(လန်ဒန်၊ သြဂုတ် ၅) လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲများကို သြဂုတ် ၅ ရက်က န၀မမြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်စကားကြရာ အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်မှ ဆီရီနာဝီလျံက ရုရှားတင်းနစ်မယ် ရှာရာပိုဗာအားအနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ ဆီရီနာဝီလျံသည် ဗိုလ်လုပွဲတွင် ရှာရာပိုဗာအား ၆၃ မိနစ်ကြာအောင် ကစားခဲ့ပြီး ၆-၀၊ ၆-၁ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အိုးပင်ချန်ပီယံ ရှာရာပိုဗာသည် ယင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာက ကြေးတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။ ဆီရီနာဝီလျံသည် ၀င်ဘယ်ဒန်ဖလားပြိုင်ပွဲပြိးနောက် ရှာရာပိုဗာအား ပထမဆုံး အနိုင်ရပြီး အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ်ဆုတစ်ခု ဆွတ်ခူးပေးလိုက်ခြင်းဖြစ်သည်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာသည် ရုရှားတင်းနစ်မယ် မာရီယာတီရီလန်ကိုအား အနိုင်ရပြီး ကြေးတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည်။ ဆီရီနာဝီလျံနှင့် အစ်ဖြစ်သူ ဗီးနပ်စ်ဝီလျံတို့သည် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့တက်ရောက်လာပြီ ဖြစ်သည်။
by- http://www.jacbaburma.blogspot.com/
No comments:
Post a Comment