သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား
ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ေ သာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် မှ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား
ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ေ သာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့
ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ေ
ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့
ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် မှ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား
No comments:
Post a Comment