ရန်ကုန်၊ သြဂုတ် ၁
ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင် ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သော PTT သည် လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၆၀ ဖွင့်လှစ်သွားရန် ရှိသည်ဟု ဘန်ကောက်မှ လာသော သတင်းများအရ သိရသည်။
"ကျွန်တော်တို့မြန်မာပြည်မှာ ကိုယ်ပိုင် ဓါတ်ဆီရုံတွေ အရင်စဖွင့်မှာ ဖြစ်ပါတယ်။ ပြီးမှသာလျှင် ဒေသတွင်း လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေသွားမှာပါ။" ဟု Mr Sarun က ပြောကြားခဲ့သည်။
PTT ကုမ္ပဏီ ၏ နိုင်ငံတကာ ဈေးကွက် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ Burin Rattanasombut က PTT သည် မကြာမီ PTT Myanmar Co.ltd ကို တည်ထောင်သွားမည်ဟု ပြောကြားခဲ့သည်။"ကျွန်တော်တို့ မြန်မာပြည်အတွင်း ရှိ ဆီသုံးစွဲ မှု တဟုန်ထိုးမြင့်တက်ဖို့ မျှော်လင့်ထားပါတယ်။မြန်မာပြည် အစိုးရဟာ ပြည်သူတွေက ကားတွေ ၀ယ်ယူနိုင်ရန် တရားဥပဒေကို ပြင်ပြီးပါပြီ။ အဲဒါကြောင့် ကားဈေးတွေ ကျခဲ့ရပါတယ်" ဟု ၄င်း၏ပြောကြားချက်ကို ဘန်ကောက်ပို့ သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် လူဦးရေ အရည်အတွက် မကွာခြား သော်လည်း ယမန်နှစ်က မြန်မာပြည်၏ စက်သုံးဆီ သုံးစွဲမှုသည် ၂.၄ ဘီလီယံ လီတာ အထိသာ ရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ စက်သုံးဆီ သုံးစွဲမှုသည် ၁၅ ဘီလီယံ လီတာ အထိရှိခဲ့သည်။ PTT သည် အင်ဂျင်ဝိုင် နှင့် အဆင့်မြင့် ဓါတ်ဆီ တို့ကို မြန်မာပြည်သို့ နှစ်ပေါင်းများစွာ တင်ပို့ခဲ့ရာ မြန်မာပြည်ရှိ ကားမောင်းသူများ ထံမှ နွေးထွေးသည့် ကြိုဆိုမှုကို ရရှိခဲ့သည်။ထို့ကြောင့် ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ထပ်မံ ရရှိရန် PTT က မျှော်လင့်နေခြင်းဖြစ်သည်။
ဒီသတင်းများကို Myanmar News Now မှတဆင့်ဖော်ပြသည်။ Myanmar News Now အဖွဲ့သားများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
No comments:
Post a Comment