲ့ရသည်။ လက်ရှိအခြေအနေ သည် ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင် ရေးအတွက် စပ်ကူးမပ်ကူး ကာလသာ ဖြစ်ပြီး တည်ဆဲဥပဒေများက အသက်ဝင် လျက်ရှိပါသေးသည်။
အခြေအနေ အချိန်အခါနှင့် သဟဇာတမဖြစ်သော၊ မကိုက်ညီသော တည်ဆဲဥပဒေပါ အမိန့် ညွှန်ကြားချက်များအား အဆင့်ဆင့်ဖြေ လျှော့ပေးလျက်ရှိသော်လည်း စည်းမျဉ်း စည်းကမ်းအချို့က ကျန်ရှိနေသေးသည်။
ထို့ပြင် ယင်းစည်းမျဉ်းစည်းကမ်းများသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်သင်းတည်းအတွက်သာ မဟုတ်ဘဲ သက်ဆိုင်ရာ နယ်ပယ်ရှိ လူပုဂ္ဂိုလ် အားလုံးအတွက်လည်း အကျုံးဝင်လျက် ရှိသည်။
ကျန်ရှိနေသေးသော ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် မညီသည့် လုပ်ဆောင်မူမျိုးအား တစ်ဦး တစ် ယောက်သောသူက ချိုးဖောက် ခဲ့သည်ကို မသိကျိုးကျွန်ပြုထားလျှင် အများစုက ပရမ်းပတာဖြစ်လာနိုင်မှုမျိုးကိုလည်း ထည့်သွင်းသုံးသပ်ကြသင့်သည်။
ထို့ပြင် ယခုအရေးယူမှု မတိုင်မီ တာဝန်ရှိသူ နှင့် သက်ဆိုင်ရာဂျာနယ်တို့ နှစ်ဦးနှစ်ဖက် မည်မျှအထိ တွေ့ဆုံဆွေးနွေးနားလည် ပူးပေါင်းဆောင်ရွက်မှု ပြုခဲ့သည်ကို လည်းကောင်း၊ ရွေးချယ်ရန် နည်းလမ်း မရှိတော့သည့် အဆုံး ယင်းကဲ့သို့ အရေးယူ ဆောင်ရွက် ခဲ့ရခြင်းဖြစ်သည်ကို လည်းကောင်း ဖော်ပြလိုသေးသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် လက်ရှိ အခြေအနေ၌ စာပေများကို စိစစ်ဖြတ်တောက် အရေးယူခြင်းဆို သည်ထက် စောင့်ကြည့် ပူးပေါင်းဆောင် ရွက်ရေးမူဝါဒကို ကျင့်သုံးနေသည်။
သတင်းဂျာနယ် ၄၉ စောင် အပတ်စဉ် ပုံနှိပ်ထုတ်ဝေနေရာ၌ စာပေစိစစ်၏မူဝါဒ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် ဂျာနယ် ၃၃ စောင်ရှိပြီး ၁၆ စောင်ခန့်မှာ အပတ်စဉ် တစ်ခု မဟုတ် တစ်ခုကို လိုက်နာရန် ပျက်ကွက် နေကြသည်။ ယင်းအတွက် စာပေစိစစ် နှင့် မှတ်ပုံတင်ဌာနသည် ဥပဒေစည်း မျဉ်းစည်းကမ်းများဟူသည့် အကြောင်း ပြချက်နှင့် မဆင်မခြင် ဆောင်ရွက်မှု မျိုးကို မည်သည့် အခါကမှ မလုပ်ခဲ့ပေ။
ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် သည်ပင်လျှင်ကြီးသောအမှု ငယ်အောင်၊ ငယ်သောအမှုပပျောက်အောင်နှင့် ပူးပေါင်း ဆောင်ရွက်နိုင် သမျှ ပူးပေါင်း ဆောင်ရွက်ကြရန်မူဝါဒချမှတ်ပေးထားသည်။ ထို့ကြောင့် စည်းကမ်းလိုက်နာမှု အားနည်းသောဂျာနယ်များကို စာပေ စိစစ်နှင့်မှတ်ပုံတင်ဌာနက ဖုန်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေဆက်သွယ် ဆွေးနွေးညှိနှိုင်းမှု အမြဲမပြတ်ပြုလုပ်ခဲ့ပြီး သတိပေးစရာ ရှိသည်များကိုလည်း ခေါ်ယူသတိပေးပြောဆိုခြင်းများပြုခဲ့သည်။
ခေါ်ယူ သတိပေး ပြောဆိုသည်ဆိုရာ၌ သက်ဆိုင်ရာ ဂျာနယ်များ၏ ကြုံတွေ့ နေရသော အခက်အခဲ အကျပ်အတည်းနှင့် အဆင် မပြေမှုများကိုပါ အမြဲတမ်း ဆွေးနွေးညှိနှိုင်းအဖြေရှာပေးခဲ့သည်။ ခေါ်ယူသတိပေးမှု ပြုရပြီဆိုလျှင် သက် ဆိုင်ရာဂျာနယ်တို့သည် စာပေစိစစ်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ရဟူသော မီးနီအမှတ်သို့ ရောက်ရှိနေပြီဆိုသည်ကို ပြသခြင်း လည်းဖြစ်သည်။
ယခု ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံရသော ဂျာနယ် နှစ်စောင် အနက် Envoy ဂျာနယ်သည် ၂၀၁၂ ခုနှစ်၊ မေလ ၅ ရက်နေ့က သက်ဆိုင်ရာထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အား စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ နောက်ဆုံး အဆင့် ခေါ်ယူသတိပေးခြင်းကို ခံထား ရသည့် ဂျာနယ်ဖြစ်သကဲ့သို့ The Voice ဂျာနယ်သည်လည်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က အယ်ဒီတာချုပ်နှင့် တာဝန်ခံ အယ်ဒီတာ တို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက စည်းကမ်းထပ်မံ မချိုးဖောက်ရန်နှင့် အထူးပူးပေါင်း ဆောင်ရွက်ရန် ခေါ်ယူ မေတ္တာရပ်ခံ ထားခဲ့ရသည့်ဂျာနယ် ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ယင်းဂျာနယ် နှစ်စောင်၏ စည်းကမ်း မလိုက်နာခဲ့ခြင်း အပေါ် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အခြားရွေးချယ်ရန် နည်းလမ်းမရှိတော့ဘဲ အရေးယူမှု ပြုခဲ့ရခြင်းဖြစ်သည်။
အထက်ဖော်ပြပါ ဖြစ်စဉ်များအရ ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်နှစ်စောင်အပေါ် အရေးယူခဲ့ခြင်းသည် သက်ဆိုင်ရာ ဂျာနယ် များက ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ကို ဖောက်ဖျက် ခဲ့မှုများအတွက် အကြိမ်ကြိမ်ပူးပေါင်း ညှိနှိုင်း မရသည့်အဆုံး သာမန်အရေးယူ ဆောင်ရွက်မှု တစ်ခုမျှသာ ဖြစ်သည်ကို တွေ့မြင်ကြရပါမည်။
ယင်းသို့ အရေး ယူမှုသည် ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနေသော အစိုးရ၏ ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်တာ များကို ရပ်တန့်စေရန်လည်းကောင်း၊ လမ်းကြောင်း ပျောက်စေရန်လည်း ကောင်းစသဖြင့် ဝေဖန်စွပ်စွဲနေကြသော ဖြစ်ရပ်အခြေအနေမျိုး လုံးဝမဟုတ်ဟု အတိအလင်း ငြင်းဆိုလိုသည်။
ပြန် ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်မီဒီယာနှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲရန် ကိစ္စအ၀၀ကို မိမိတို့က ခွင့်ပြု၍ စာပေလောက သားတို့ ရသည်ဟု မည်သည့်အချိန်ကမျှ မခံယူခဲ့ပါ။ အလားတူပင် စာပေလောကသားတို့က လွတ်လပ်မှုအတွက် တောင်းဆိုမှကြံစည် တွေးတော အကောင်အထည် ဖော်ပေးသည်ဟုလည်း မည်သည့်အခါမှ မရှိစေခဲ့ပါ။
စပ်ကူးမပ်ကူးကာလ၌ အခြေ အနေနှင့် အချိန် အခါကို ကြိုတင်သုံးသပ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် စာပေလောက သားများနှင့် အမြဲမပြတ် တွေ့ဆုံဆွေးနွေး၊ အပြန် အလှန် နားလည်မှုယူ၊ ပူးပေါင်း ဆောင်ရွက်ကာ လက်တွေ့နှင့် သဟဇာတ ဖြစ်အောင် အကောင်အထည် ဖော်သည်သာရှိခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ၏ပုဒ်မ ၇ ၌ 'နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်' ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
ယင်း၏အခန်း ( ၈ ) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များမှ ပုဒ်မ ၃၅၄ တွင်လည်း 'နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်' ဟု ဆိုကာ စာပိုဒ် လေးပိုဒ်ကို အတိအလင်း ပြဋ္ဌာန်းထားပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း မမှိတ်မသုန် ယုံကြည်စွာ ကိုင်စွဲချီတက် လျှောက်လှမ်း နေပါသည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန သည်လည်း နိုင်ငံတော်အစိုးရ၏ ယန္တရား အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံတော်အစိုးရ ဦးဆောင်လမ်းညွှန်မှု အောက်၌ ခံယူအကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
အလားတူ နိုင်ငံသားတိုင်းသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုက်နာနေထိုင်ကြရန် တာဝန် ရှိသည်။ ဒီမိုကရေစီရေး ဦးတည်ရာ လမ်းကြောင်း မပျောက်စေရန်မှာ နိုင်ငံတော်အစိုးရချည်း၌သာ တာဝန် ရှိသည်မဟုတ်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရမည့် နိုင်ငံသားတိုင်းတွင်လည်း တာဝန်ရှိပါ သည်ဆိုသည့်အကြောင်းကို ရေးသား ဖော်ပြလိုက်ရပါသည်။
 မြန်မာတိုမ်း- မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့

Wednesday, August 8, 2012

ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ မြန်မာအစိုးရ

မြန်မာအစိုးရဟာ ရခိုင်ဒေသ မငြိမ်မသက်မှုနဲ့ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာ အကျပ်အတည်းဆိုက်အောင် ကိုယ်တိုင် လုပ်ဆောင်နေတယ်၊ ဒီလို လုပ်မိနေမှန်း အစိုးရက သတိထားမိချင်မှ ထားမိလိမ့်မယ် လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

မငြိမ်မသက်မှုတွေအကြောင်းကို မြန်မာအစိုးရက တဖြည်းဖြည်း ထိန်ချန် လျှို့ဝှက်လာတယ်၊ ဆင်ဆာဖြတ်တယ်၊ ဆန့်ကျင်တိုက်ခိုက်အငြင်းပွားချင်လာတယ် တဲ့။
တိုတိုပြောရရင် ရခိုင်ဒေသပဋိပက္ခကို ကိုင်တွယ်တာ လုံးဝ မှားယွင်းနေတယ်လို့ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

ရခိုင်ဒေသတည်ငြိမ်ရေးကြိုးပမ်းနေတဲ့မြန်မာအစိုးရရဲ့ လက်ရှိ အခက်အခဲတခုက နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုနဲ့ အမျက်ဒေါသကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာပါပဲ တဲ့။

မြန်မာအစိုးရဆီကလာတဲ့ အလိုအလျောက် တုံ့ပြန်ချက်တွေဟာ ဘာနဲ့တူသလဲဆိုရင် နိုင်ငံတကာ စိုးရိမ်မှုကို ဂရုမစိုက်၊ လျစ်လျူပြုထားဖို့ ကြိုးစားနေတာနဲ့ တူတယ် လို့ ဆိုပါတယ်။

ပဋိပက္ခတွေ တားဆီးနိုင်မယ့် နည်းလမ်းတွေ ရရှိဖို့၊ ဖြစ်ခဲ့တဲ့ ပဋိပက္ခရဲ့ အကြောင်းရင်း နဲ့ သက်ရောက်မှုကို လေ့လာရှာဖွေနိုင်ဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ကင်တားနားက အကြံပေးထားတာ ရှိတယ်၊အဲဒါကတော့ အမှန်တရားပေါ်ပေါက်ရေးကော်မရှင် တည်ထောင်ဖို့ပါ။ သို့သော်လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက သူ့အကြံပြုချက်ကို လက်မခံပါဘူး၊ ရခိုင်ဒေသမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အင်အားတိုးချဲ့ ချထားမယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ် တဲ့။

ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ မြန်မာအစိုးရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ ဘန်ကောက်ပို့စ် အယ်ဒီတာ့အာဘော်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

Myanmar digs itself a big hole

Bangkokpost
Myanmar may not even be aware of it, but it is digging its way into a huge diplomatic hole over the recent communal riots in the country's western region.

Over the past few weeks, the Nay Pyi Taw government has turned progressively secretive, censorious and combative over the June riots and continuing unrest in Rakhine state. In short, it is taking entirely the wrong direction over the violence.

The riots in the region formerly known as Arakan peaked in June. Truthful reports on casualties and damage are as difficult to come by as details of the fighting and how the Myanmar authorities responded. However, available reports indicate that several hundred people died or were maimed, the number of buildings destroyed was more than 1,000, and the army and police behaved atrociously.

Myanmar's current problem, apart from trying to calm Rakhine state, is how to deal with international concern and anger.

The instinctive reaction of the Myanmar authorities is still to try to clam up and ignore the world's concern.

This will not do, not from a country demanding attention as a newly emerging democracy trying to throw off the shackles of a 50-year military dictatorship.

Everything that Myanmar has done since the riots has been wrong. Its refusal to open the region to objective reporters and its own media caused massive anti-government press from virtually everywhere outside its borders. Human rights groups have "demanded" _ a favourite word _ impartial reporting.

The result was that Myanmar, almost unbelievably, cracked down on the press again. Last week, the government banned two newspapers for refusing to submit stories to official censors. On Saturday, Myanmar reporters staged a public demonstration to demand an end to the censorship system.

Worldwide, members of the free press automatically sympathised with the Myanmar media who were brave enough to defy the system. The United Nations' Special Rapporteur for Myanmar, Tomas Ojea Quintana, suggested the country hold a truth commission to try to discover the causes and effects of the riots, and come up with ways to prevent more communal battles.

Foreign Minister Wunna Maung Lwin criticised the UN official for daring to suggest that the army and police might have used excessive force, specifically against the Rohingya Muslims of Rakhine.

And that extremely unthoughtful outburst caught the attention of the Organisation of Islamic Cooperation. The OIC proposed sending a mission to Myanmar to look into the massacres of Rohingya by the Buddhist majority. That sort of inflammatory language is certain to result in the OIC rejecting such a proposal, but it is a lose-lose situation for Nay Pyi Taw. In addition to being a powerful political group, the OIC comprises Asean partners Indonesia and Malaysia. Thailand is an OIC observer.

Myanmar has only a couple of options of where to go next, neither of them attractive. It can try to continue to stonewall and earn the sort of criticism that was heaped on the country while it was run by army juntas.

It can release information and open the Rakhine area to objective observers, which will almost certainly result in even more criticism of its treatment of the Rohingya, a religious minority whose members are denied citizenship in their own country.

However, it would be a mistake for Myanmar and cause strong repercussions in Asean if the country takes the repressive road.

ဧရာသတီ 

Tuesday, August 7, 2012

ဘောလိဝုဒ်တွင် သရုပ်ဆောင်လိုသည့် ဟောလိဝုဒ်အက်ရှင်မင်းသာ ဗန်ဒိန်း

ဘောလိဝုဒ်တွင် သရုပ်ဆောင်လိုသည့် ဟောလိဝုဒ်အက်ရှင်မင်းသာ ဗန်ဒိန်း
 ကမ္ဘာကျော်အက်ရှင်မင်းသား ဗန်ဒိန်းက အန္ဒိယဘောလိဝုဒ် အက်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် လိုကြောင်း ထုတ်
ဖော်ြေ ပာကြားသည်။ ဘယ်လ်ဂျီယံ အက်ရှင်မင်းသား ဗန်ဒိန်းက ရုပ်ရှင်ဝေဖန်ရေးနှင့် ရုပ်သံအစီအစဉ် တင်ဆက်သူ အနူပါမာ ချောပရာနှင့်တွေ့ဆုံစဉ် ဘောလိဝုဒ်အက်ရှင်ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။အနူပါမာ ချောပရာက မိမိနှင့် ဗန်ဒိန်းတို့ လော့စ်အိန်ဂျလိစ်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့စဉ် ဗန်ဒိန်းက ဘောလိဝုဒ်ရုပ်ရှင်လောကတွင် သရုပ်ဆောင်လိုကြောင်း ပြောကြားခဲ့ပြီး မိမိက ဘောလိဝုဒ်မင်းသား ဆလ်မန်ခန်၏ လာမည့်ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် အဆိုပြုခဲ့ကြောင်း ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြသည်။

ဗန်ဒိန်းနှင့် The Expendables ဇာတ်ကားတွင် ပူးတွဲသရုပ်ဆောင် ခဲ့သည့်   ဟောလိဝုဒ်အက်ရှင်မင်းသား ဆီလ်ဗက်စတာ စတားလုံးသည် ယခင်က ဘောလိဝုဒ် ရုပ်ရှင်ကား Kambakkht Ishq ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ သည်။ မင်းသားကြီး အာနိုးလ်ကလည်း ဇာတ်လမ်း ဇာတ်ညွှန်း ကောင်းကောင်း နှင့် ဒါရိုက်တာများက ရိုက်ကူးလိုလျှင်ဘောလိဝုဒ် ရုပ်ရှင်ကားတွင် ပါဝင်သရုပ်   ဆောင်လိုကြောင်း   ပြောကြားခဲ့ဖူးသည်။ ဘယ်လ်ဂျီယံနွယ်ဖွား ဗန်ဒိန်းသည် ၁၉၈၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့လာခဲ့ပြီး ၁၉၈၈ မှစ၍ Bloodsport၊ Kichboxen Universal Soldier၊ Hard Target၊ Sudden Death စသည့် အက်ရှင်ဇာတ်ကားများဖြင့် နာမည်ကျော် ဟောလိဝုဒ်အက်ရှင်မင်းသားအဖြစ် လူသိများခဲ့သူဖြစ်သည်။
by- JACBA

အိုလံပစ်အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဆီရီနာဝီလျံ ရွှေတံဆိပ်ဆုဆွတ်ခူး

(လန်ဒန်၊ သြဂုတ် ၅) လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲများကို သြဂုတ် ၅ ရက်က န၀မမြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်စကားကြရာ အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်မှ ဆီရီနာဝီလျံက ရုရှားတင်းနစ်မယ် ရှာရာပိုဗာအားအနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ ဆီရီနာဝီလျံသည် ဗိုလ်လုပွဲတွင် ရှာရာပိုဗာအား ၆၃ မိနစ်ကြာအောင် ကစားခဲ့ပြီး ၆-၀၊ ၆-၁ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အိုးပင်ချန်ပီယံ ရှာရာပိုဗာသည် ယင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာက ကြေးတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။ ဆီရီနာဝီလျံသည် ၀င်ဘယ်ဒန်ဖလားပြိုင်ပွဲပြိးနောက် ရှာရာပိုဗာအား ပထမဆုံး အနိုင်ရပြီး အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ်ဆုတစ်ခု ဆွတ်ခူးပေးလိုက်ခြင်းဖြစ်သည်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာသည် ရုရှားတင်းနစ်မယ် မာရီယာတီရီလန်ကိုအား အနိုင်ရပြီး ကြေးတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည်။ ဆီရီနာဝီလျံနှင့် အစ်ဖြစ်သူ ဗီးနပ်စ်ဝီလျံတို့သည် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့တက်ရောက်လာပြီ ဖြစ်သည်။
by- http://www.jacbaburma.blogspot.com/

ရောင်းအားထက်ဝက်ကျဆင်းနေသည့် ကျောက်မဲ ညနေဈေးသည်များ

  ကျောက်မဲမြို့၊ ဗဟိုဈေးအနီးပြောင်းရွှေ့ဖွင့်လှစ်ထားသော ညနေဈေးမှာ ပြောင်းရွှေ့ပြီး (၆)လတွင်း အရောင်းအဝယ်ကျ ဆင်းလျှက်ရှိကြောင်း ဈေးသူဈေးသားများထံက သိရှိရသည်။
'' ဈေးကြီးနားဖြစ်သွားတော့ ဈေးသည်တွေ တော်တော်များများရောင်းမကောင်းကြဘူး။ အမှတ် (၃)မှာတုန်း ညနေဈေးတစ်ခုပဲရှိတာဆိုတော့ အရောင်းအဝယ်ကောင်းတယ်။ ဒီမှာ မနက်ဈေးရော ညနေဈေးရောဆိုတော့ အရောင်းအဝယ်ပါးတယ်''ဟု ညနေဈေးတွင်ရောင်းချနေသူ ဈေးသည် မဇင်ဇင်ဆွေက ပြောသည်။
အဆိုပါညနေဈေးမှာ အမှတ် (၃)ရပ်ကွက်၊ စဝ်စံထွန်းလမ်းဘေးဝဲယာတွင် ရောင်းချခဲ့ကျပြီး ယခု ၂ဝ၁၂ခုနှစ် ဇန်နဝါရီလမှစတင်၍ အမှတ် (၄)ရပ်ကွက်ရှိ ဗဟိုဈေးအနီးသို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
''ဈေးဆိုင်မရှိတဲ့ ရပ်ကွက်တွေမှာရှိရင်အရောင်းအဝယ်ရောစားသုံးသူတွေအတွက်ရောအဆင်ပြေတယ်။ အခုကမနက်ဈေးရော ညနေဈေးရောတစ်ရပ်ကွက်ထဲမှာဖြစ်နေတာတော့ ဈေးသည်တွေ အနေနဲ့ အရောင်းအဝယ် မဖြစ်ကြတာထင်တယ်''ဟု ကျောက်မဲမြို့ အမှတ် (၃)ရပ်ကွက်မှ ကိုကျော်မျိုးက ပြောသည်။
ညဈေးမှ ဈေးသူဈေးသားများသည် ယခင် ဈေးအဟောင်းတွင် တစ်ရက်လျှင် ကျပ် ၂သောင်း အထက် အရောင်းအဝယ်ဖြစ်သော်လည်း လက်ရှိဈေးနေရာသစ်တွင် တစ်ရက်လျှင် ကျပ် ၁သောင်း ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးသူဈေးသားများက ဆိုသည်။
''အရင်နေရာမှာက ပိုရောင်းလို့ ကောင်းတယ်၊ အခုရွှေ့ထားတဲ့နေရာက ပိုပြီးနေရာကျယ်တယ် ဆိုပေမယ့် ဗဟိုဈေးကြီးရဲ့တောင် ဘက်နဲ့မြောက်ဘက် လမ်းကနှစ်လမ်းဖြစ်နေတော့ နှစ်နေရာခွဲ ထားသလိုဖြစ်ပြီး သိပ်ရောင်းမကောင်းဘူး'' ဟု ဈေးတွင်း ကြက်၊ဘဲ ဥရောင်းချသူတစ်ဦးက ပြောသည်။
ညနေဈေးအား ညနေ (၃)နာရီမှ (၆)နာရီအထိ ဖွင့်လှစ်ရောင်းချကြပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဈေးသည်များ လာရောက်ရောင်းချလေ့ရှိသည့်ဈေးဖြစ်သည်။
 ကျောက်မဲမြို့တွင် ဗဟိုဈေး နှင့် ဈေးသစ် ဈေးကြီး နှစ်ခုသာရှိပြီး အမှတ်(၈)ရပ်ကွက်တွင် မနက်ခင်း အခွန်လွတ်ဈေးနှင့် ဗဟိုဈေးအနီးတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော ညနေဈေးရှိကြောင်းသိရှိရသည်။
နေဖြိုးမြင့် - ရှမ်း၊မြောက် (မြစ်မခ)
by-http://www.thithtoolwin.com/2012/08/blog-post_1588.html#.UCFnJKDCZId

 

ရေးရာကော်မတီများမှာ လွှတ်တော်ငယ်များဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

ဇူလိုင်လ (၉)ရက်နေ့ က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
ထမင်းစား နားချိန်တွင် ခေတ္တတွေ့ဆုံနှုတ်ဆက်နေကြစဉ်။

ဓာတ်ပုံ-သီဟ


ရေးရာကော်မတီ များသည် လွှတ်တော်တွင်းမှ လွှတ်တော် အငယ်လေး
များဖြစ်ကြပြီး ကော်မတီများ၏ စွမ်းဆောင်အား မြင့်မားမှုအပေါ်မူတည်၍
လွှတ်တော်၏ တာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား
အတွက် ဖော်ဆောင်နိုင် မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လွှတ်တော်အတွင်း၌ မေးခွန်းများ အဆိုများ
ဥပဒေကြမ်းများ ဆွေးနွေးတင်ပြရုံမျှဖြင့် လွှတ်တော်လုပ်ငန်း တာဝန်များ ကျေပွန်ပြီ
ဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။ “ကော်မတီအသီးသီးနဲ့
သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်ဆက်စပ်သည့် အဖွဲ့အစည်းများအချင်းချင်းအပြန်
အလှန် ထိန်ုးညှိကူညီဆောင်ရွက်မှုများ ပါဝင်မှသာလျင် လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်”ဟု သူရဦးရွှေမန်း
ကပြောကြားသည်။

 သူရဦးရွှေမန်းက သြဂုတ်(၇) ရက်တွင် ကျင်းပသည့် ပထမအကြိမ်
 ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင်
 ကိုယ်စားလှယ်များအား မှတ်ချက်ပြုပြောကြားရာ၌ အထက်ပါအတိုင်း
 ပြောကြားသွားခြင်းဖြစ်သည်။
Thit Htoo Lwin

  http://www.thithtoolwin.com/2012/08/blog-post_2999.html#.UCFhhaDCZId

ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား အစိုးရမှ ခွင့်ပြုကြောင်း

သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား

ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့
ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
Eleven Media Group Face book စာမျက်နှာ

Monday, August 6, 2012

ဘုန်းကြီးနှစ်ပါးကျောင်းလုရာမှ တုတ်တပြက် ဓားတပြက်ဖြစ်



ရဟန်းတပါး ရောင်းစားထားခဲ့သည့် ကျောင်းတွင် ၀င်ရောက် သီတင်းသုံးနေထိုင်သည့် ရဟန်းများ နှင့် မူလကျောင်းထိုင်ဆရာတော်အဖွဲ့တို့ ကျောင်းနေရာလုရင်း စကားများရာမှ တုတ်၊ ဓားများပါလာသည့်အတွက် မြို့နယ်သံဃနာယကအဖွဲ့ ၊ နယ်မြေခံရဲများ နှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ပါဝင်သည့် အင်အား ၇၀ ခန့်က စနေနေ့ည ၈ နာရီခွဲခန့်တွင် သွားရောက် ဖြေရှင်းညှိုနှိုင်းပေးခဲ့ရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဘင်္ဂလားကျောင်းတိုက်ဝင်းအတွင်းရှိ ဦးသာသနကျောင်းတွင်ဖြစ်သည်။


အုပ်စု ၂ ခု

အုပ်စု နှစ်ခုမှာ မူလကျောင်းထိုင်ဆရာတော် ဦးဥက္ကံသ အဖွဲ့ နှင့် ကျောင်းကို ရောင်းစားခဲ့သည့်ရဟန်းက ကျောင်းတွင်နေခွင့်ပြုထားသည့် ဦးစန္ဒာသီရိ အဖွဲ့တို့ ဖြစ်သည်။

မူလကျောင်းထိုင်ဆရာတော် အဖွဲ့တွင် ရဟန်းပေါင်း ၃၂ ပါးရှိပြီး၊ ဦစန္ဒာသီရိအဖွဲ့တွင် ရဟန်း ၂၀ ကျော်ရှိသည်။


ခေါ်ယူညှိနှိုင်းပြီးဖြစ်

ပြဿနာမဖြစ်ခင် ညနေ ၅နာရီခွဲခန့်က ရန်ကုန်တိုင်း သံဃနာယကရုံးတွင် ထိပ်တိုက်တွေ့မည့်အုပ်စုနှစ်ခုကို ခေါ်ယူညှိနှိုင်းပြီးဖြစ်သည်ဟု သိရသည်။

မူလကျောင်းထိုင်ဆရာတော် အဖွဲ့က ကျောင်းတိုက် သုံးထပ်ဆောင် အပေါ်ဆုံးထပ်တွင် သီတင်းသုံးရန်၊ ဦးစန္ဒာသီရိအဖွဲ့က အလယ်ထပ်သို့ ပြောင်းရွှေ့နေရန်၊ သတ်မှတ်ထားသည့်အစီအစဉ်အတိုင်း မလိုက်နာပါက ကျောင်းမှ ထွက်ခွာရန် စသည့် ကတိစည်းကမ်းချက်များ ပါဝင်သည့် စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့သည်။

“လက်မှတ်ထိုးခိုင်းတာကလည်း အကျိုးတော်ဆောင် ဆရာတော်က မထိုးရင် ရုန်းရင်းဆန်ခတ်လုပ်မှုနဲ့ ထောင် ၆ လ ချနိင်တယ်၊ ဒီကျောင်းကိစ္စကို အာဏာပိုင်အဖွဲ့ကို လွဲပြီးသား ဆိုပြီး ဘုန်းကြီးကို ခြိမ်းခြောက်လို့ ထိုးလိုက်ရတာပါ” ဟု မူလကျောင်းထိုင်ဆရာတော် ဦးဥက္ကံသမှ လတ်မှတ်ထိုးဖြစ်ခဲ့သည့် အခြေအနေအကြောင်း ရှင်းလင်း မိန့်ကြားခဲ့သည်။

တုတ်၊ ဓား ဆွဲကြပြီ

၅ နာရီခွဲခန့်က လတ်မှတ်ထိုးခဲ့ပြီး ည ၈ နာရီခန့်အထိ မူလကျောင်းထိုင်ဆရာတော်တို့က အပေါ်ထပ်သို့ မပြောင်းရွှေ့သေးသည့်အတွက် ဦးစန္ဒာသီရိအဖွဲ့တို့က စတင်ပြီး တုတ်များ၊ ဓားများ ကိုင်ဆောင် လာခဲ့ကြောင်း၊ ကျောင်းထိုင်ဆရာတော်အဖွဲ့ပါ လက်နက်ကိုင်ဆောင်ပြီး ကျောင်းတွင်း၌ ရုန်းရင်းဆန်ခတ်မှု များ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ဦးဇတိလက ဓားရှည်ကြီးနဲ့ခုတ်မယ်ဆိုပြီး ပြေးလာတာ၊ ဦဥတ္တမကလည်း ငှက်ကြီးတောင်ဓားကြီး ကိုင်ပြီး ကျောင်းပေါ်ကို တက်လိုက် ဆင်းလိုက် လုပ်နေတယ် ၊ သူတို့က ဓားကိုင်တော့ ဦးဇင်းတို့လဲ ပြန်ကိုင်ရတာပေါ့ “ ဟု မူလကျောင်းထိုင်ဆရာတော်အဖွဲ့မှ ဦးသုစိတ္တက မိန့်ကြားသည်။

အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

ကျောင်းအပေါ်ထပ် အောက်ထပ် မပြောင်းရွှေ့ရသည့် အကြောင်းရင်းမှာ မြေညီထပ် နှင့် အပေါ်ဆုံးထပ်တွင် နေထိုင်ရေးအဆင်မပြေမှုများရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရေ၊ မီး၊ အပြည့်စုံရရှိသော အလယ်ထပ်အား လုနေကြခြင်းဖြစ်သည်။

ဦးဥက္ကံသအဖွဲ့တွင် ပါဝင်သည့် ရဟန်းအားလုံးသည် ယင်းကျောင်းပင် ၀ါဆိုရန် ၀ါဆိုသံဃာစာရင်း ပေးသွင်းပြီး ဖြစ်ကြောင်း၊ ဦးစန္ဒာသီရိအဖွဲ့မှာ စာရင်ပေးသွင်းရခြင်း မရှိသေးကြောင်း သိရသည်။

ယခုအဖြစ်အပျက်များနှင့် ပတ်သက်ပြီး ဦးစန္ဒာသီရိအားလည်းမေးမြန်းရာ တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပါ။

ကျောင်းရောင်း ကျောင်းဝယ်

ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဦဥက္ကံသအား ၂၀၀၅ ခုနှစ်ကတည်းက ဗဟန်းမြို့နယ်သံဃနာယကအဖွဲ့က အသိအမှတ်ပြုခဲ့သည်။

ဦးဥက္ကံသ ထားဝယ်မြို့သို့ ခေတ္တခဏပြန်သွားသည့်အချိန် တွင် ဦဇတိလ(ခေါ်)ဦးစိန်ထွန်းအား ကျောင်းအား ကြည့်ရူပေးရန် ခေတ္တ အပ်နှံထားခဲ့ကြောင်း၊ သို့သော်လည်း ဦဇတိလက စင်္ကာပူရောက် ဦးပညာနန္ဒအား သိန်း၂၅၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်၊

ဦးဥက္ကံသ ပြန်ရောက်သည့်အချိန်တွင် ကျောင်းအရောင်းအ၀ယ်ဖြစ်သွားပြီးဖြစ်နေသည်။

ထို့ကြောင့် ကျောင်း ရောင်းချခဲ့သူ ဦဇတိလသည် ယုံကြည်စွာ အပ်နှံထားသည့်ပစ္စည်းအား အလွဲသုံးစား လုပ်မှု နှင့် တရားစွဲခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ကျခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် တိုင်းသံဃနာယကအဖွဲ့၏ ညှိနှိုင်းပေးမှုကြောင့် ဦဥက္ကံသနှင့် နောက်ပါ ရဟန်း ၃၂ ပါးတို့ ကျောင်းပေါ်သို့တက်ခွင့်ရခဲ့သည်။ သို့ရာတွင် အလယ်ထပ် ဘုရားခန်းရှေ့ရှိ ပေ၂၀×၃၀ ခန့်သာ ရှိသည့် နေရာလေးတွင်သာ သီတင်းသုံးခွင့် ရခဲ့သည်ဟု သိရသည်။

Saturday, August 4, 2012

ဗင်နီဇွဲလားဓားသိုင်းချန်ပီယံ ပထမဆုံးရွှေတံဆိပ်ဆွတ်ခူး

(လန်ဒန်၊ သြဂုတ် ၂) လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုပွဲများကို သြဂုတ် ၂ ရက်က ဆက်လက်ကျင်းပရာ ဗင်နီဇွဲလားနိုင်ငံမှ ဓားသိုင်းချန်ပီယံ ရူဘင်လီမာဒိုက အမျိုးသားဓားသိုင်းပြိုင်ပွဲတွင် နော်ဝေဓားသိုင်းကစားသမား ဘာ့တော့ဇ်ပီယာဆက်ဘီးအား ဗင်နီဇွဲလားဓားသိုင်းးကစားသမား လီမာဒိုသည် နော်ဝေဓါးသိုင်းကစား သမားအား ၁၅-၁၀ မှတ်ဖြင့် အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။ လီမာဒိုသည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ပထမဆုံးအကြိမ် အိုလံပစ်ပြိုင်ပွဲ ၀င်ရာက်ယှဉ်ပြိုင်ပွဲတွင် ၁၉၆၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုဆွတ် ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် တောင်ကိုရီးယားမှ ဂျွန်ဂျင်ဆန်းနှင့် အမေရိကန်မှ ဆက်ကယ်စလေတို့ ယှဉ်ပြိုင်ရာတွင် တောင်ကိုရီးယားဓားသိုင်းကစားသမားက ၁၂-၁၁ မှတ်ဖြင့် နိုင်ပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။ (အင်တာနက်) 

** ဘရာဇီး၊ မက္ကဆီကို၊ ဟွန်ဒူးရပ်စ် စသည့် လက်တင်အမေရိကအသင်းများ ၂၀၁၂ လန်ဒန်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားအဆင့်တက်** 
(လန်ဒန်၊ သြဂုတ် ၂) ၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ အုပ်စုပြိုင်ပွဲများအပြီးတွင် လက်တင်အမေရိကမှ ဘရာဇီး၊ မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်တို့ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ အသင်းသုံးသင်းထဲမှ အံ့သြဖွယ်အကောင်းဆုံးအသင်းမှာ ဟွန်ဒူးရပ်စ်အသင်းဖြစ်သည်။ ဟွန်ဒူးရပ်စ်အသင်းသည် အိုလံပစ်ပြိုင်ပွဲသို့ တတိယ အကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရသည့်အသင်းဖြစ်ပြီး ပထမဆုံးအကြိမ် ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ခုနစ်လကတည်းက ရေကုန်ရေခန်းကြိုးစားခဲ့သည့် ဟွန်ဒူးရပ်စ်ကစားသမားများကို ဂုဏ်ယူပါကြောင်းနှင့် အရေးကြီးဆုံးအချက်မှာ ကစားသမားများ၏ စုစည်းမှုနှင့် ချစ်ကြည်စွာ ကစားရန်တို့ဖြစ်ကြောင်း ဟွန်ဒူးရပ်စ် အသင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်အသင်းသည် ရွှေတံဆိပ်ဆုရရှိရန် ဆန္ဒပြင်းပြနေသည့် ဘရာဇီး အသင်းနှင့် ကွာတားဖိုင်နယ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်များတွင် ဗြိတိန်က ဥရုဂွေးကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ဆီနီဂေါနှင့် ယူအေအီးသည် တစ်ဖက်တစ်ဂိုးစီဖြင့်လည်းကောင်း၊ မက္ကဆီကိုက ဆွစ်ဇာလန်ကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ တောင်ကိုရီးယားနှင့် ဂါဘွန်မှာ ဂိုးမရှိသရေဖြင့်လည်းကောင်း၊ ဘရာဇီးက နယူးဇီလန်ကို သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ အီဂျစ်က ဘယ်လာရုစ်ကို သုံးဂိုး-တစ်ဂိုးဖြင့် လည်း ကောင်း၊ ဂျပန်နှင့် ဟွန်ဒူးရပ်စ်၊ စပိန်နှင့် မော်ရိုကိုတို့မှာ ဂိုးမရှိသရေရလဒ်များဖြင့် လည်းကောင်း ပြီးဆုံးသွားခဲ့သည်။ အသက်(၂၃)နှစ်အောက် ၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ ၏ ကွာတားဖိုယ်ပွဲစဉ်များ အဖြစ် ဂျပန်နှင့် အီဂျစ်၊ မက္ကဆီကိုနှင့် ဆီနီဂေါ၊ ဘရာဇီး နှင့် ဟွန်ဒူးရပ်စ်၊ ဗြိတိန်နှင့် တောင်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
JACBA Burma.blog မှတဆင့် ဖော်ပြသည်။

သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) မှ သတင်း လွတ်လပ်ခွင့်အတွက် လှုပ်ရ

The voice ဂျာနယ် ရုံးခန်းရှိရာ(၃၂) အလယ်ဘလောက်
The voice ဂျာနယ်ရုံးခန်းသို့ရောက်ရှိစဉ်

သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) မှ သတင်းလွတ်လပ်ခွင့် အတွက် လှုပ်ရှားမှုများကို သြဂုတ်လ (၄) ရက် (ယနေ့) တွင် ပြုလုပ်နေကြောင်း သိရပါသည်။ လှုပ်ရှားမှုမှာ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press” စာတန်းပါ တီရှပ် အနက်ရောင်များကို ၀တ်ဆင်ပြီး သတင်းမီဒီယာ အသီးသီးမှ သတင်းသမားများ စုပေါင်း၍ နေရာ ငါးနေရာသို့ သွားရောက် သတင်းရယူခြင်း ဖြစ်ပါသည်။ အဆိုပါ နေရာ ငါးနေရာမှာ ၃၂ လမ်း (အလယ်ဘလောက်) ရှိ The Voice ဂျာနယ် ရုံးခန်းသို့ သွားရောက်ခြင်း၊ မြေနီကုန်းရှိ Envoy ဂျာနယ် ရုံးခန်းသို့ သွားရောက်ခြင်း၊ Orchid ဟိုတယ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း အလုပ်အမှုဆောင် ရွေးချယ်တင် မြှောက်ပွဲ သို့ တက်ရောက်ခြင်း၊ City Star ဟိုတယ်တွင် ပြုလုပ်မည့် တာရာမင်းဝေ အမှတ်တရ ကဗျာရွတ်ပွဲသို့ တက်ရောက်ခြင်း၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်မည့် ဆရာဖေမြင့်၏ စာပေဟောပြောပွဲသို့ တက်ရောက်ခြင်းနှင့် Home တွင် ပြုလုပ်မည့် ကာတွန်းစိုးသော်တာ စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ခြင်း အစရှိသည်တို့ ဖြစ်ကြောင်း သိရသည်။ သတင်းသမားများအနေဖြင့် အထက်ပါ အခမ်းအနားများသို့ တက်ရောက်သတင်းယူခြင်း အပါအ၀င် နိုင်ငံတော်အစိုးရထံပေး ပို့မည့် စာအတွက် လက်မှတ်များကိုပါ စုဆောင်းခဲ့ကြောင်း သိရပါသည်။ 
Eleven Media Group(Facebook - စာမျက်နှာ)

မည်သူမဆို

ဇူလိုင်လ ၁၃ ရက်နေ့က ပြည်သူ့လွှတ် တော်မှာ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ် နန်းဝါနုက အမေရိကန်နိုင်ငံရဲ့ မြန်မာ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် မည်သူမဆို မည်သည့် နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်း တိုက်တွန်းပေးရန် အရေးကြီး အဆို တစ်ခုကို တင်သွင်းခဲ့ပါတယ်။
အမေရိ ကန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို သတိကြီးစွာနဲ့ စောင့်ကြည့်နေပြီး ဒီမိုကရေစီဖြစ်ပေါ် တိုးတက်မှုတွေကြောင့် စီးပွားရေးပိတ်ဆို့ မှုတွေကို တစ်နှစ်ရပ်ဆိုင်းပေးခဲ့ပါတယ်။
သို့သော်လည်း ဇူလိုင်လ ၂၆ ရက်နေ့ မှ သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့ (Freedom and Democracy Act) of 2003 (ပြည်သူ့ဥပဒေ ၁၀၈.၆၁.၅၀့ှဃ စာအမှတ် ၁၀၇၁) တွင် ပါဝင်တဲ့ ကိုးနှစ်ဟူသော စကားစု(သက်တမ်း)အား ပယ်ဖျက်ပြီး တစ်ဆယ့်တစ်နှစ် ဟူသော စကားစု(သက်တမ်း)အား အစားထိုးပြင်ဆင်မှုကို ဇွန်လ ၁၂ ရက် နေ့ မှာ Mc connell နဲ့ Mrs Feeinstien တို့နှစ်ဦးက လွှတ်တော် အတွင်းမှာ နှစ်ကြိမ်တိုင်တိုင် တင်သွင်းခဲ့ပြီး ဘဏ္ဍာ ရေးကော်မတီသို့ လွှဲအပ်ပေးခဲ့ကြောင်းကို ခိုင်မာစွာ သတင်းရရှိခဲ့ပါတယ်။
ထို အဆိုအောင်မြင်သွားပါက စီးပွားရေး ပိတ်ဆို့မှုသက်တမ်းဟာ ၂၀၁၅ ခုနှစ် အထိ ရောက်ရှိသွားမှာဖြစ်တဲ့အတွက် သက်တမ်း လုံးဝ မတိုးဖို့ လွှတ်တော် ကိုယ်စားလှယ်ကြီးများက တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ခဲ့တဲ့အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။
ဒါတွေမက အမေရိကန်နိုင်ငံရဲ့ စီးပွား ရေးပိတ်ဆို့မှုဖြေလျှော့မှုများဟာ အမေရိကန်ကုမ္ပဏီလုပ်ငန်းရှင်များအတွက် သာဖြစ်ပြီး မြန်မာနိုင်ငံသားများရဲ့ ပို့ကုန် နဲ့ ငွေကြေးလဲလှယ်မှုများအတွက် မပါရှိ သေးတဲ့အတွက် တစ်လမ်းသွား တစ်ဖက် ဆန်နေကြောင်းနဲ့ ထိုကိစ္စကို ပြန်လည် သုံးသပ်ပြီး မြန်မာပြည်သူများရဲ့အကျိုး၊ မြန်မာတိုင်းရင်းသားများရဲ့အကျိုးကိုပါ စဉ်းစားပြီး ဆောင်ရွက် ပေးရန် လိုကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ထောက်ပြ ဆွေးနွေးတင်ပြခဲ့ပါတယ်။
လွှတ်တော်မှာ ဒေါ်နန်းဝါနုတင်သွင်း တဲ့ အဆိုဟာ အားလုံးက လက်ခံရမယ့် အဆိုတစ်ခုပါ။ ဒီအဆိုကို လွှတ်တော် ထဲမှာ ထောက်ခံ ဆွေးနွေးသူတွေ ထောက်ခံဆွေးနွေးကြပြီး ထောက်ပြ ဆွေးနွေးသူတွေကလည်း ထောက်ပြ ဆွေးနွေးကြလို့ တီဗီမှန်သားပြင်ပေါ်မှာ စပိန်နဲ့ ပေါ်တူဂီ ဘောလုံးပွဲ ကြည့်နေသလို ခံစားမိပါတယ်။
ဒီမိုကရေစီဆိုတာ အဲဒါပဲဗျ။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို အပြုသဘောနဲ့ ပြောရဲဆိုရဲတင်ပြရဲရ မယ်။ ဒါမှလည်း တိုင်းပြည် တိုးတက် မှာလေ။ ဒေါ်နန်းဝါနုရဲ့အဆိုကို ထောက်ခံ ဆွေးနွေးသူတွေက ထောက်ခံဆွေးနွေး ကြပြီး ထောက်ပြဆွေးနွေးသူတွေက ထောက်ပြ ဆွေးနွေးကြတာတွေထဲမှာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။
နိုင်ငံတော်သမ္မတနှင့်တကွ လွှတ် တော် ဥက္ကဋ္ဌကြီးများအပါအ၀င် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဟာ စစ်မှန်သော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေရရှိဖို့အတွက် စိတ်စေတနာကောင်း နဲ့ လုပ်ဆောင်နေကြပေမယ့် အထက် ပိုင်းဝန်ကြီးဌာနတွေမှ အောက်ပိုင်း ရပ်/ကျေး ဥက္ကဋ္ဌအဆင့်အထိ မိုက်ကယ် ဂျက်ဆင်ကကွက်နဲ့ နောက်ပြန်ဆုတ်ချင် သူတွေရှိသေးသဗျ။
စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ အခါမှာ ဒီလို နောက်ပြန်ဆွဲချင်တဲ့ စိတ် ဓာတ်ရှိသူတွေ ချန်ထားသင့်၊ အရေးယူ ဆောင်ရွက်သင့်တယ်လို့ ထင်မိသဗျာ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဒေါ်နန်းဝါနုရဲ့အဆိုကို ထောက်ပြ ဆွေးနွေးတဲ့အခါမှာ "စီးပွား ရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမယ် ဆိုရင် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးတွေကို အာမခံချက် ပေးနိုင် မလား"ဆိုတဲ့ မေးခွန်းဟာ မေးသင့် မေးထိုက်တဲ့ မေးခွန်းတစ်ခုလို့ ထင်မြင် မိပါတယ်။
နောက်တစ်ဦးက အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေး မယ်လို့ ကြေညာထားပြီး ဖြစ်လို့ ဒီအချိန် မှာ ဒီအဆိုကို ဆွေးနွေးရန်မလိုတော့ ဘူးလို့ဆိုသဗျာ။ ကိုယ့်အတွင်းက လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေး တွေ အပြည့်အ၀ရရှိအောင် ဘယ် လောက်ထိလုပ်ဆောင်နိုင်သလဲဆိုတာ ကြိုးစားပြသဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပြောခဲ့တယ်။
ဒီဆွေးနွေးမှုဟာ အလေးအနက်ထား စဉ်းစားသင့်တဲ့ ဆွေးနွေးမှုပါ။ ဒီနေရာမှာ စာရေးသူ အမြင်ကတော့ ရပိုင်ခွင့်ကို လိုချင်ရင် ကိုယ့်ဘက်ကလည်း တာဝန်ပိုင်းကို ကျေရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ နဲ့ လူ့အခွင့်အရေးတွေ ဘယ်လောက် ဖော်ဆောင်ပေးနိုင်ပြီလဲဆိုတဲ့ ရလဒ်ပေါ် မူတည်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို တစ်ထစ်ပြီး တစ်ထစ် ဖြေလျော့သွားမယ် လို့ ကြေညာထားပြီးဖြစ်ပါတယ်။
ဇူလိုင် လ ၂၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့ တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုကို ၂၀၁၅ အထိ သက်တမ်းတိုးဖို့ အမေ ရိကန်လွှတ်တော်အမတ် Mc connell နဲ့ Mrs Feeinstien တို့ရဲ့ အဆိုဟာ သက်တမ်းနုနယ်သေးတဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ ပြုပြင်း ပြောင်းလဲမှုတွေကို အားမရသေးလို့၊ စိတ်မချသေးလို့နဲ့ တူပါတယ်။
၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ကြီးဟာ တကယ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်ပါ့မလား၊ သန့်ရှင်း ပြီး ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲ ကြီး ဖြစ်ပါ့မလားဆိုတာ စောင့်ကြည့် လေ့လာလိုတဲ့ သဘောနဲ့လည်း တူပါတယ်။ Seeing is Beliving ဆိုတဲ့ စကားလို မြင်မှပဲယုံမယ်ဆိုတဲ့ သဘော ပေါ့။
ဒါကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်များ အပေါ် တင်းကျပ်စွာ ပိတ်ဆို့ ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယခုဇူလိုင် လ ၂၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံး သွားတဲ့ ၂၀၀၃ ခုနှစ်၊ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ လွှတ်မြောက်ရေး အက်ဥပဒေကို ၁၈-၇-၂၀၁၂ မှာ နောက်ထပ် သုံးနှစ်သက်တမ်းထပ်တိုး လိုက်ပါတယ်။
သို့သော်လည်း မြန်မာ နိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်လာ ပါက ၎င်းကို အချိန်မရွေး ဆိုင်းငံ့ရန် (သို့တည်းမဟုတ်)ရပ်ဆိုင်းရန် သမ္မတ အိုဘားမားဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကို အမေရိကန်လွှတ်တော်က လုပ်ပိုင်ခွင့် အာဏာပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
အမေရိကန်က မြန်မာနိုင်ငံမှ ၂၀၁၂ ခုနှစ်အထိ ပို့ကုန်မျိုးစုံတင်သွင်းခဲ့ပြီး ၎င်းနှစ်မှာ ဒေါ်လာသန်း ၃၅၀ ကျော် ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံ နဲ့ အမေရိကန်နိုင်ငံတို့ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံ မှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ဆို့ထားခဲ့သော ဥပဒေအား အမေရိကန်အစိုးရ က ပြီးခဲ့သော မေလအတွင်း ဖယ်ရှား ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အမေ ရိကန်ကုမ္ပဏီကြီးများ စီးပွားရေး လုပ်ကိုင်ခွင့်ကို အားပေးတိုက်တွန်းခဲ့ သော်လည်း မြန်မာနိုင်ငံမှ ထွက်ကုန် များကို ယခုတိုင် အမေရိကန်သို့ တင်ပို့ ခွင့်မပြုသေးကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးက မြန်မာနိုင်ငံသားများရဲ့ ပို့ကုန်နဲ့ ငွေကြေးလဲလှယ်မှုများ မပါရှိသေးတဲ့ အတွက် တစ်လမ်းသွား၊ တစ်ဖက်သတ် ဆန်နေကြောင်း ထောက်ပြဆွေးနွေးခဲ့ ပါတယ်။
သို့သော်လည်း ဒီကိစ္စကို ကိုင်တွယ် ဆောင်ရွက်ပေးဖို့ဆိုတာ မည်သူမဆို လုပ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ထက်မြတ် တဲ့ အရည်အသွေး ရှိသူ၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာရဲ့ လေးစားကြည်ညိုမှုကိုခံရ သူ၊ ဘာသာစကားကို ကမ္ဘာ့အဆင့်မီ ကျွမ်းကျွမ်းကျင်ကျင် ပြောဆို နိုင်သူ၊ မြန်မာကို ကမ္ဘာကသိအောင် ဆောင်ရွက် ပေးနိုင်ခဲ့သူ၊ မျိုးရိုးသမိုင်းအစဉ်အလာ ကြီးမားသူ ဒီလိုအရည်အချင်းနှင့် ပြည့်စုံ သူ လွှတ်တော်ထဲမှာရှိပါတယ်။
ချီးမြှောက်သင့်သူ ချီးမြှောက်၊ ဂုဏ်ပြု သင့်သူကို ဂုဏ်ပြု၊ တော်သူကို ရှေ့ဆောင် စေတဲ့ ရိုးသားမွန်မြတ်သော စိတ် စေတနာနဲ့ "မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အား အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ကို ရုပ်သိမ်းပေးရန်အတွက် ညှိနှိုင်းတိုက် တွန်းပေးရန်အဆိုကို တင်သွင်းပါတယ်" လို့ အဆိုတင်သွင်းပြီး ထောက်ခံသူက ထောက်ခံပြီး လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ပေးလိုက်လျှင် မည်သူမဆို ဟု ကျယ်ပြန့်စွာ ညွှန်းဆိုမယ့်အစား အဘယ်မျှ သင့်တင့်လျောက်ပတ်လိုက် လေမလဲလို့ တွေးမိပါတယ်။
သို့ပင်ဖြစ်ငြားသော်လည်း ကော့မှူး မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ ကောင်းဖို့ မတူတာတွေ ဘေးဖယ်ပြီး တူတာတွေကို မည်သူနဲ့ဖြစ်စေ၊ မည် သည့်ပါတီနဲ့ဖြစ်စေ ပူးပေါင်းလုပ် ဆောင်မယ်လို့ သူ့ရဲ့ စိတ်ရင်းစေတနာ ကောင်းကို ကြေညာထားပြီးဖြစ်တဲ့ အားလျော်စွာ ဇူလိုင်လ ၁၆ ရက်နေ့မှာ မိမိ နေအိမ်ကနေပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု (BFDA) နှင့် ပတ် သက်ပြီး အမေရိကန်လွှတ်တော်အမတ် မစ်မက်ကောနဲလ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး ခဲ့ပါသည်။
နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု တွေကြောင့် မြန်မာနိုင်ငံဟာ များစွာနစ် နာခဲ့ရတယ်ဆိုတာ အားလုံးနားလည်သိ ရှိပြီး ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတဲ့ အကျိုးတရားတွေဟာ ဘယ်အကြောင်း တရားတွေကြောင့်လဲလို့ ကိုယ့်ကိုယ် ကိုယ် မလိမ်မညာဘဲ အဖြေထုတ် ကြည့်လျှင် သိနိုင်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အချိန်အကန့် အသတ်ကြောင့်လောဟူ၍ မသိ၊ စီးပွား ရေးပိတ်ဆို့မှုသက်တမ်း နောက်ထပ် သုံးနှစ် မတိုးရန် အဆိုကိုသာ ဆွေးနွေးခဲ့ ကြပြီး ဒီပိတ်ဆို့မှုရဲ့ အရင်းအမြစ်ရောဂါ ဆိုးကြီးကို ဘယ်လိုကုစားကြရမယ်ဆို တာကို မဆွေးနွေးဖြစ်ခဲ့ဘူး။
သမ္မတကြီးနဲ့ တကွ တိုင်းပြည်ကိုချစ်ကြရတဲ့ ပုဂ္ဂိုလ် တိုင်း ယနေ့မြန်မာနိုင်ငံကြီး လျှောက် လှမ်းရမယ့် တစ်ခုတည်းသောလမ်းဟာ ဒီမိုကရေစီ လမ်းကြောင်းဆိုတာ အားလုံး နားလည်သဘောပေါက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အသိခေါက်ခက် အ၀င်နက်တဲ့ မိုက်ကယ်ဂျက်ဆင်လို နောက်ပြန်ဆွဲကကွက်နဲ့ ကနေချင်သူတွေ ရှိသေးတယ်ဆိုတာ သတိပြုမိပါတယ်။
ယနေ့ကာလဟာ မြန်မာနိုင်ငံရဲ့ လွတ် လပ်ရေးရခါစ အချိန်အခါလို အလွန် အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ မည်သူမဆို အနှစ် ၅၀ ကျော် ချောက်ထဲ ကျနေတဲ့ တိုင်းပြည်ကြီးကို ကယ်ထုတ်ကြ ရမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို တည် ဆောက်ကြရမယ်။
ပြည်သူတွေအားလုံး စည်းလုံးညီညွတ်ကြရမယ်။ ပါတီတွေ အားလုံး တူတာတွေ ပူးပေါင်းလုပ်ဆောင် ကြရမယ်။ ပါတီနှင့် နိုင်ငံအကျိုး ယှဉ်လာ လျှင် နိုင်ငံအကျိုးအတွက် ပါတီ၏အကျိုး စီးပွားကို စွန့်လွှတ်ရဲရမယ်။
ကိုယ်ကျိုးကို နိုင်ငံကောင်းကျိုးအတွက် လိုအပ်လျှင် အသက်ကိုပင် စွန့်လွှတ်ရဲရမယ်။ တပ်မတော်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ပင်မ ကျောရိုးသဖွယ် ရပ်တည်ပေးရမယ်။
စီးပွားရေးပိတ်ဆို့မှုများ မည်သည့် ကာလအတိုင်းအတာထိ ရှိနေစေကာမူ မိမိတို့လုပ်ဆောင်ရမည့် လူ့အခွင့်ရေးနဲ့ စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးကို ပြည်သူတွေရရှိအောင် မိမိတို့အတွင်းမှာ စည်းရုံးလုပ်ဆောင် သွားကြရမယ်။
လွှတ် တော်ကိုယ်စားလှယ်ကြီးများအပါအ၀င် တပ်မတော်တစ်ရပ်လုံးနှင့် အထက် ၀န်ကြီးဌာနများမှ အောက်ခြေ ရပ်/ ကျေးအထိ မည်သူမဆို ဒီမိုကရေစီစံချိန် စံညွှန်းနဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို မလုပ်ချင်လည်း လုပ်ရမယ်။
လုပ် ချင်လည်း လုပ်ရမယ်။ မလုပ်ချင်လို့ မလုပ် တဲ့သူတွေကို ပြတ်ပြတ်သားသား နောက် ချန်ခဲ့ရမယ်။ ဒါဟာ ရိုးသားတဲ့ သမ္မတကြီး ရဲ့ လမ်းညွှန်ချက်ပါပဲ။
ဒီတော့ စစ်မှန်သောဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အ၀ရရှိ အောင် လုပ်ဆောင်ပေးလိုတဲ့ မည်သူ မဆို ကိုယ့်သီလကို ကိုယ်လုံအောင် ထိန်းပြီး ကိုယ့်သမာဓိကို ကိုယ်တည်အောင် ဆောက်တည်ကြရမယ်။
"ကတိသစ္စာ တည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏" ဆိုတဲ့စကားလို ထိုထို သောအခါမှာ နိုင်ငံတော်က လိုချင်သော ဆန္ဒများ အလိုလိုပြည့်ဝသွားလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဒါပေမယ့် လိုတာကိုရဖို့အတွက် မည်သူမဆို ညှိနှိုင်းဆွေးနွေးပေးရန် ဖိတ်ခေါ်မှုအတွက်ရလိုသော ဆန္ဒများ ပြည့်ဝလာရန် လက်သည်ကြီး အားကိုး၍ မရ၊ ညှစ်အားလည်းလိုသည်ကို သဘောပေါက် နားလည်သင့်ကြောင်းနဲ့ ရယူလိုသော စီးပွားရေး ပိတ်ဆို့မှု များ ရုပ်သိမ်းပေးရန်ဆန္ဒကို စစ်မှန်သော ဒီမိုကရေစီနဲ့ လူ့အခွင့်များရရှိရေး အတွက် အာမခံချက်ပေးနိုင်သော ပြုပြင် ပြောင်းလဲdမှု များကို မိမိဘက်မှ အကောင် အထည်ဖော် မဆောင်ရွက်ပေးနိုင်ပါက မိမိတို့လိုချင်သော အရာအားလုံးသည် အချိန်မရွေး ပြန်လည် ဆုံးရှုံးသွားနိုင်ကြောင်း စာရေးသူထင်မြင်ယူဆချက်ကို ထုတ်ဖော်ရေးသားလိုက်ရပါတယ်။
မြန်မာတိုင်းမ်( အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )
 ဦးတင်မောင်လတ် (မွန်ပြည်နယ် ကျောင်းကျန်းမာရေး)

သမ္မတက တာဝန်ပေးခန့်အပ်ထားသောပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများ တင်ပြရန် သမ္မတရုံးက ညွှန်ကြား

ကျော်ဆုမွန်
လွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတကခန့်အပ်ထားသော ပုဂ္ဂိုလ်များ ၏ ပိုင်ဆိုင်မှုများအား ဩဂုတ်လ ၁ ရက် နေ့ နောက်ဆုံး ထားပြီး ၎င်းတို့၏ပိုင်ဆိုင် မှုစာရင်းများကို သမ္မတရုံးသို့ပေးပို့ကြ ရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ သည်။
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ပြည် နယ် အစိုးရ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်း ဒေသကြီး ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များနှင့် တရားသူကြီး များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ ကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံ တော်သမ္မတထံပေးပို့ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ ကို ထုတ်ဖော်ကြေညာခဲ့ပြီး မှတ်တမ်းတင် ခြင်းနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံတိုင်း၌ အဆိုပါ လုပ်ဆောင်ချက်ကို ကြိုဆိုကြကြောင်း နိုင်ငံရေးလေ့လာသူ များက ဆိုသည်။
"ပြည်ထောင်စုဝန်ကြီးတွေ ပိုင်ဆိုင်မှု တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနိုင်ငံတွေ မှာတော့ ဒီလိုထုတ်ဖော်ပြသတာမျိုးကို ကျင့်သုံးလေ့ ရှိတယ်။ လူထုသံသယရှင်း သွားအောင်၊ တရားမျှတမှု ရှိ မရှိ၊ ဘယ် လောက်ပိုင်ဆိုင်မှုရှိလဲဆိုတာ လုပ်တာပဲ ဖြစ်တယ်" ဟု ဒီမို ကရက်တစ်ပါတီ (မြန်မာ)မှဥက္ကဋ္ဌဦးသုဝေက ပြောသည်။
သူက ဆက်လက်ပြောရာတွင် ပြီးခဲ့ သည့်လမ်းစဉ်ပါတီခေတ်တွင် ထိုသို့ ထုတ်ဖော်ပြသရန်အတွက် ဥပဒေများ ရေးဆွဲခဲ့ခြင်း ဖြစ်သော် လည်း လက်တွေ့ တွင် ဖြစ်ပေါ်မလာခဲ့ခြင်းများလည်း ရှိကြောင်း ပြောဆိုသည်။
"၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဒါမျိုး မဖော်ပြခဲ့ဘူး။ အခုခေတ်မှာ ရိုးရှင်းစွာ လုပ်တဲ့ အစိုးရ၀န်ထမ်းဆိုရင် ပြရဲရမှာ ပေါ့။ ဒါတွေက အခြေအနေတွေပေါ် လည်း မူတည်တယ်။ ဒီလိုအချက်တွေ အပေါ်မှာပဲ မူတည်ပြောနေတယ်ဆိုရင် တခြား တိုင်းပြည်တိုးတက်ရေး အတွက် မလုပ်နိုင်ဘဲ ဖြစ်နေဦးမယ်လို့ ယူဆတယ်"ဟု ဦးသုဝေက ပြောသည်။
"ရာထူးမရှိခင်ကနဲ့ ရာထူးရှိပြီးကာလ မှာ ပိုင်ဆိုင်မှုဘယ်လောက် တိုးတက်လာ လဲဆိုတာကို ပြည်သူကိုပြသဖို့ လိုပါတယ်။ ပြည်သူကို ချပြဖို့ တကယ်သာ လုပ်မယ်ဆိုရင် သိပ်ကောင်းတဲ့လုပ်ရပ် တစ်ခုပါပဲ"ဟု အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောက ပြော ကြားသည်။
"အရင်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မဟုတ်တဲ့ အစိုးရဖြစ်လို့ မလို အပ်ခဲ့ပေမယ့် အခုအစိုးရကတော့ ပြည်သူက ရွေးကောက် တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူ့ဘဏ္ဍာနဲ့ သုံးနေတာဖြစ်တဲ့အတွက် ဘယ်လောက် ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာ ပြသဖို့ လိုလာပါတယ်" ဟု ၎င်းကပြောသည်။
တစ်ဖက်တွင်လည်း ၀န်ကြီးများ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းပိုင်ဆိုင်မှုများကို ဖော်ပြခြင်းဖြင့် ပွင့်လင်းမြင်သာမှုသဘော ဆောင်ယုံမျှမက နောင်တွင် ၀န်ထမ်းများ ၏ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကို ပါ များစွာ အထောက် အကူပြုလာမည်ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီကျင့်သုံးသည့် အိမ်နီးချင်း နိုင်ငံများတွင်လည်း အစိုးရအဖွဲ့ဝင်များ ၏ပိုင်ဆိုင်မှုများကို ပြည်သူသို့ တရားဝင် ထုတ်ဖော် ပြသမှုများ ရှိကြောင်း၊ အစိုးရ အဖွဲ့ဝင်များသည် လာဘ်လာဘကင်း ဝေးရန် ဆောင်ရွက်ဖို့ အဓိကကျကြောင်း လည်း သူကဆိုသည်။
အစိုးရအဖွဲ့ဝင်များသာမက လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ကိုယ်စား လှယ်လောင်းများဘ၀ကပင် မဲဆွယ် စည်းရုံးမှုများ လုပ်ဆောင်ခဲ့စဉ်က ငွေကြေးသုံးစွဲမှုများကိုလည်း ပြည် ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က စစ်ဆေးခဲ့သဖြင့် လွှတ် တော်ကိုယ်စားလှယ်များသည်လည်း ငွေကြေးသုံးစွဲမှု၊ ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက် ကြလျက်ရှိသည်ကို တွေ့ရသည်။
မြန်မာတိုင်းမ် အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )မှတဆင့်ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ပုံမှန်အနေအထားသို့ ပြန်ရောက်ရှိနေပြီး အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွား စေရန် စီမံကိန်းရေးဆွဲနေ

ဇော်ဝင်းသန်း
ရခိုင်ပြည်နယ်အတွင်း အခြေအနေ အရပ်ရပ်မှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အလားတူ အကြမ်းဖက် မှုများ ဆက်လက်မဖြစ်ပေါ်ရန် စီမံကိန်းရေးဆွဲနေပြီး အဆိုပါကိစ္စရပ်များကို ဘာသာရေး ပြဿနာတစ်ရပ်အသွင် ဖော်ဆောင်နေမှု များကို လုံးဝပယ်ချကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီး ဌာနရုံးတွင် ကျင်းပသည့် ရခိုင် ပြည်နယ်အရေး အထူးသတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
မေလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ် ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်ပြီး ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ် အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ် မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါအဖြစ်အပျက်နှစ်ခု ဖြစ်ပေါ် ပြီးနောက် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့များ၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ်များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်း များကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့ ကျူးလွန်ခဲ့ကြ ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
"အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးက ၇၇ ဦးသေဆုံးပြီး ၁၀၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းနဲ့ စာသင်ကျောင်းသုံးကျောင်း မီးလောင်ပျက်စီး သွားခဲ့ပါ တယ်" ဟု ၎င်းက ပြောကြားသည်။
အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန် မှာပင် ဆူပူမှုဖြစ်ပွားရာနေရာများ၌ အစိုးရက ချက်ချင်းအရေးယူဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခဲ့ ကြောင်း ၎င်းက ပြောသည်။
အဆိုပါအကြမ်းဖက်မှု အဖြစ်မှန်ဖော် ထုတ်ရေးနှင့် ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရန်အတွက် ဇွန်လ ၆ ရက်နေ့ က ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်း ခဲ့သည်။
ထို့ပြင် သမ္မတဦးသိန်းစိန်ကလည်း ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြား ကာ အခြေအနေအရပ်ရပ်အား သည်းခံကြရန် ပြော ကြားခဲ့သည်။
ထို့ပြင် အကြမ်း ဖက်မှုများ အဆုံးသတ်ရန်အလို့ငှာ ဇွန်လ ၁၂ ရက်နေ့တွင် အရေးပေါ်အခြေ အနေကို သမ္မတရုံးက ထုတ်ပြန်ကြေညာ ခဲ့ကာ ပြည်နယ်တွင်း အုပ်ချုပ်ရေးတာဝန် ကို တပ်မတော်က ရယူဆောင်ရွက်ခဲ့ သည်။
အကြမ်းဖက်မှုများသည် ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ်အနည်းငယ်၌ ပေါ်ပေါက်ခဲ့သည့် အုပ်စုချင်း အကြမ်းဖက်မှုသာ ဖြစ်ကြောင်း နှင့် ဖြစ်ရပ်မှန် အခြေအနေများကိုထောက်ရှု၍ ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသည့် ကိစ္စရပ်အား အချို့အသိုင်းအ၀ိုင်းများက ဘာသာ ရေးပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေး အသွင်နှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံမှ လုံးဝပယ်ချ ကြောင်း ဦးဝဏ္ဏမောင် လွင်က ပြောကြားသည်။
"အကြမ်းဖက်မှုကို သုံးသပ်ကြည့်မယ် ဆိုရင် တစ်ဦးနဲ့တစ်ဦး ဘာသာရေးအယူ အဆ ကွဲပြားခြင်းနဲ့ အထင်အမြင်လွဲမှား မှုမှ မုန်းတီး ခြင်း၊ လက်တုံ့ပြန်ခြင်း၊ လက် စားချေခြင်းများကြောင့် ဥပဒေမဲ့စရိုက် များ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအကြမ်း ဖက်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေ မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် အသိုင်း အ၀ိုင်း နှစ်ဖက်စလုံးမှဖြစ်တာကို တွေ့ရှိ ရတဲ့တွက် ဒီအကြမ်းဖက်မှုက ဘာသာ ရေး၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ ပတ်သက်မှုမရှိ ကြောင်း ထင်ရှားပါတယ်။နောက် မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။
အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူ ရခိုင်အမျိုးသား ၁၄,၃၂၈ နှင့် မွတ်စလင် ဘာသာဝင် ၃၀,၇၄၀ တို့အတွက် အစိုးရ က ကယ်ဆယ်ရေးစခန်း ၈၉ ခု တည် ဆောက်ပေးထားသည်။
"အခုအခြေအနေ ပြန်လည်ကောင်း မွန်လာပြီဖြစ်တဲ့အတွက် သူတို့နေရပ် ဒေသတွေကို ပြန်လည်ရွှေ့ပြောင်းနေ ကြပါပြီ"ဟု ဦးဝဏ္ဏမောင်လွင်က ပြော ကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီက ယခုကဲ့သို့ အကြမ်းဖက်မှုပြဿနာများ ဆက်လက် မဖြစ်ပေါ် စေရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း ကာ ဆောင်ရွက်ရန်အတွက် စီမံကိန်း ရေးဆွဲနေပြီဖြစ်ကြောင်း ပြောသည်။
"ဒီလိုပြဿနာမျိုး နောက်မဖြစ် အောင် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်း ပြီး လုပ်ဆောင်ဖို့နဲ့ ကိုယ့်တိုင်းပြည်မှာ ရပ် တည်နေတဲ့အဖွဲ့အစည်းတွေ အချင်း ချင်း ရင်းနှီးချစ်ခင်အောင် စီမံကိန်းရေးဆွဲ နေပါတယ်"ဟု ဦးခင်ရီက ပြောသည်။
"ရုတ်ရုတ်သဲသဲဖြစ်နေတော့ သူ့လူ ကိုယ့်လူ ခွဲနိုင်ဖို့အတွက် မှတ်ပုံတင်စစ် တာပါ။ တခြားကခိုးဝင်တဲ့သူတွေများ ရှိနေလား။ ဒီမှာပဲ နေတဲ့ ဘင်္ဂါလီတွေ လား၊ ရခိုင်တိုင်းရင်းသားတွေလည်း ဒီမှာ ရှိတဲ့အရေအတွက်နဲ့ မှန်သလားပေါ့။ ကျွန်တော်တို့အခေါ်အရတော့ ဆွဲတင် စစ်ခေါ်ပေါ့။ မြေပုံဆွဲ၊ အိမ်ပေါ် လူဦးရေ တင်တယ်။ မှန် မမှန် ပြန်စစ်တာပါ။ လူဦးရေနဲ့ပတ်သက်လို့ ဒါအမှန်ဆုံးပဲ။ အဲဒီလို စစ်ရတဲ့သဘောပါ"ဟု ဦးခင်ရီက ပြောသည်။
ထို့ပြင် နိုင်ငံသားနဲ့ပတ်သက်ပြီး ကတ် ပြားများ ထုတ်ပေးရာတွင် မွေးရာပါ နိုင်ငံ သား၊ ဥပဒေအရ နိုင်ငံသားဖြစ်သည့်သူများကို ပန်း ရောင်ကတ်ပြားများ ထုတ်ပေးထားကြောင်းနှင့် ဧည့်နိုင်ငံသားမှာမူ ဧည့်သည်သာဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ၎င်းက ရိုဟင်ဂျာဆိုသည့် အသုံး အနှုန်းမှာလည်း မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးတွင် လုံးဝမရှိကြောင်းနှင့် မြန်မာနိုင်ငံ တွင် ၁၈၂၄ ခုနှစ်မတိုင်မီက မည်သည့်နိုင်ငံခြားသားမျှ မရှိကြောင်း ပြောသည်။
ရခိုင်ပြည်တွင်းအခင်းနှင့် ပတ်သက် ပြီး နိုင်ငံတကာလူ့အခွင့်အရေး ကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့များက ပွင့် လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားမှုကို ဦးခင်ရီ က ယခုပြဿနာသည် ပြည်တွင်းရေးသာ ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာမဟုတ်ကြောင်း ပြောကြား သည်။
"နိုင်ငံတော်အစိုးရက ဘယ်လိုဆုံး ဖြတ်လဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာ ဟိုးရှေး အစဉ် အဆက်ကနေခဲ့တဲ့ ဘင်္ဂါလီလူမျိုး တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ တစ်အိမ်တည်းမှာနေတဲ့ ညီအစ်ကိုတွေရန်ဖြစ်ကြတာပဲ။ ဒါက ပြည်တွင်းပြဿနာသာ ဖြစ်ပါတယ်။ ခိုးဝင်တဲ့သူတွေရှိနေတယ် ဆိုတာကလည်း ဒါက နှစ်နိုင်ငံသဘော တူစာချုပ် ချုပ်ဆို တားဆီး ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါက ဒေသတွင်း ပြဿနာမဟုတ်ဘူး။ နိုင်ငံတကာ ပြဿနာလည်း မဟုတ်ဘူး"ဟု ဦးခင်ရီ က ပြော သည်။
မြန်မာတိုင်း(မ်)စာမျက်နှာ-အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ ) မှတဆင့်ဖော်ပြသည်။

Friday, August 3, 2012

x20 ဗုံးကွဲ မှု နဲ့  သေဒဏ် ချမှတ် ခံထားရတဲ့ ကိုဖြိုးဝေအောင် ကို ပြန်လွှတ်ပေး

f31
၂၀၁၀ ခုနှစ် ဧပြီ လ ၁၅ ရက်နေ့ က ရန်ကုန် မြို့  ကန်တော် ကြီး ကန်ပတ် လမ်းမှာ ဗုံးပေါက်ကွဲ
မှု နဲ့  ဖမ်းဆီး ခံရကာ သေဒဏ် ချမှတ် ခြင်း ခံရတဲ့  ကိုဖြိုးဝေအောင် ကို ဒီနေ့ အင်းစိန် ထောင်
က နေ နေ့ လည် ၁၂ နာရီမှာ  ပြန်လည် လွှတ်ပေး လိုက် တယ် လို့  FNG က သတင်း ရရှိပါတယ်။
ထောင် က ပြန်လည် လွတ်မြောက် လာတဲ့ ကိုဖြိုးဝေ အောင် ဟာ ကောင်းမွန် စွာ လမ်းလျှောက်
နိုင် ခြင်း မရှိ တော့ ဘူး လို့  မျက်မြင် တွေ့ ခဲ့ ရတဲ့ နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦးက
ပြော ပါတယ်။
ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား
မြန်မာ နိုင်ငံ ကို ရောက်ရှိ နေ စဉ် တနင်္လာ နေ့ က အင်းစိန် ထောင် ကို သွား ရောက် စစ်ဆေးရာ
မှာ ကို ဖြိုးဝေအောင် နဲ့  လည်း တွေ့ ဆုံခဲ့ ပါတယ်။
၂၀၁၀ ခုနှစ် သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ့  မတရားဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ် ခံရတဲ့
ကိုဖြိုးဝေအောင် ဟာ အသည်း ရောဂါ ခံစား နေရ တာ ကြောင့် ဆက်လက် ပြီး အသက်ရှင်သန်
ဖို့  လမ်း သိပ် မရှိ တော့ ဘူး လို့  သူ့  ရဲ့  ညီဖြစ် သူ ကို ထက်ဝေအောင် က ကုလ အထူးသံ အိုဟေး
ကင်တားနား ဆီ ကို စာရေး ဆက် သွယ် စဉ် မှာ ပြော ခဲ့ ပါတယ်။
ဗုံးပေါက် ကွဲ မှု ဖြစ်စဉ် က ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင် နေ
တဲ့ ကိုဖြိုးဝေအောင် ကို မြန်မာ နှစ်သစ် ကူး ကာလ အတာသင်္ကြန် ဗုံးပေါက် ကွဲ မှု နဲ့ 
၂၀၁၀ ဧပြီ လ ၂၃ ရက်နေမှာ ဖမ်း ဆီး ပြီး  နှစ် နှစ် ကြာ ယခုနှစ် မေလ ၈ ရက်နေ့ မှာ
တရား စီရင် မှု ပြီး နောက် မှာ အမြင့် ဆုံးသေဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။  အခု လို
သေဒဏ် ချမှတ် လိုက်တာ ဟာ အရပ် သား အစိုးရ လက်ထက် မှာ ပထမ ဦး ဆုံး အကြိမ်
လည်း ဖြစ်ပါတယ်။
မြန်မာ စစ်အစိုးရ ဟာ သန် လျှင် ရေနံ ချက် စက်ရုံ ဗုံးပေါက်ကွဲ မှု ဖြစ်တုန်း ကလည်း အပြစ်မရှိ သူ ကို
ဖမ်းဆီး ထောင်ချ ခဲ့ ပြီး တကယ် ဖေါက်ခွဲ မှု ပြု သူ က ၀န်ခံ ပေမယ့် အပြစ် မရှိ သူ ကို အနှစ် ၂၀ ကျော်
ဖမ်းဆီး ထောင်ချ ထား ခဲ့ ပါတယ်။
မဟာ သင်္ကြန် အတက် နေ့  X20 မဏ္ဍပ် ဗုံးပေါက် ကွဲ မှု ကြောင့် အနည်း ဆုံး ဆယ်ဦး သေဆုံး ပြီး
လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။
 by FNG on August 3, 2012(Freedom News Group)

Wednesday, August 1, 2012

ထိုင်း PTT ကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၆၀ ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၁

ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင် ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သော PTT သည်  လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၆၀ ဖွင့်လှစ်သွားရန် ရှိသည်ဟု ဘန်ကောက်မှ လာသော သတင်းများအရ သိရသည်။

"ကျွန်တော်တို့မြန်မာပြည်မှာ ကိုယ်ပိုင် ဓါတ်ဆီရုံတွေ အရင်စဖွင့်မှာ ဖြစ်ပါတယ်။ ပြီးမှသာလျှင် ဒေသတွင်း လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေသွားမှာပါ။" ဟု Mr Sarun က ပြောကြားခဲ့သည်။

PTT ကုမ္ပဏီ ၏ နိုင်ငံတကာ ဈေးကွက် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ Burin Rattanasombut က PTT သည် မကြာမီ PTT Myanmar Co.ltd ကို တည်ထောင်သွားမည်ဟု ပြောကြားခဲ့သည်။"ကျွန်တော်တို့ မြန်မာပြည်အတွင်း ရှိ ဆီသုံးစွဲ မှု တဟုန်ထိုးမြင့်တက်ဖို့ မျှော်လင့်ထားပါတယ်။မြန်မာပြည် အစိုးရဟာ ပြည်သူတွေက ကားတွေ ၀ယ်ယူနိုင်ရန် တရားဥပဒေကို ပြင်ပြီးပါပြီ။ အဲဒါကြောင့် ကားဈေးတွေ ကျခဲ့ရပါတယ်" ဟု ၄င်း၏ပြောကြားချက်ကို ဘန်ကောက်ပို့ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် လူဦးရေ အရည်အတွက် မကွာခြား သော်လည်း ယမန်နှစ်က မြန်မာပြည်၏ စက်သုံးဆီ သုံးစွဲမှုသည် ၂.၄ ဘီလီယံ လီတာ အထိသာ ရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ စက်သုံးဆီ သုံးစွဲမှုသည် ၁၅ ဘီလီယံ လီတာ အထိရှိခဲ့သည်။ PTT သည် အင်ဂျင်ဝိုင် နှင့် အဆင့်မြင့် ဓါတ်ဆီ တို့ကို မြန်မာပြည်သို့ နှစ်ပေါင်းများစွာ တင်ပို့ခဲ့ရာ မြန်မာပြည်ရှိ ကားမောင်းသူများ ထံမှ နွေးထွေးသည့် ကြိုဆိုမှုကို ရရှိခဲ့သည်။ထို့ကြောင့် ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ထပ်မံ ရရှိရန် PTT က မျှော်လင့်နေခြင်းဖြစ်သည်။


 ဒီသတင်းများကို Myanmar News Now မှတဆင့်ဖော်ပြသည်။ Myanmar News Now အဖွဲ့သားများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ရေကြီးမှုကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး ဓာတ်လိုက်သေဆုံး

ပြီးခဲ့နှစ် ပဲခူး ရေကြီးခဲ့စဉ် က မြင်ကွင်းတခုပါ
ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှာ အသက် ၁၄ နှစ်အရွယ် ကလေးတဦး လှေမှောက်ပြီး ဓာတ်ကြိုးကို ကိုင်မိတဲ့အတွက် ဓာတ်လိုက်သေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပဲခူးမြို့မှာ ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မြစ်နား အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ အုန်းဆက်ကုန်း၊ ရွာသစ်၊ ကျောက်ကြီးစု၊ ကျောက်တွင်းကုန်း၊ မြို့သစ်၊ ရှမ်းစု၊ မဇင
်း၊ ဇိုင်းဂနိုင်း တောင်-မြောက်၊ ရပ်ကွက်ကြီး ၇ ခုနဲ့ ကျွန်းသာယာ ရပ်ကွက်တွေမှာ ရေကြီးနေတဲ့အတွက် လှေနဲ့သွားလာရာမှ အခုလို လှေမှောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်က ကျောက်ကြီး ရပ်ကွက်မှာ ရေကြီးပြီး လှေနဲ့သွားရတယ်။ စက်ရုံဆင်းတဲ့ ကလေးတွေ၊ ကျောင်းသွားတဲ့ ကလေးတွေကျတော့ လှေနဲ့သွားရတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျောက်ကြီးစုရပ်ကွက်က ကောင်လေးက လှေစီးရင်း လှေမှောက်လို့ ဘေးမှာရှိတဲ့ ကြိုးတချောင်းကို ဆွဲလိုက်တာ ဓာတ်လိုက်ပြီး သေသွားတယ်။ ရပ်ကွက်ထဲမှာ မီးကြိုးတွေက ဥပဒေနဲ့အညီ သွယ်တန်းထားတာ မရှိတော့ အဲလို ဖြစ်သွားတာ။”

ရေကြီးနေတာ ၄ ရက်လောက်ရှိပြီဖြစ်ပေမယ့် အိမ်တွေ ပြောင်းရွှေ့ရတာ မရှိသေးဘူးလို့ မြို့ခံက ပြောပါတယ်။

တောင်ငူမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပသိဆည် ရေလွှတ်ချတဲ့အတွက် အိမ်ထောင်စု ထောင်စု ရေနစ်မြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ ညနေထုတ်ပြန်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာတော့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။ အလားတူ တောင်ငူမြို့မှာလည်း ၅၈၈ စင်တီမီတာကို ရောက်ရှိနေပြီး နောက် ၄၈ နာရီအတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Myanmar News Now

ပင်လုံစိတ်ဓာတ်နှင့် မခွာသော တန်းတူညီမျှရေးအတွက် ဥပဒေပြဋ္ဌာန်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စိုးသန်းလင်း


ပြည်သူ့လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် ပါဝင်ဆွေးနွေးနေသည်ကို ယခုလ ၂၅ ရက်နေ့က တွေ့ရစဉ်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက် သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုနှင့် ပတ်သက်၍ ထောက်ခံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - အေအက်ဖ်ပီ
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ပင်လုံစိတ်ဓာတ်နှင့် ကွာခြား၍မရသည့်၊ ခွာလို့မရသည့် တန်းတူညီမျှရေး၊ အပြန်အလှန်လေးစား ယုံကြည်ရေးတို့ကိုအခြေခံ၍ ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ ဆောင်ရွက်ကြဖို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး ၁၄ ရက်မြောက်နေ့တွင် လွှတ်တော်၌ တိုက်တွန်းပြောကြား ခဲ့သည်။
"တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ခြင်း ဆိုတာဟာ ဘာသာစကား၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းထက် များစွာ ပိုပြီးတော့ ကျယ်ပြန့်နက်နဲပါတယ်။ ဒါကို ထောက်ထားပြီးတော့ ပင်လုံ စိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းခြင်း၊ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလိုပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ဖို့ တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့အဆိုကို ထောက်ခံ ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။
ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် လွှတ်တော်ကိုယ်စား လှယ်များက စတင်ဆွေးနွေးခဲ့ကြပြီး ယခု ၎င်းအစည်းအဝေး ၁၄ ရက် မြောက်နေ့၊ ဇူလိုင် ၂၅ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဆက်လက် ဆွေးနွေးခဲ့ကြရာ ဆွေးနွေးခဲ့ကြသူ ကိုးဦးတို့ အနက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးအုန်းကြိုင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟနှင့် ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူတို့လည်း ပါဝင်ခဲ့ကြသည်။
အင်န်အယ်လ်ဒီအမတ်ဦးရေ တစ်နေ့တည်း အများဆုံးပါဝင်ဆွေးနွေးခဲ့သည့် အဆိုပါဆွေးနွေး ပွဲသည် ဒေါ်အောင်ဆန်းစုကြည် အတွက် လွှတ်တော်အစည်းအဝေး၌ ပထမဆုံးပါဝင် ဆွေးနွေးခြင်းဖြစ်ပြီး သူမ၏ သုံးမိနစ်ခန့်သာကြာသော ဆွေးနွေးချက်များတွင် ပြည်နယ်များရှိ တိုင်းရင်းသားများ၏ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းများကို ဖော်ပြပြီး နှိုင်းယှဉ် ပြောကြားမှုများလည်း ပါဝင်ခဲ့သည်။
"ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေနဲ့ ပတ်သက်လို့ အဆိုးရွားဆုံးဒေသတွေဟာ ပြည်နယ်ဒေသတွေဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ရှိရင် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အခုနောက်ဆုံး ကိန်းဂဏန်းများအရ ၇၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဆိုရင် ၄၆ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်းတောင်ဆိုရင် ၂၅ ဒသမ ၁ ရာခိုင်နှုန်းရှိတော့ ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှ ဆင်းရဲ မွဲတေမှုဟာ ၃၉ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုကတော့ ၄၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ "....မြန်မာတစ်နိုင်ငံလုံးရဲ့ ဆင်းရဲမွဲတေမှု နှုန်းက ၂၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့် မို့လို့ ဒီပြည်နယ်တွေရဲ့ ဆင်းရဲမွဲတေမှုဟာ မြင့်တယ်ဆိုတာ မြင်ရပါတယ်။ ထို့အတူ ကချင် ပြည်နယ်မှာလည်း ၂၈ ဒသမ ၆ ရာခိုင်နှုန်းဖြစ်လို့ တစ်နိုင်ငံလုံးပျမ်းမျှထက် မြင့်နေပါတယ်။
မွန်၊ ကယားနဲ့ ကရင်ပြည်နယ်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်း အားဖြင့် ကျွန်မတို့ပြည်နယ် တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုအခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင်လည်း ကျွန်မတို့ရဲ့နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်း သွားတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး"ဟု ၎င်းက ထည့် သွင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပြည်နယ်ဒေသတို့ရှိ တိုင်းရင်းသား များ၏ ဆင်းရဲမွဲတေခြင်းသည် တစ်နိုင်ငံလုံး ပျမ်းမျှ ဆင်းရဲမွဲတေမှုနှုန်းနှင့် ယှဉ်လျှင် ပို၍ မြင့်မားနေခြင်းကို ထောက်ထား၍လည်းကောင်း၊ လူမျိုးရေး ပဋိပက္ခအသွင်ကြောင့် အရေးပေါ်အခြေအနေကြေညာထားရသော ရခိုင်ပြည်နယ် အပါအ၀င် ပြည်တွင်း စစ်မီးများ ကြုံတွေ့နေရဆဲဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့၌ ပုံမှန် လူမှုစီးပွား လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် အခြေအနေများကို စာနာ၍လည်းကောင်း၊ တိုင်းရင်းသားအားလုံး ပြည်မနှင့် တန်းတူ အခွင့်အရေး များရရှိရေးကို ရည်ညွှန်းလျက် ၎င်းက တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုလို့ရှိရင် 'တိုင်းရင်းသားလူမျိုးများ' ဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ ဆိုရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်ကစပြီး ယနေ့နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကို ဆိုလိုတာလို့ အဓိပ္ပာယ်ဖော်ထားပါတယ်။
အဲဒီထဲမှာ ဗမာတွေလည်းပါပါတယ်။ အခုဆွေးနွေးချက်တွေအရ (ရှေ့ပိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးချက်တွေအရ) ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ မှတ်ယူ ရပါတယ်" ဟုလည်း တိုင်းရင်းသားလူမျိုးများ ဆိုရာတွင် ဗမာလူမျိုးလည်း ပါဝင်သည့် အတွက် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းသည့်အခါ ဗမာအပါအ၀င်တိုင်းရင်းသားအားလုံး ပင်လုံ စိတ်ဓာတ်နှင့် မခွာသော တန်းတူ အခွင့်အရေး ရရှိနိုင်အောင် ရေးဆွဲ ပြဋ္ဌာန်းဖို့လိုကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးတီခွန်မြတ်၏အဆိုကို ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် အမည် စာရင်းပေးထားသူ ၂၇ ဦးရှိပြီး ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် လွှတ်တော် ကိုယ်စားလှယ် ၂၀ ခန့်တို့ ဆွေးနွေးခဲ့ကြရာ ၎င်းအစည်းအဝေး ၁၅ ရက် မြောက်နေ့တွင် ဆက်လက်ဆွေးနွေးကြဦးမည်ဟု သိရသည်။
Myanmar time