ဘောလိဝုဒ်တွင် သရုပ်ဆောင်လိုသည့် ဟောလိဝုဒ်အက်ရှင်မင်းသာ ဗန်ဒိန်း
ကမ္ဘာကျော်အက်ရှင်မင်းသား ဗန်ဒိန်းက အန္ဒိယဘောလိဝုဒ် အက်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် လိုကြောင်း ထုတ်ဖော်ြေ ပာကြားသည်။ ဘယ်လ်ဂျီယံ အက်ရှင်မင်းသား ဗန်ဒိန်းက ရုပ်ရှင်ဝေဖန်ရေးနှင့် ရုပ်သံအစီအစဉ် တင်ဆက်သူ အနူပါမာ ချောပရာနှင့်တွေ့ဆုံစဉ် ဘောလိဝုဒ်အက်ရှင်ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။အနူပါမာ ချောပရာက မိမိနှင့် ဗန်ဒိန်းတို့ လော့စ်အိန်ဂျလိစ်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့စဉ် ဗန်ဒိန်းက ဘောလိဝုဒ်ရုပ်ရှင်လောကတွင် သရုပ်ဆောင်လိုကြောင်း ပြောကြားခဲ့ပြီး မိမိက ဘောလိဝုဒ်မင်းသား ဆလ်မန်ခန်၏ လာမည့်ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် အဆိုပြုခဲ့ကြောင်း ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြသည်။
ဗန်ဒိန်းနှင့် The Expendables ဇာတ်ကားတွင် ပူးတွဲသရုပ်ဆောင် ခဲ့သည့် ဟောလိဝုဒ်အက်ရှင်မင်းသား ဆီလ်ဗက်စတာ စတားလုံးသည် ယခင်က ဘောလိဝုဒ် ရုပ်ရှင်ကား Kambakkht Ishq ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ သည်။ မင်းသားကြီး အာနိုးလ်ကလည်း ဇာတ်လမ်း ဇာတ်ညွှန်း ကောင်းကောင်း နှင့် ဒါရိုက်တာများက ရိုက်ကူးလိုလျှင်ဘောလိဝုဒ် ရုပ်ရှင်ကားတွင် ပါဝင်သရုပ် ဆောင်လိုကြောင်း ပြောကြားခဲ့ဖူးသည်။ ဘယ်လ်ဂျီယံနွယ်ဖွား ဗန်ဒိန်းသည် ၁၉၈၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့လာခဲ့ပြီး ၁၉၈၈ မှစ၍ Bloodsport၊ Kichboxen Universal Soldier၊ Hard Target၊ Sudden Death စသည့် အက်ရှင်ဇာတ်ကားများဖြင့် နာမည်ကျော် ဟောလိဝုဒ်အက်ရှင်မင်းသားအဖြစ် လူသိများခဲ့သူဖြစ်သည်။
by- JACBA


No comments:
Post a Comment