Saturday, August 4, 2012

သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) မှ သတင်း လွတ်လပ်ခွင့်အတွက် လှုပ်ရ

The voice ဂျာနယ် ရုံးခန်းရှိရာ(၃၂) အလယ်ဘလောက်
The voice ဂျာနယ်ရုံးခန်းသို့ရောက်ရှိစဉ်

သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) မှ သတင်းလွတ်လပ်ခွင့် အတွက် လှုပ်ရှားမှုများကို သြဂုတ်လ (၄) ရက် (ယနေ့) တွင် ပြုလုပ်နေကြောင်း သိရပါသည်။ လှုပ်ရှားမှုမှာ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press” စာတန်းပါ တီရှပ် အနက်ရောင်များကို ၀တ်ဆင်ပြီး သတင်းမီဒီယာ အသီးသီးမှ သတင်းသမားများ စုပေါင်း၍ နေရာ ငါးနေရာသို့ သွားရောက် သတင်းရယူခြင်း ဖြစ်ပါသည်။ အဆိုပါ နေရာ ငါးနေရာမှာ ၃၂ လမ်း (အလယ်ဘလောက်) ရှိ The Voice ဂျာနယ် ရုံးခန်းသို့ သွားရောက်ခြင်း၊ မြေနီကုန်းရှိ Envoy ဂျာနယ် ရုံးခန်းသို့ သွားရောက်ခြင်း၊ Orchid ဟိုတယ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း အလုပ်အမှုဆောင် ရွေးချယ်တင် မြှောက်ပွဲ သို့ တက်ရောက်ခြင်း၊ City Star ဟိုတယ်တွင် ပြုလုပ်မည့် တာရာမင်းဝေ အမှတ်တရ ကဗျာရွတ်ပွဲသို့ တက်ရောက်ခြင်း၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်မည့် ဆရာဖေမြင့်၏ စာပေဟောပြောပွဲသို့ တက်ရောက်ခြင်းနှင့် Home တွင် ပြုလုပ်မည့် ကာတွန်းစိုးသော်တာ စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ခြင်း အစရှိသည်တို့ ဖြစ်ကြောင်း သိရသည်။ သတင်းသမားများအနေဖြင့် အထက်ပါ အခမ်းအနားများသို့ တက်ရောက်သတင်းယူခြင်း အပါအ၀င် နိုင်ငံတော်အစိုးရထံပေး ပို့မည့် စာအတွက် လက်မှတ်များကိုပါ စုဆောင်းခဲ့ကြောင်း သိရပါသည်။ 
Eleven Media Group(Facebook - စာမျက်နှာ)

No comments:

Post a Comment