Wednesday, August 1, 2012

မှန်ဟာ တိကျစွာ ရောင်ပြန်တယ်
အမှားမလုပ်ဘူး၊ ဒါပေါ့ သူက မစဉ်းစားဘူး
တကယ်တမ်း စဉ်းစားကြည့်ရင်
စဉ်းစားတာဟာ အမှားလုပ်ဖို့ပဲဆိုပဲ။
ကျွန်တော်ကတော့ ဆီလျော်သလို ရောင်ပြန်တယ်
အဆင်ပြေသလို ကျကွဲတယ်၊ ဒါပေါ့ တစ်ခါပဲရမယ်
ပြီးကြုံရာလူကို စူးရှစေတယ်၊ ဒါတောင် လာနင်းမှပါ
မစဉ်းစားတဲ့ စိတ်အခြေအနေတစ်ရပ်ကို
စဉ်းစားကြည့်လို့ မရခဲ့လို့ပဲဆိုဆို။
စကားမစပ် ကျွန်တော် ပုံမှန် မှန်ကြည့်ပေမယ့်
ကျွန်တော့် ပုံမှန် မှန်မှာ မမြင်ခဲ့ရဖူးဘူး။
တေဇာ (လရောင်လမ်း)

No comments:

Post a Comment